Healthy Life Ad
Health Tips

ကျန်းမာသက်ရှည်ဖို့ တစ်နေ့တာထဲက အချိန် ၁၅ မိနစ်ကို ဘယ်လိုရယူကြမလဲ

၊ ကိုထက် ၊

အလုပ်တာဝန်၊ မိသားစုကိစ္စ၊ တစ်ကိုယ်ရေဘဝ စတာတွေနဲ့ ရုန်းကန်ကျင်လည်နေရတဲ့ ဘဝက ဖိစီးမှုများလွန်း လှပါတယ်။ အချိန်က ရွှေဖြစ်နေတဲ့ ခေတ်ကြီးမှာ ပန်းတိုင်မရောက်ခင် ကျန်းမာရေး ထိခိုက်ရတဲ့ အဖြစ်မျိုး မရောက်စေဖို့နဲ့ ကျန်းမာ သက်ရှည်တဲ့ ဘဝပိုင်ဆိုင်စေဖို့ တစ်နေ့ ၁၅မိနစ်လောက်တော့ အချိန်ပေးသင့်ပါတယ်။ အဲဒီ ၁၅ မိနစ်တာ အချိန်အတွင်းမှာ လေ့ကျင့်ခန်း လုပ်တာကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ် တိုးတက်ကာ ခန္ဓာကိုယ်သွယ်လျ ကျန်းမာနေမှာပါ။

(၁) ၁၅ မိနစ် စောထပါ
မျှော်မှန်းထားတဲ့ အချိန်ထက် စောစောအိပ်ရာ ထတာက စိတ်ဖိစီးမှု ဖြစ်စရာမလို၊ ရေးကြီးသုတ်ပြာ နိုင်စရာမလိုဘဲ နံနက်ခင်းကို လှလှပပ ဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။ အချိန်ရတဲ့အတွက် အိမ်ပြင်ထွက်ပြီး ၁၅ မိနစ်လောက် ခပ်သွက်သွက် ပြေးလိုက်ပါဦး၊ သွေးလှည့်ပတ်မှုကောင်းပြီး တစ်နေ့လုံး လန်းဆန်းနေမှာပါ။

(၂) တစ်နေ့တာကို အစီအစဉ်ဆွဲပါ
တစ်နေ့တာမှာ ဘာတွေလုပ်မယ်၊ ဘာကို မလုပ်ဘူး စသဖြင့် အစီအစဉ် ရေးဆွဲထားတာက သင်ရဲ့ အာရုံစူးစိုက်နိုင်စွမ်းကို ပိုကောင်းစေပြီး အလုပ် တွင်ကျယ်စေပါတယ်။ ဒါ့အပြင် အချိန်ပိုထွက် လာစေပါတယ်။ အဲဒီအချိန်မှာ လမ်းထလျှောက်ပေးပါ။

(၃) အလုပ်မျိုးစုံ လုပ်ခြင်းကို ရှောင်ပါ
အလုပ်မျိုးစုံကို တစ်ပြိုင်နက် လုပ်တာက အလုပ် တွင်လိမ့်မယ်လို့ သင်ထင်နေပါသလား။ တကယ်တော့ အလုပ်မျိုးစုံကို တစ်ပြိုင်နက်တည်း စုလုပ်ရင် စေ့စပ်သေချာမှု မရှိဘဲ ပြီးသွားတတ် ပါတယ်။

(၄) ဦးစားပေး အလုပ်ကို အရင်ဆုံး လုပ်ပါ
အလုပ်လုပ်တဲ့အခါ လေးဖင့်နှောင့်နှေးမှု မရှိဘဲ လုပ်ပါ။ သင်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို မဖြုန်းဘဲ လုပ်ရမယ့် အရာကို ချက်ချင်းထလုပ်လိုက်ပါ။

(၅) စာထဲ ချရေးပါ
တစ်နေ့တာအတွင်း လုပ်ရမယ့် အရာတွေကို စာရင်းထဲ ချရေးထားတာက အချိန်မီ ပြီးစီး အောင်မြင်စေပါတယ်။

(၆) မလုပ်နိုင်တော့လျှင် ငြင်းဆန်ပါ
ဦးစားပေးလုပ်ရမယ့် အရာတွေကို သိနားလည်ပါ။ အဲဒီအလုပ်တွေ မပြီးခင် တခြားအလုပ်တွေ
ပေါ်လာရင် မလုပ်နိုင်ကြောင်း ငြင်းပါ ဒါမှမဟုတ် တခြားသူကို တာဝန်ပေးပါ။

(၇) တီဗီနှင့် ဖေ့စ်ဘွတ်ခ် သုံးချိန်ကို လျှော့ချပါ
လူတွေက တစ်လမှာ ပျမ်းမျှအားဖြင့် ၇ နာရီ ခန့် ဖေ့စ်ဘွတ်ခ်သုံးပြီး ကုန်ဆုံးနေတယ်လို့ လေ့လာမှု တစ်ခုက ဆိုပါတယ်။ ဒါဆိုရင် ဖေ့စ်ဘွတ်ခ် မသုံးတာကြောင့် တစ်နေ့မှာ အချိန် ၁၅ မိနစ်ခန့် ထွက်လာပါတယ်။ အဲဒီအချိန်မှာ အလေးတုံးနှစ်ခုကို ကိုင်ပြီး သယ်မတဲ့ လေ့ကျင့်ခန်း လုပ်လိုက်ပါ။

(၈) သင့်လှုပ်ရှားမှုကို မှတ်တမ်းတင်ထားပါ
သင်ဟာ တန်ဖိုးရှိတဲ့ အလုပ်တွေ လုပ်နေဖြစ်သလား၊ မလုပ်ဖြစ်ဘူးလား ဆိုတာ သိနိုင်ဖို့ တစ်နေ့တာ လှုပ်ရှားမှုကို ဗီဒီယိုနဲ့ဖြစ်ဖြစ် မှတ်တမ်းတင်ထားပါ။ မဖြုန်းသင့်တဲ့ ကိစ္စတွေအတွက် အချိန်ပိုတွေ ထွက်လာပါလိမ့်မယ်။ အဲဒီအချိန်တွေက လေ့ကျင့်ခန်း လုပ်သင့်တဲ့ အချိန်ကောင်းပါ။

(၉) ဖုန်းခေါ်ပါ
တစ်စုံတစ်ယောက်နဲ့ အမြန်ဆုံး အဆက်အသွယ် ရချင်ရင် ဖုန်းခေါ်လိုက်ပါ။ အီးမေးပို့တာနဲ့ စာတိုပို့တာက ဖုန်းခေါ်တာနဲ့စာရင် အချိန်ပေးနေ ရပါတယ်။

(၁၀) သတိပေး အချက်ပြပါ
သင့်အနေနဲ့ အလုပ်လုပ်ရင်း လမ်းထလျှောက်သင့်တဲ့ အချိန်ရောက်ရင် Alarm ပေးထားလိုက်ပါ။

(Ref;HD)

Most Popular

Healthy Life Ad
To Top