Healthy Life Ad
International

သည်းခြေကျောက်အလုံး ၁၂၀ဝ၀ နီးပါး တွေ့ရှိရသည့် အမျိုးသမီး ကမ္ဘာ့စံချိန်တင်နိုင်

၊  မိုးမင်းထွန်း  ၊

အိန္ဒိယအမျိုးသမီးတစ်ယောက်ရဲ့ ဝမ်းဗိုက်အတွင်းမှ သည်းခြေကျောက် အလုံးပေါင်း ၁၁၉၅၀ကို ဖယ်ရှားခဲ့ရပြီးနောက် ဆရာဝန်တွေဟာ အံ့သြခဲ့ရပြီး ကမ္ဘာ့စံချိန်တင်နိုင်တယ်လို့ သိရပါတယ်။

အသက် ၅၁နှစ်အရွယ် မင်တိုင်မွန်ဒယ်ဆိုတဲ့ အမျိုးသမီးဟာ ဝမ်းဗိုက်နာကျင်တာနဲ့ အစာအိမ် အချဉ်ဆန်တက်တာတို့ကို     နှစ်လကြာကြာ ခံစားခဲ့ရပါတယ်။ လွန်ခဲ့တဲ့နှစ်ပတ်က သူဟာ ကိုလ်းကတ္တားက ဒက်ဒုစက်ဗရန်ဆေးရုံကို သွားရောက်ပြသခဲ့ပါတယ်။

စမ်းသပ်မှုတွေ အာလ်ထရာဆောင်းစစ်ဆေးမှုတွေ ပြုလုပ်အပြီးမှာ သူဟာ သည်းခြေကျောက်တွေကြောင့် ဝေဒနာခံစားနေရတာ            ဖြစ်တယ်လို့  တွေ့ရှိခဲ့ပါတယ်။

လူတွေရဲ့ သည်းခြေအိတ်ထဲမှာ သည်းခြေရည်ကို သိုလှောင်ထားပြီး အဲဒီအရည်ထဲမှာ ကိုလက်စထရောနဲ့ ဆားဓာတ်များတဲ့အခါ သည်းခြေကျောက် တွေဖြစ်ပေါ်တယ်လို့ ဆိုပါတယ်။

အူလမ်းကြောင်းခွဲစိတ်အထူးကုဒေါက်တာ မာခန်လာလာဆာဟာက တစ်နာရီနီးပါးကြာအောင် လူနာရဲ့ဝမ်းဗိုက်အတွင်းက သည်းခြေကျောက်တွေကို ဖယ်ရှားခဲ့ရတယ်လို့ သိရပါတယ်။

ဒေါက်တာက လူနာရဲ့ သည်းခြေအိတ်ထဲမှာ သည်းခြေကျောက် ဒီလောက်အများကြီးရှိနေတာ မယုံနိုင်စရာပါပဲ။ ကျွန်တော်ရဲ့လက်ထောက်ဟာ ၂ မီလီမီတာနဲ့ ၅ မီလီမီတာအကြားအရွယ်အစားရှိတဲ့ သည်းခြေကျောက်တွေကို   ရေတွက်ရတာ လေးနာရီလောက်ကြာပါတယ်လို့ ပြောပါတယ်။

သူဟာ လွန်ခဲ့တဲ့ နှစ်လက မိန်းကလေး တစ်ယောက်ဆီက သည်းခြေကျောက် ၁၁၁၀ ကို ခွဲထုတ် ခဲ့ပါသေးတယ်။ ဗြိတိန်နိုင်ငံမှာ ၁၉၈၃ ခုနစ်က လူနာတစ်ယောက်ရဲ့သည်းခြေအိတ်မှ ကျောက်အလုံး ၃၁၁၀ကို ခွဲထုတ်ခဲ့ရာတာဟာ မှတ်တမ်းတွေအရ အများဆုံးလို့ဆိုပါတယ်။

အခုတွေ့ရှိရတဲ့ပမာဏဟာ အတိတ်က မှတ်တမ်းရဲ့ သုံးဆလောက်ရှိပြီး အများဆုံးအဖြစ် ကမ္ဘာ့ စံချိန်တင်နိုင်ပါတယ်လို့ ဒေါက်တာက ဆက်ပြောပါတယ်။

လူနာအမျိုးသမီး မွန်ဒယ်ဟာ လွန်ခဲ့တဲ့နှစ်ရက်က ဆေးရုံက ဆင်းသွားပြီဖြစ်ပြီး အခုသူ့အိမ်မှာ အ နားယူနေတယ်လို့ သိရပါတယ်။

(Ref;DM)

Most Popular

Healthy Life Ad
To Top