Healthy Life Ad
Health Tips

ရေအေးဖြင့် ရေချိုးခြင်းဖြင့် ရရှိနိုင်သည့် ကောင်းကျိုး ၅ ရပ်

၊ လရိပ်မေ ၊

ရေအေးနဲ့ ရေချိုးတာကြောင့် လူအများစုဟာ သက်သောင့်သက်သာရှိပြီး အောက်ပါ ကျန်းမာရေး ကောင်းကျိုးတွေကို ရရှိစေနိုင်ပါတယ်။

(၁) ရေအေးဖြင့် ရေချိုးခြင်းကြောင့် သွေးလှည့်ပတ်မှု
ကောင်းမွန်စေနိုင်

ရေအေးနဲ့ ရေချိုးတာက သွေးလှည့်ပတ် စီးဆင်းမှုကို ကောင်းစေပြီး သင့်ခန္ဓာကိုယ်ရဲ့
အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတွေဆီ သွေးရောက်ရှိမှုမြင့်တက်စေပါတယ်။ နှလုံးစနစ်အတွက် အလွန် ကောင်းကျိုးရှိပြီး သွေးတိုးကျကာ သွေးလွှတ်ကြောမာကျောမှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၂) ရေအေးဖြင့် ရေချိုးခြင်းက စိတ်ဓာတ်ကျဝေဒနာကို တွန်းလှန်နိုင်
ရေအေးနဲ့ ရေချိုးတဲ့အခါ အဒရီနယ်လင် ရုတ်တရက်မြင့်တက်မှုဖြစ်ပြီး ခြေ၊ လက်တို့ရှိ နာ့ဗ်ကြောကနေ ဦးနှောက်ဆီ လျှပ်စစ်လှိုင်းရောက်ရှိမှု တိုးသွားပါတော့တယ်။ အဲဒါကြောင့် စိတ်ဓာတ်ကျဝေဒနာကို တွန်းလှန်နိုင်စွမ်း ရှိရတာပါ။

(၃) ရေအေးဖြင့် ရေချိုးခြင်းက ဆံကေသာနှင့် အသားအရေအတွက် ကောင်းမွန်စေနိုင်
ဆံပင်သား လုံးထွေးရှုပ်ပွမှု လျော့ကျပြီး ဆံကေသာ တောက်ပြောင်စေဖို့ ရေအေးနဲ့ ခေါင်းလျှော်ပေးဖို့ လိုပါတယ်။ ရေပူသုံးရင် ဆံပင်သားကို ခြောက်သွေ့စေပြီး နွမ်းနယ်ထိခိုက် စေပါတယ်။

(၄) ရေအေးဖြင့် ရေချိုးခြင်းက အားကစား လုပ်နိုင်စွမ်း ကောင်းမွန်စေနိုင်
အမေရိကန်ဂျာနယ်ရဲ့ လေ့လာမှု အတော်များများအရ ရေအေးထဲစိမ်ပြီး ရေချိုးလေ့ရှိတဲ့ အားကစားသမားတွေဟာ လေ့ကျင့်ခန်းလုပ်ချိန်အတွင်း သက်လုံပိုကောင်းပြီး ရေရှည်လေ့ကျင့်နိုင်စွမ်း မြင့်မားကြောင်း သိရပါတယ်။

(၅) ရေအေးဖြင့် ရေချိုးခြင်းက စိတ်ခွန်အား တိုးစေနိုင်
ရေအေးနဲ့ ရေချိုးတာကြောင့် စိတ်ခွန်အား တိုးတက်လာပါတယ်။ သင့်ခန္ဓာကိုယ်က အေးမြတဲ့ ရေစက်ရေပေါက်တွေနဲ့ ထိတွေ့လိုက်တဲ့အခါ ကောင်းတဲ့ အတွေးအခေါ်တွေ ထွက်လာလို့ပါ။
(Ref;HD)

Most Popular

Healthy Life Ad
To Top