Healthy Life Ad
Health Tips

ဆောင်းနံနက်ခင်းတွင် အလွယ်လုပ်ဆောင်နိုင်သည့် လေ့ကျင့်ခန်းများ

၊ ကိုထက် ၊

ဆောင်းရာသီမှာ အေးတယ်ဆိုပြီး အိပ်ရာထဲကွေးမနေဘဲ အိပ်ရာကထပြီး လေ့ကျင့်ခန်း လုပ်ဆောင်လိုက်ပါ။ တစ်နေ့လုံး စိတ်ရောကိုယ်ပါ ကြည်လင်လန်းဆန်းနေမှာ ဖြစ်ပါတယ်။ လေ့လာမှုတွေအရ မနက်ခင်းမှာ လေ့ကျင့်ခန်းလုပ်တာကြောင့် သွေးတိုးကျပြီး နှလုံးရောဂါထခြင်း (Heart Attack)ကို လျော့ကျစေပါတယ်။

4Q
(၁) လမ်းလျှောက်ခြင်း သို့မဟုတ် ပြေးခြင်း
ဆောင်းနံနက်ခင်းမှာ လမ်းလျှောက်တာ၊ ပြေးတာကြောင့် သွေးလှည့်ပတ် စီးဆင်းမှုကို အားကောင်းစေပြီး လေကောင်းလေသန့် ရှူရှိုက်ရ စေပါတယ်။ ပြေးတာနဲ့ လမ်းလျှောက်တာကြောင့် အရိုးအဆစ်တွေကို သန်စွမ်းစေတာ၊ သွေးတိုးကျတာနဲ့ ကိုယ်ခံအားစနစ် သန်မာတာ စတဲ့ ကောင်းကျိုးတွေ ရရှိစေပါတယ်။

1Q
(၂) အကြောဆန့်ခြင်း
ခြေထောက်ကြွက်သားတွေ တောင့်တင်းတာ ပြေလျော့စေဖို့ ညာဘက်ခြေထောက်ကို မြှင့်နိုင်သမျှမြှင့်တာ၊ ဘယ်ဘက်ခြေထောက်ကို
မြှင့်နိုင်သမျှ မြှင့်တာ စတဲ့ လေ့ကျင့်ခန်းတွေကို ဘက်ပြောင်းပြီး လုပ်ဆောင်ပေးရပါမယ်။

2Q
(၃) ဆောင့်ကြောင့်ထိုင်ခြင်း
ခြေထောက်နှစ်ချောင်းကို အနည်းငယ်ခြားပြီး မတ်မတ်ရပ်ပါ။ ပြီးရင် လက်တွေကို ရှေ့ဘက်ဆန့်ထုတ်ကာ ဆောင့်ကြောင့် ထိုင်လိုက်ပါ။ ဒူးသန်စွမ်းစေပြီး ခြေသလုံးနဲ့ ပေါင်ကြွက်သားတွေကို သန်မာစေပါတယ်။

3Q
(၄) ရှေ့သိုဆတ်ခနဲ့ လှမ်းခြင်း
ခြေထောက်ကို ပခုံးအကျယ်အတိုင်း မတ်မတ်ရပ်ပြီး လက်တွေကို သင့်တင်ပါးပေါ် တင်ထားပါ။ ပြီးရင် ညာခြေထောက်ကို ရှေ့သို့ ဆတ်ခနဲ့ထုတ်ကာ လှမ်းရင်းထိုင်ချလိုက်ပါ။ ခြေထောက်ကို ဘက်ပြောင်းလုပ်ပါ။

5Q
(၅) တရားထိုင်ခြင်း
တစ်ခါတစ်ရံမှာ စိတ်ကိုလေ့ကျင့်ပေးတဲ့ လေ့ကျင့်ခန်းကို လုပ်ပေးသင့်ပါတယ်။ နံနက်ခင်းမှာ တရားထိုင်တာကြောင့် စိတ်ခံစားမှုကို
ကောင်းမွန်စေရုံသာမက သင်ရဲ့အာရုံစူးစိုက်မှုကို ပိုမြင့်တက် စေပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top