Healthy Life Ad
Health Tips

သင့်ဝမ်းဗိုက်ကို ချစ်ပါ၊ သင့်ဝမ်းဗိုက်ကို စောင့်ရှောက်ပါ

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

အသားအရေလှဖို့ ထိန်းသိမ်းသလိုပဲ ဝမ်းဗိုက်ကိုလည်း ဂရုစိုက်ပေးပါဦး။ ဝမ်းဗိုက်မကောင်းတဲ့အချိန်မှာ ပြုံးမနေနိုင်ဘူးမဟုတ်လား။ လူတစ်ယောက်က ဗိုက်မကောင်းလို့ မျက်နှာရှုံ ့မဲ့နေရင် ဘယ်လိုပဲအသားအရေလှလှ ဘဝက သာယာနေမှာမဟုတ်ဘူးလေ။ ဒါကြောင့် ဝမ်းဗိုက်ကိုချစ်ပြီး ဒီလိုနည်းလမ်းလေးတွေနဲ့ စောင့်ရှောက်မှုပေးကြပါစို့နော်။

စိတ်ဖိစီးမှုကို ထိန်းချုပ်ပါ

ဝမ်းဗိုက်ရဲ ့ကျန်းမာရေးက ဦးနှောက်ရဲ ့ကျန်းမာရေးနဲ့ အားကောင်းတဲ့ဆက်သွယ်မှုရှိပါတယ်။ စိတ်ခံစားမှုတွေက ရုပ်ပိုင်းဆိုင်ရာလက္ခဏာတွေကို လှုံ့ဆော်ပေးနိုင်တဲ့အတွက် ဖိစီးမှုကလည်း ဗိုက်အောင့်တာ၊ ဗိုက်နာတာတို့ကို ပိုဆိုးစေလို့ပါပဲ။

အိပ်ရေးဝ၀ အိပ်စက်အနားယူပါ

အိပ်ရေးဝလေလေ၊ ဝမ်းဗိုက်နဲ့ ဦးနှောက်ကြား ဆက်သွယ်မှုက ကောင်းလေလေဖြစ်ပြီး ဦးနှောက်လန်းဆန်းနေရုံမျှမက ဝမ်းဗိုက်လည်းကျန်းမာပြီး သက်သောင့်သက်သာရှိနေမှာပါ။

ရေအလုံအလောက်သောက်ပါ

ရေအလုံအလောက်သောက်ပေးရင် အူလမ်းကြောင်းရှိ မကောင်းတဲ့ဘက်တီးရီးယားနဲ့ အကျိုးပြုဘက်တီးရီးယားကြား ဟန်ချက်ညီမျှမှုအပေါ် ကောင်းတဲ့သက်ရောက်မှုရှိပါတယ်။

အမျှင်ဓာတ်စားပါ

တာရှည်ခံအစားအစာတွေ စားမယ့်အစား အမျှင်ဓာတ်များတဲ့ အစာတွေကို စားပေးပါ။ ဝမ်းဗိုက်က ပိုသက်သောင့်သက်သာရှိနေမှာပါ။

သကြားလျှော့ပါ

သကြားကဲတဲ့မုန့်တွေ၊ ကိတ်တွေစားပြီးချိန်မှာ ဗိုက်မအီမသာဖြစ်တတ်တယ်မဟုတ်လား။ ဒါကြောင့် သကြားကို တတ်နိုင်သမျှလျှော့ဖို့ အကြံပေးချင်တာပါ။

အဆီများတဲ့ အသားလျှော့ပါ

အဆီများတဲ့ အသားတွေကိုစားရင် အစာခြေဖျက်ရာမှာ အနှောင့်အယှက်ဖြစ်ပြီး ဝမ်းဗိုက်မကျန်းမမာ ဖြစ်စေပါတယ်။

ကောင်းတဲ့အဆီစားပါ

ထောပတ်သီး၊ အခွံမာအစေ့အဆန်၊ ငါးအဆီတွေမှာပါတဲ့ ကောင်းတဲ့အဆီတွေက ဦးနှောက်ကိုသာမက ဝမ်းဗိုက်ကိုပါ အကျိုးပြုပါတယ်။

လတ်ဆတ်တဲ့ ဂေါ်ဖီချဉ်၊ ကင်မ်ချီစားပါ

လတ်လတ်ဆတ်ဆတ် အချဉ်တည်ထားတဲ့ ဂေါ်ဖီချဉ်၊ ကင်မ်ချီတွေမှာ အကျိုးပြုဘက်တီးရီးယားပါလို့ ဝမ်းဗိုက်ကို ကျန်းမာစေပါတယ်။

ယောဂကျင့်ပါ

ခန္ဓာကိုယ်ကို ဖြည်းဖြည်းနဲ့ ညင်ညင်သာသာလုပ်ရတဲ့ ယောဂကျင့်စဉ်က တစ်ကိုယ်လုံးကို သွက်လက်ပေါ့ပါးပြီး ဝမ်းဗိုက်ကိုလည်း ကျန်းမာချပ်ရပ်စေပါတယ်။

Most Popular

Healthy Life Ad
To Top