Healthy Life Ad
Health Tips

အရက်နာကျဝေဒနာ ဖြစ်တတ်သူအတွက် သဘာဝကုထုံးများ

၊ ဦးမိုး ၊

အရက်သောက်ပြီးတိုင်း ခေါင်းကိုက်တာ၊ ဗိုက်အောင့်တာ၊ အန်တာ၊ နွမ်းနယ်တာ အစရှိတဲ့ ဝေဒနာတွေ ခံစားနေရရင် အဲဒါအရက်နာကျဝေဒနာ ရနေတာပါ။ အရက်က ဆီးသွားစေတာကြောင့် ရေဓာတ်ခမ်းခြောက် တတ်ပါတယ်။ အရက်နာကျ ဝေဒနာမရအောင် အကောင်းဆုံးက အရက်မသောက်ဘဲ နေဖို့ပါ။ တကယ်လို့ အရက်မသောက်ဘဲ မနေနိုင်သူတို့အတွက် အရက်ကို အသင့်အတင့်သာသောက်ဖို့ အကြံပြုချင်ပါတယ်။ အရက်သောက်ချိန်မှာလည်း အရက်နာကျဝေဒနာ မရအောင် ဘယ်လို လိုက်နာသင့်တယ်ဆိုတာ ဖော်ပြလိုက်ပါတယ်။

– ရေသောက်ပါ
အရက်သောက်ချိန်မှာ ရေဓာတ်ခမ်းခြောက်တတ်တာကြောင့်
ရေသောက်ပြီး ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝအောင် ကြိုးစားပါ။ အရက်တစ်ငုံနဲ့ တစ်ငုံကြား ရေသောက်ပါ။ ရေမသောက်ရင်
နောက်တစ်နေ့မှာ နွမ်းနယ်နေတတ်ပါတယ်။ ရေများများ
သောက်တာကြောင့် သင့်ကိုယ်တွင်းစနစ်ထဲက မသန့်စင်မှုတွေကို ကင်းစင်သွားစေပါတယ်။

– အခြားအရည်များ သောက်ပါ
ရေသောက်ရုံနဲ့ မလုံလောက်ပါဘူး။ ဓာတ်ဆား၊ အုန်းရေ၊ စွပ်ပြုတ်စတဲ့ ဓာတ်ဆားပါဝင်မှုများတဲ့ အရည်တွေကို သောက်ပေးသင့်ပါတယ်။ ဒါမှသာ အရက်သောက်လွန်ပြီး ဆုံးရှုံးသွားတဲ့ ဆိုဒီယမ်နဲ့ ပိုတက်စီယမ်တို့ကို ပြန်လည် အားဖြည့်ပေးနိုင်မှာပါ။

– အရက်သောက်နေစဉ် သကြားစားပါ
သကြားထဲမှာပါတဲ့ ဖရက်တို့စ်က အယ်လ်ကိုဟောချေဖျက်မှုကို မြန်စေပြီး အရက်နာကျတဲ့ အန္တရာယ်ကို လျော့ကျစေတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ အရက်မသောက်ခင် သကြားပါတဲ့ အစားအသောက်ကို စားသောက်ပေးရင် ပိုကောင်းပါတယ်။

– အရက်မသောက်မီ အဆီစားပါ
အရက်မသောက်ခင် သံလွင်ဆီ တစ်ဇွန်းစားပေးတာကြောင့် အရက်နာကျဝေဒနာ မရအောင် ကာကွယ်ပေးပါတယ်။ ပီဇာ၊ အဆီများတဲ့ အစာစားရင်လည်း အလားတူအာနိသင် ရရှိစေပါတယ်။

– နံနက်စာ စားပါ
နံနက်စာမှာ အစာများများ စားပေးတာကြောင့် အရက်နာကျတဲ့ ဝေဒနာကို သက်သာစေနိုင်ပါတယ်။ အစာထဲမှာပါတဲ့ ဓာတ်ဆားက ရေဓာတ်ခမ်းခြောက်တဲ့ စနစ်ကို အစားထိုးပြီး ခန္ဓာကိုယ်ထဲကို ကယ်လိုရီ ပြန်ရောက်စေပါတယ်။ အရက်နာကျရင် အစာကြေညက်စေတဲ့ ပေါင်မုန့်ကို စားပေးပါ။

– ချင်း(ဂျင်း)ကို ကြိတ်ဝါးပါ
ချင်း(ဂျင်း) စားတဲ့သူတွေက ပျို့အန်တာနဲ့ ပျို့ချင်အန်ချင်စိတ် ဖြစ်ပေါ်တာကို သက်သာစေပါတယ်။

– များများ အိပ်စက်အနားယူပါ
အိပ်ရေးပျက်ရင် အရက်နာကျတဲ့ ဝေဒနာကို ပိုဆိုးစေပါတယ်။ မကြာခဏ တစ်ရေးအိပ်ပေးတာကြောင့် ခန္ဓာကိုယ်ရဲ့ အနာကျက်တဲ့ဖြစ်စဉ်ကို အားပေးပါတယ်။ အရက်နာကျနေရင် ခန္ဓာကိုယ်က ဆားဓာတ်၊ ပိုတက်စီယမ်နဲ့ သကြားဓာတ် ဆုံးရှုံးသွားတာကြောင့် ပြန်ဖြည့်ပေးဖို့ လိုပါတယ်။

– ဆား လက်ဖက်စားဇွန်း တစ်ဇွန်းနဲ့ သကြား လက်ဖက်စားဇွန်း ရှစ်ဇွန်းကို ရေသန့်ငါးဖန်ခွက်ထဲ ထည့်မွှေပါ။

– ပြီးရင်လိမ္မော်ရည် ခွက်တစ်ဝက် ဒါမှမဟုတ် ငှက်ပျောသီးမှည့် ကြိတ်ထားတဲ့ ခွက်လေးပုံတစ်ပုံ ထည့်ပါ။ ရေခဲသေတ္တာထဲထည့်ပြီး တစ်နေ့လုံး ဖြည်းဖြည်းချင်း သောက်ပေးပါ။

– အန်ပါ
အန်တာက ခန္ဓာကိုယ်ကနေ အရက်ထဲက အဆိပ်အတောက်တွေ ပြေလျော့စေတဲ့ နည်းပါ။ အန်တာကြောင့် ရေဓာတ်ခမ်းခြောက်တာနဲ့ ဓာတ်ဆားမမျှတတာလို အသက်အန္တရာယ်ရှိတဲ့ အခြေအနေကို ဖြစ်စေတဲ့အတွက် ဓာတ်ဆားရည်နဲ့ အုန်းရည်ကို များများသောက်ပါ။
(Ref;HD)

Most Popular

Healthy Life Ad
To Top