Healthy Life Ad
Health Tips

ရာသီဥတုအခြေအနေကြောင့် စိတ်ဓာတ်ကျနေသူတို့ စားသင့်သည့်အစာများ

———၊ ငွေကြယ်စင်ယံ ၊———

ရာသီဥတု အေးလိုက်၊ ပူလိုက် ဖြစ်နေတဲ့အချိန်မှာ အအေးမိဝေဒနာ ရနိုင်ခြေများသလို အိမ်ထဲမှာ ကြာကြာနေရသူတွေဟာ စိတ်ဖိစီးမှုများပြီး စိတ်ဓာတ်ကျနိုင်ပါတယ်။ ဒီလိုအချိန်မှာ စိတ်ဓာတ်မြင့်တက်လာစေဖို့ သင့်ပန်းကန်ထဲမှာ အောက်ပါအစာတွေ ရှိသင့်ပါတယ်။

(၁) အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ

ဟင်းနုနယ်ရွက်၊ ကိုက်လန် အစရှိတဲ့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေမှာ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ကယ်လ်စီယမ်တို့ များစွာပါဝင်တဲ့အတွက် သင့်ခန္ဓာကိုယ်ရဲ ့ အိပ်စက်မှုစနစ်ကို ထိန်းသိမ်းပေးပြီး ကြွက်သားနာကျင်တောင့်တင်းမှုကို သက်သာစေပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုဟော်မုန်းကို ထိန်းချုပ်ပေးတဲ့အတွက် စိတ်ခံစားမှုကောင်းစေပါတယ်။

(၂) ပဲမည်း

ဖောလိတ်ဓာတ်ချို့တဲ့ရင် စိတ်ဓာတ်ကျနိုင်သလို စိတ်ကျရောဂါကုဆေးဝါးတွေကို တုံ့ပြန်နိုင်စွမ်းလည်း နည်းတတ်ပါတယ်။ ဒါကြောင့် ဖောလိတ်ဓာတ်ပါဝင်မှုများတဲ့ ပဲမည်းကို စားပေးပါ။

(၃) မှို

မှိုမှာ အရေးကြီးတဲ့ ဗီတာမင်ဘီနှစ်မျိုးဖြစ်တဲ့ နိုင်ယာစင်နဲ့ ရိုင်ဘိုဖလေဘင်တို့ ပါဝင်တာကြောင့် စိတ်ခံစားမှု အားကောင်းစေပါတယ်။ ဗီတာမင်ဒီလည်း ပါဝင်နေပါတယ်။

(၄) ရွှေဖရုံစေ့

ရွှေဖရုံစေ့ကို သရေစာအဖြစ် စားတာကြောင့် စိတ်ဓာတ်ကျတာ သက်သာစေပါတယ်။ ရွှေဖရုံစေ့ဟာ ထရစ်ပတိုဖန် ပါဝင်မှုအများဆုံး အစာတစ်မျိုးဖြစ်တာကြောင့် အပန်းပြေပြီး ပျော်ရွှင်စေပါတယ်။

(၅) သစ်ကြားသီး

သစ်ကြားသီးမှာ အိုမီဂါ ၃ ဖက်တီးအက်စစ်ပါတဲ့အတွက် စိတ်ခံစားမှု ကောင်းစေသလို မယ်လတိုနင်ပါဝင်တာကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေပါတယ်။

(၆) ကြက်ဥ၊ ဘဲဥ

ကြက်ဥ၊ ဘဲဥမှာ ဗီတာမင်ဒီနဲ့ ဗီတာမင် B12 တို့ ပါဝင်တာကြောင့် စိတ်ဓာတ်ကျတဲ့ ဝေဒနာလက္ခဏာတွေကို လျော့ပါးစေပါတယ်။ ကြက်ဥဘဲဥအနှစ်မှာ ကိုလင်းဓာတ်ပါဝင်တာကြောင့် ဦးနှောက်ဆဲလ်တွေကို ကျန်းမာစေကာ စိတ်ခံစားမှု ကောင်းစေတာဖြစ်ပါတယ်။

(၇) အချဉ်အရသာရှိသော သစ်သီးများ

ရာသီဥတုအခြေအနေကြောင့် စိတ်ဓာတ်ကျနေချိန်မှာ ဖောလိတ်နဲ့ ဗီတာမင်စီ ပါဝင်မှုများတဲ့ လိမ္မော်သီးနဲ့ ဂရိတ်ဖရုသီးတွေကို စားပေးပါ။ ဗီတာမင်စီချို့တဲ့ရင် ပင်ပန်းပြီး စိတ်ဓာတ်ကျနိုင်ပါတယ်။

(Ref;yahoo)

Most Popular

Healthy Life Ad
To Top