Healthy Life Ad
Health Tips

ရေချိုးတာက စိတ်နဲ့ခန္ဓာအတွက် ဘာကောင်းကျိုးရှိသလဲ

၊ ငွေကြယ်စင်ယံ ၊

ရေချိုးတာက တစ်ကိုယ်ရေသန့်ရှင်း ရောဂါ ကင်းစေသလို စိတ်ဖိစီး ပင်ပန်းမှုကိုလည်း
လျော့ပါးစေပါတယ်။

– ရေချိုးတာကြောင့် တစ်ကိုယ်လုံး ညောင်းညာကိုက်ခဲ
တောင့်တင်းမှုတွေကို သက်သာ စေပါတယ်။

– ရေချိုးတာကြောင့် အရေပြား ဝေဒနာတွေကိုလည်း ကင်းစင် စေပါတယ်။

– ရေချိုးတဲ့အတွက် ခန္ဓာကိုယ် အနံ့ဆိုးတွေကို ကင်းစင် သွားစေပါတယ်။

– ဆီးချိုရောဂါ ရှိတဲ့သူက နာရီဝက်ကြာ ရေချိုးရင်
သွေးထဲက သကြားဓာတ် ၁၃ ရာခိုင်နှုန်း လျော့နည်း
တယ်လို့ ဆေးပညာရှင် တချို့က ဆိုပါတယ်။

– ရေချိုးတာကြောင့် ခန္ဓာကိုယ် ပေါ့ပါးတက်ကြွ လန်းဆန်းစေပါတယ်။

ပူပင်သောက လျော့ကျစေဖို့ ရေစိမ်ချိုးစို့
ပူပင်သောကကို လျှော့ချနိုင်ဖို့ နည်းလမ်းများစွာ အနက် ရေချိုးတာကလည်း ထိရောက်တဲ့ နည်းတစ်ခု ဖြစ်ပါတယ်။ ရေစိမ်ချိုးတာကြောင့် တောင့်တင်းနေတဲ့ ကြွက်သားတွေကို ပြေလျော့သွားစေပါတယ်။ အထူးသဖြင့် ရေချိုးရင်း သီချင်းဆိုတာကြောင့် စိတ်ဖိစီးမှု လျော့ကျစေတဲ့ ဟော်မုန်း ဟိုက်ဒရိုကော်တီစုန်း ပမာဏကို တိုးစေပါတယ်။

ရနံ့ကုထုံးဖြင့် ရေချိုးခြင်း
အခုနောက်ပိုင်းမှာ Aeromatherapy လို့ ခေါ်တဲ့ ရနံ့ကုထုံးနဲ့ ရေချိုးလာကြပါတယ်။ ရေစိမ်ကန်ထဲမှာ လာဗန်ဒါပန်း၊ ချမိုမိုင်း၊ နှင်းဆီ အစရှိတဲ့ ပန်းပွင့် ဖတ်လေးတွေ ထည့်ပြီးချိုးတာ ဒါမှမဟုတ် လာဗန်ဒါ ရနံ့ဆီ၊ ချမိုမိုင်း ရနံ့ဆီ အစရှိတဲ့ ရနံ့ဆီတွေထည့်ပြီး ချိုးတာတွေလည်း ပြုလုပ်လာကြပါတယ်။ အဲဒီလို ရနံ့ကုထုံးနဲ့ ရေချိုးတဲ့အတွက် ရရှိတဲ့ အကျိုးကျေးဇူး တွေကတော့ စိတ်ဖိစီးမှုကို ပြေလျော့စေပါတယ်။ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ကိုယ်ခံစွမ်းအား စနစ်ကို မြင့်တက်စေပါတယ်။ ခွန်အား ဖြစ်စေပါတယ်။ နေလို့ထိုင်လို့ ပေါ့ပါးလန်းဆန်း သွားတတ်ပါတယ်။

ပျားရည်ထည့်ပြီး ရေချိုးခြင်း
ချိုးရေထဲကို ပျားရည်ထည့်ပြီး ချိုးတာကြောင့် ပျားရည်ထဲမှာပါတဲ့ ဖိုင်တိုကမ်မီကယ်ဟာ အရေပြားမှာရှိတဲ့ ဗိုင်းရပ်စ်၊ ဘက်တီးရီးယားနဲ့ ဖန်းဂတ်စ် အစရှိတဲ့ ပိုးမွှားတွေကို သတ်နိုင်ပြီး အရေပြားကို ချောမွေ့စိုပြည် စေပါတယ်။

ဆားခါးထည့်ပြီး ရေချိုးခြင်း
မဂ္ဂနီဆီယမ် ပါဝင်မှုများတဲ့ ဆားခါးကို ထည့်ပြီး ရေစိမ်ချိုးတာကြောင့် ခန္ဓာကိုယ်မှ မဂ္ဂနီဆီယမ် စုပ်ယူမှုကို အားကောင်းစေပြီး ကြွက်သားထိန်းချုပ်မှု၊ စွမ်းအင်ထုတ်လုပ်မှုနဲ့ အန္တရာယ်ရှိတဲ့ အဆိပ်အတောက်တွေကို စွန့်ထုတ်မှု အစရှိတဲ့ ခန္ဓာကိုယ်လုပ်ငန်းဆောင်တာ အများစုကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်စေတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။

Most Popular

Healthy Life Ad
To Top