Healthy Life Ad
Health Tips

နှာစေးခြင်းအတွက် အိမ်တွင်းကုထုံး

မီမိုး (ဆေးဝါးတက္ကသိုလ်)

သင့်ခန္ဓာကိုယ်မှာ ပိုးမွှားတွေ၊ ဓာတ်မတည့်တဲ့ အရာတွေနဲ့ ဖုန်တွေကို ဖယ်ရှားနိုင်တဲ့ သဘာဝနည်းလမ်း အမျိုးမျိုး ရှိပါတယ်။ ဓာတ်မတည့်မှု၊ အအေးမိတာ၊ တုပ်ကွေး စတဲ့ အခြေအနေတွေကြောင့် နှာစေးနှာရည်ယိုတာ ဖြစ်တတ်ပါတယ်။ ဒီလို အခြေအနေမှာ ဆေးမသောက်ဘဲ သက်သာစေဖို့ အိမ်တွင်းကုထုံးတွေကို လုပ်ဆောင် ကြည့်သင့်ပါတယ်။

– နနွင်း
နနွင်းမှုန့်မှာ ပိုးသေပြီး ရောင်ရမ်းမှု ကျစေတဲ့ အစွမ်း ရှိပါတယ်။ နွားနို့ပူပူ တစ်ဖန်ခွက်ထဲ နနွင်းမှုန့် လက်ဖက်စားဇွန်း တစ်ဇွန်းထည့်ကာ မအိပ်ခင် သောက်ပေးရမှာ ဖြစ်ပါတယ်။

– ဆားရည်
ဆားရည်ကို နှာခေါင်းထဲ အစက်ချပေးတာကြောင့် နှာခေါင်းထဲက အချွဲမြှေးပါးတွေကို ပျော်စေပြီး အသက်ကောင်းကောင်း ရှူနိုင်စေပါတယ်။ ဒါ့အပြင် ဓာတ်မတည့်တဲ့ အမှုန်အမွှားတွေကိုပါ ကင်းစင် စေပါတယ်။ ကြက်သီးနွေးရေ နှစ်ခွက်ထဲ ဆား လက်ဖက်စားဇွန်း တစ်ဝက်ရောကာ ဆေးထိုးပြွန်နဲ့ နှာခေါင်းထဲကို အစက်အနည်းငယ် ချပေးရမှာပါ။

– ကြက်သွန်ဖြူ
နှာစေးပျောက်စေတဲ့ တခြား အိမ်တွင်းကုထုံးက ကြက်သွန်ဖြူပါ။ ကြက်သွန်ဖြူ ၃-၄ မြွှာကို ထောင်းပြီး ဆူပွက်နေတဲ့ ရေတစ်ခွက်ထဲ မိနစ်အနည်းငယ်ကြာ စိမ်လိုက်ပါ။ ပြီးရင် ပျားရည်နည်းနည်း ထည့်ပြီး တစ်နေ့နှစ်ကြိမ် သောက်ပေးပါ။ ကြက်သွန်ဖြူတွေကိုပါ စားနိုင်ပါတယ်။

– ချင်း (ဂျင်း)
ချင်း(ဂျင်း) အနည်းငယ်ကို ဆားဖြူးပြီး စားပေးရင်လည်း နှာစေးတဲ့ ဝေဒနာ သက်သာစေပါတယ်။ ဒါမှမဟုတ် ချင်း(ဂျင်း) ကို ပွက်ပွက်ဆူနေတဲ့ ရေတစ်ခွက်ထဲ ထည့်ပေးပြီး ပျားရည် လက်ဖက်စားဇွန်း တစ်ဇွန်း ထည့်သောက်ပါ။ တစ်နေ့ ၃-၄ ကြိမ်ခန့် ပျားရည်နဲ့ ချင်းရေနွေးကြမ်း သောက်တာကြောင့် ပိုးသေပြီး ရောင်ရမ်းမှု ကျစေတဲ့ အာနိသင်ကို ရရှိစေပါတယ်။

– ပျားရည်
ကြက်သီးနွေးရေ တစ်ဖန်ခွက်ထဲ ပျားရည် ထမင်းစားဇွန်း နှစ်ဇွန်းထည့်ပြီး တစ်နေ့နှစ်ကြိမ် သောက်ပါ။ ပြီးရင် လတ်လတ်ဆတ်ဆတ် သံပရာရည် အနည်းငယ်ညှစ်ပြီး သောက်လိုက်ရင် ကိုယ်ခံအားစနစ် ကောင်းမွန်စေပါတယ်။

– ငရုတ်သီးစိမ်း
ပူစပ်တဲ့အစာကို သင် သဘောကျတယ်ဆိုရင် နှာစေးနေချိန်မှာ စားပေးပါ။ ပူစပ်တဲ့ ငရုတ်သီးစိမ်း စားတာကြောင့် နှာစေး၊ နှာယိုတာကို ပိုဆိုးစေနိုင်ပေမယ့် ပိုးမွှားတွေနဲ့ ဓာတ်မတည့်တဲ့ အရာတွေ ဖယ်ရှားပြီးသား ဖြစ်သွားပါတယ်။
(Ref;HD)

Most Popular

Healthy Life Ad
To Top