Healthy Life Ad
Health Tips

လေပွခြင်းကင်းတဲ့ ဝမ်းဗိုက်လေးပိုင်ဆိုင်ဖို့ . . .

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

“ဗိုက်ကိုပုတ်လိုက်ရင် အသံတွေတောင်ထွက်နေပြီ”၊ “ဗိုက်သိပ်မကောင်းဘူး၊ လေတွေနဲ့ဖောင်းနေတယ်”. . .ဒီလိုမျိုး မကြာခဏ ခံစားနေရပါသလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးက သင့်အတွက်ပါပဲ။

လေပွခြင်း ဘာကြောင့်ဖြစ်ရတာလဲ

စားလိုက်တဲ့အစာနဲ့ မတည့်ခြင်း

ရာသီလာခြင်း

ရင်ပူခြင်း

လေထစေတဲ့အစာတွေကို များများစားခြင်း

နာတာရှည်စိတ်ဖိစီးမှု၊ ပူပင်စိတ်ခံစားနေရခြင်း

အူရောင်ရမ်းတဲ့ဝေဒနာ ခံစားနေရခြင်း

အစာကို မြန်မြန်စားခြင်း၊ များများစားခြင်း

အမျှင်စားသုံးမှု မမျှတခြင်း

လေပွခြင်းကင်းဖို့ ဘာလုပ်ရမလဲ

လေပွတာက အများအားဖြင့် ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာမဟုတ်ပေမယ့် လူတိုင်းလိုလို တစ်ချိန်မဟုတ်တစ်ချိန် ခံစားရတတ်တဲ့ အခြေအနေပါပဲ။ လေပွတဲ့အခါမှာလည်း ဗိုက်ကထိုးအောင့်ပြီး မသက်မသာဖြစ်ရပါတယ်။ ဒီလိုခံစားရတဲ့အချိန်မှာ လေပွအောင် သက်သာဖို့ ဒီအိမ်တွင်းကုထုံးလေးတွေ လုပ်လို့ရပါတယ်။

(၁) အစာကို ထပ်မစားပါနဲ့ဦး။

(၂) ပူဒီနာ(ပူစီနံ)ရွက်ခတ်ထားတဲ့ ရေနွေးကြမ်းလေးသောက်ပေးပါ။

(၃) ချောင်ချောင်ချိချိနဲ့ သက်သောင့်သက်သာရှိတဲ့ အဝတ်အစားဝတ်ပေးပါ။

(၄) ခဏတာ အိပ်ရာထဲလှဲပေးပါ။

(၅) ပက်လက်လှန်လှဲရင်း ခြေထောက်ကို ရင်ဘတ်ဆီကွေးညွတ်လိုက်၊ ပြန်ချလိုက် လေ့ကျင့်ခန်းလုပ်ပေးပါ။

နေ့စဉ် လိုက်နာရန်များ

ဝမ်းချုပ်မခံပါနဲ့။ ဝမ်းမှန်မှန်သွားအောင် အကျင့်လုပ်ပေးပါ။

အစာစားချိန်မှာ လေတွေကို မျိုမချပါနဲ့။

ဓာတ်မတည့်မှုဖြစ်တတ်တဲ့ အစာတွေကို ဆင်ခြင်ပါ။

နေ့စဉ် လေ့ကျင့်ခန်းမှန်မှန် ပြုလုပ်ပါ။

အမြှုပ်ထဂတ်စ်ပါတဲ့ အချိုရည်ရှောင်ပါ။

လေထစေတဲ့ အစာတွေကို လျှော့စားပါ။

ဟင်းလျာထဲမှာ ချင်း(ဂျင်း)၊ ပူဒီနာ(ပူစီနံ)နဲ့ ဖရုံသီးတို့ ထည့်စားပါ။

Most Popular

Healthy Life Ad
To Top