Healthy Life Ad
Health Tips

တစ်နေ့တာတွင် အချိန်ကိုက် စားသုံးခြင်းဖြင့် ပိုကျန်းမာလန်းဆန်းသော ဘဝကို အရယူပါ . . .

ငွေကြယ်စင်ယံ

နံနက်မိုးလင်းကနေ ညအိပ်ရာဝင်ချိန်အထိ တစ်နေ့လုံး လန်းဆန်းကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ဖို့ရာ အတွက် အချိန်ကိုက်စားသောက်သင့်တဲ့ အာဟာရတွေကို အကြံပြုလိုက်ပါတယ်။

(၁) နံနက် ၇ နာရီ

ဗိုက်ပြည့်အောင် စားပါ
နံနက်စာကို ကောင်းကောင်းစားတာက မစားတာထက် ရေရှည်မှာ ကျန်းမာရေး ကောင်းမွန်စေပါ တယ်။ နိုးပြီး တစ်နာရီအတွင်း နံနက်စာစားပါ။ နံနက်စာမှာ အဆီ၊ ပရိုတင်းနဲ့ ကာဗိုဟိုက်ဒရိတ်ဓာတ် တွေ မျှတစွာ ပါဝင်ဖို့ သတိပြုပါ။ ဒါမှသာ တစ်နေ့လုံး လန်းဆန်းတက်ကြွနေမှာ ဖြစ်ပါတယ်။

(၂) နံနက် ၉ နာရီ

အလုပ်တွင် အာရုံစူးစိုက်ပါ
အလုပ်စားပွဲခုံမှာ အာရုံစူးစိုက်မှု အပြည့်နဲ့ အလုပ် လုပ်နိုင်အောင် ကော်ဖီ ဒါမှမဟုတ် လက်ဖက်စိမ်း လက်ဖက်ရည် ( Green Tea ) က ကူညီနိုင်ပါတယ်။

(၃) နေ့လယ် ၁ နာရီ

နေ့လယ်စာဖြင့် စိတ်ဖိစီးမှုကို ဖြေရှင်းပါ
နေ့လယ်စာ စားတဲ့အခါ ဟင်းနုနယ်ရွက်၊ ကန်စွန်းရွက် စတဲ့ ဟင်းရွက်သုပ် ထည့်စားတာကြောင့် နံနက်ခင်းက အလုပ်မှာ ဖိစီးမှုအပြည့်၊ ပူပင်သောက အပြည့်နဲ့ ကျင်လည်ခဲ့ရတဲ့ အမောတွေကို ပြေလျော့ သက်သာသွားစေပါတယ်။ အစိမ်းရောင် ဟင်းရွက်တွေမှာ ပါတဲ့ ဗီတာမင် B6က စိတ်တည်ငြိမ်အောင် ကူညီနိုင်လို့ပါ။

(၄) ညနေ ၃ နာရီ

ထိုင်းမှိုင်းလေးလံမှုကို ဖြေရှင်းပါ
ဒီအချိန်မှာ သစ်ကြားသီး၊ ဗာဒံစေ ့အစရှိတဲ့ အခွံမာတဲ့ အစေ့အဆန်တွေကိုစားပြီး ထိုင်းမှိုင်းလေးလံတဲ့စိတ်ကို တွန်းထုတ်သင့်ပါတယ်။

(၅) ညနေ ၅ နာရီ

အလုပ် လုပ်နိုင်စေရန် အားဖြည့်ပါ
စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီး စတာ တွေပါဝင်တဲ့ ဒိန်ချဉ်ကိုသောက်သုံးတာကြောင့် အလုပ် လုပ်ချိန် ဒါမှမဟုတ် လေ့ကျင့်ခန်းလုပ်ချိန်အတွင်း စွမ်းအင် အလုံအလောက် ရရှိစေပါတယ်။

(၆) ည ၇ နာရီ

ညစာစားရာတွင် ခန္ဓာကိုယ်သွယ်လျရေး ဂရုပြုပါ
ညစာစားတဲ့အခါ ဟင်းခတ်အမွှေးအကြိုင် များများထည့်ပြီး သင်စားတဲ့အစာကို ပူစပ်အောင်လုပ်ပါ။ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်ဖြူထောင်း အစရှိ တာတွေက အဆီတွေကို လောင်ကျွမ်းစေတဲ့အပြင် ကျန်းမာလန်းဆန်းစေပါတယ်။

(၇) ည ၁၀ နာရီ

အိပ်စက်အနားယူပါ
ပဲနို့ ဒါမှမဟုတ် နွားနို့ပူပူတစ်ခွက် သောက်ပြီး အိပ်ရေးဝ၀ အိပ်စက်အနားယူပါ။ ကယ်လ်စီယမ် ပါဝင်တဲ့အတွက် အာရုံကြောတွေကို အနားရစေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေပါတယ်။

Most Popular

Healthy Life Ad
To Top