Healthy Life Ad
International

တစ်နေ့ ၁၀ မိနစ်ခန့် ခပ်သွက်သွက်လမ်းလျှောက်ပေးခြင်းဖြင့် အသက် ၆၀ ကျော်အရွယ်များတွင် နှလုံးရောဂါဖြစ်နှုန်း ၆ ရာခိုင်နှုန်းလျော့ကျနိုင်

၊ ကိုထက် ၊

တစ်နေ့ အချိန် ၁၀ မိနစ်ခန့် ခပ်သွက်သွက် လမ်းလျှောက်ပေးတာကြောင့် အသက် ၆၀ အရွယ်တွေမှာ နှလုံးရောဂါအန္တရာယ်ကို လျော့ကျစေနိုင်တယ်လို့ လေ့လာမှုအသစ်အရသိရပါတယ်။

အသင့်အတင့်ကနေ အပြင်းအထန်လေ့ကျင့်ခန်းလုပ်တာက ရောင်ရမ်းမှုဖြစ်စေတဲ့ သွေးထဲက အမှတ်အသား၊ သွေးခဲခြင်း၊ သွေးတွင်းကိုလက်စထရောစတာတွေကို လျော့ကျစေတယ်လို့ လေ့လာသူတွေကဆိုပါတယ်။ ဒီလို တစ်နေ့ ၁၀ မိနစ် ခန့်ခပ်သွက်သွက်လမ်းလျှောက်တာက အမျိုးသားတွေမှာ နှလုံးရောဂါဖြစ်နှုန်း ၃ ဒသမ ၇ ရာခိုင်နှုန်းနဲ့ အမျိုးသမီးတွေမှာ ၆ ရာခိုင်နှုန်း လျော့ကျစေတာကို တွေ့ရှိခဲ့ရပါတယ်။

ဘရစ္စတောတက္ကသိုလ်ရဲ့ လေ့လာမှုအရ အမေရိကန်အပါအဝင် တိုင်းပြည်တိုင်းရဲ့ နံပါတ်တစ်လူသတ်သမားဖြစ်တဲ့ နှလုံးရောဂါဖြစ်နှုန်း လျော့ကျစေဖို့ သွေးကြောတွေရဲ့ လုပ်ငန်းဆောင်တာကောင်းမွန်ရမယ်လို့ သတိပေးထားပါတယ်။

လေ့ကျင့်ခန်းလုပ်တာက ရောင်ရမ်းမှုလျော့ကျစေပြီး သွေးခဲနှုန်း ချေဖျက်ပေးတဲ့ ပရိုတင်းအဆင့်ကို သိသိသာသာ မြင့်တက်မှုရှိစေတာကြောင့် အသက် ၆၀ ကျော်အရွယ်တွေက တစ်နေ့ ၁၀ မိနစ်ခန့် ပေါ့ပါးတဲ့ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းကို လုပ်ဆောင်သင့်တယ်လို့ လေ့လာသူတွေက မီးမောင်းထိုးပြောဆိုထားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top