Healthy Life Ad
Health Tips

ဆို့နင့်ခြင်းအတွက် ရှေးဦးသူနာပြုစုနည်း

တစ်စုံတစ်ယောက် ဆို့နင့်နေတဲ့အခါ ရှေးဦးပြုစု ပေးနိုင်ခဲ့ရင် သူ့အသက်ကို ကယ်တင်ရာ ရောက်ပါတယ်။ သေးငယ်တဲ့ အရာဝတ္ထုတစ်ခုက လမ်းကြောင်းမှားပြီး ဝင်သွားရင် အသက်ရှူ လမ်းကြောင်း ပိတ်ဆို့ကာ ကြွက်သားဆွဲဆန့်မှု ဖြစ်စေနိုင်ပါတယ်။

ကလေးငယ်တွေကျတော့ ပါးစပ်ထဲ သေးငယ်တဲ့ အရာဝတ္ထုတစ်ခု ဆို့နင့်နေတတ်ပါတယ်။ အဲဒီအခါ အဆုတ်က တစ်ပိုင်းတစ်စ ဒါမှမဟုတ် လုံးဝ ပိတ်နေနိုင်တဲ့အတွက် အသက်ရှူလမ်းကြောင်း ဆိုင်ရာ အန္တရာယ် ဖြစ်စေနိုင်ပါတယ်။

နာမကျန်းဖြစ်နေတဲ့ အသက်ကြီးသူတွေဆိုရင် အစာစားချိန်မှာ အထူးဂရုစိုက် ပေးရပါမယ်။ အစာကို နည်းနည်းနဲ့ ကြေညက်တဲ့အထိ ဝါးစားစေပြီးမှ နောက်တစ်လုတ် စားခိုင်းရပါမယ်။

ဆို့နင့်တဲ့အခါ အသက်ရှူကျပ်တဲ့ ဝေဒနာ လက္ခဏာ တွေနဲ့အတူ ရုတ်တရက် ချောင်းဆိုးတာ၊ သီးတာ၊ စကားပြောရခက်ခဲတာတို့   ဖြစ်လာတတ်ပါတယ်။ ဒါ့အပြင် အရေပြား၊ အထူးသဖြင့် နားရွက်၊ နှုတ်ခမ်း၊ ပါးစောင်နဲ့ လက်ချောင်းထိပ်တွေက ပြာနှမ်းလာပါ လိမ့်မယ်။

– အရွယ်ရောက်သူနှင့် ကလေး (အသက် တစ်နှစ်နှင့် အထက်)

အသက်ရှူလမ်းကြောင်းက တစ်ပိုင်းတစ်စ ပိတ်ဆို့သွားရင် လူနာက စကားပြောနိုင်၊ ချောင်းဆိုးနိုင်ပြီး အသက်ရှူနိုင်လာပါလိမ့်မယ်။ အသက်ရှူလမ်းကြောင်း လုံးဝ ပိတ်ဆို့သွားရင် လူနာက စကားမပြောနိုင်၊ ချောင်းမဆိုး နိုင်တော့သလို အသက်လည်း ရှူနိုင်တော့မှာ မဟုတ်ပါဘူး။

– ကလေး (ဝ-၁၂ လအရွယ်)

အသက်ရှူလမ်းကြောင်းက တစ်ပိုင်းတစ်စ ပိတ်ဆို့နေရင် ကလေးက ချောင်းဆိုးနိုင်ပေမယ့် ငိုဖို့ ခက်ခဲတာ၊ အသံပြုဖို့ ခက်ခဲတာကို တွေ့နိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းက လုံးဝ ပိတ်ဆို့သွားရင်တော့ ကလေးက အသံမပြုနိုင်တော့သလို အသက်ရှူနိုင်စွမ်းပါ ထိခိုက်သွားပါလိမ့်မယ်။

အရွယ်ရောက်သူ/ကလေးငယ် ဆို့နင့်နေလျှင်

(၁) ပိတ်ဆို့နေသော အသက်ရှူလမ်းကြောင်းကို ရှင်းလင်းပေးပါ။ ပြီးရင် ချောင်းဆိုး ခိုင်းကြည့်ပါ။ အသက်ရှူလမ်းကြောင်းက အလိုလို ရှင်းသွားပါလိမ့်မယ်။

(၂) အသက်ရှူလမ်းကြောင်းက ပိတ်နေရင် ခန္ဓာကိုယ်ကို ရှေ့ကိုင်းပြီး ခန္ဓာကိုယ် အပေါ်ပိုင်းကို (ပုံ ၁အတိုင်း)   နောက်က ဖေးကိုင်ထားပေးပါ။ ပခုံးကို လက်ဖနောင့်နဲ့ ငါးချက်လောက် ခပ်ပြင်းပြင်း ပုတ်ပေးပါ။ ပြီးရင် သူ့ပါးစပ်ကို ဆန်းစစ်ကြည့်ပါ။

(၃) ဆို့နင့်နေတုန်းပဲ ဆိုရင် သူ့ခန္ဓာကိုယ်ကို လက်နှစ်ဖက်နဲ့ ယှက်ပြီး ရင်ဘတ်ပေါ်မှာ လက်သီးဆုပ်ပုံစံ ထားပါ။ လက်သီးဆုပ်ကို ဘယ်လက်နဲ့ ပြု လုပ်လိုက်၊ ညာလက်နဲ့ ပြုလုပ်လိုက် ငါးကြိမ်ကျော် လုပ်ပေးပါ။ ပြီးရင် သူ့ ပါးစပ်ကို ဆန်းစစ်ကြည့်ပါ။

(၄) ဆို့နင့်နေသူရဲ့ ပါးစပ်ထဲကို လက်ချောင်း မထည့်ပါနဲ့။ လည်ချောင်းနဲ့ တခြားတစ်သျှူးတွေကို ထိခိုက်စေနိုင်လို့ပါ။

(၅) အရေးပေါ် အကူအညီတောင်းပါ။ ရှေးဦး ကုထုံးကို နှစ်ကြိမ်-သုံးကြိမ် ပြုလုပ်ပြီး အသက်ရှူ လမ်းကြောင်းက မရှင်းလင်းသွားရင် ဆရာဝန်ထံ အမြန်ဆုံး သွားပြဖို့လိုပါတယ်။

(Ref;RD)

Most Popular

Healthy Life Ad
To Top