Healthy Life Ad
Health Tips

သင့်အိမ်ကို ကျန်းမာရေးနှင့် ညီညွတ်သော စံရိပ်မြုံအဖြစ် တည်ဆောက်ရအောင်

၊ လရိပ်မေ ၊

တစ်နေကုန် အပြင်မှာ ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီး အိမ်ပြန်ရောက်တာနဲ့ ရှုပ်ပွနေတာကို မြင်လိုက်ရရင် ပိုပြီး စိတ်ရှုပ်သွားရ တတ်ပါတယ်။ သင့်အိမ်ကို ရှင်းလင်းငြိမ်းချမ်းတဲ့ စံရိပ်မြုံအဖြစ် ပြောင်းလဲပေးနိုင်မှသာ အပြင်က ပြန်လာတိုင်း စိတ် တည်ငြိမ်တာ၊ စွမ်းအင် တိုးတာနဲ့ ဦးနှောက်စွမ်းအား တိုးတာ အစရှိတဲ့ ကောင်းကျိုးတွေ ပိုင်ဆိုင်ပြီး လန်းဆန်း နေမှာပါ။

– အခန်းထောင့် နေရာများကို ရှင်းလင်းပါ
အိမ်အများစုဟာ ကိုယ့်အခန်းထောင့်တွေကို တိုလီမုတ်စ ပစ္စည်းကိရိယာတွေနဲ့ ရှုပ်ပွနေအောင် ထားတတ်ကြပါတယ်။ တကယ်ဆိုရင် အခန်းထောင့် နေရာတွေက တရားထိုင်ဖို့ ကောင်းတဲ့ အငြိမ်းချမ်းဆုံး နေရာ ဖြစ်သင့်ပါတယ်။ ဒါကြောင့် အခန်းထောင့်မှာ ပုံနေတဲ့ လျှပ်စစ်ပစ္စည်းတွေကို ရှင်းလင်းလိုက်ပါ။ စိတ်ကိုပါ အေးချမ်း သွားစေပါတယ်။

– စိမ်းလန်းသော သစ်ပင်ပန်းပင်များ စိုက်ပါ
သင့်အိမ်ထဲမှာ အစိမ်းရောင် သစ်ပင်ပန်းပင်တွေ စိုက်ပျိုးတာကြောင့် သွေးတိုးကျစေပြီး စိတ်ဖိစီးမှု ဟော်မုန်းအဆင့်ကိုပါ လျော့နည်း စေပါတယ်။ သစ်ရွက်တွေဟာ အိမ်တွင်း လေထုထဲမှာပါတဲ့ အညစ်အကြေးတွေနဲ့ ဓာတ်မတည့်စေတဲ့ အရာတွေကို စစ်ထုတ်ပေးတဲ့ အရာတွေပါ။ လေ့လာမှုအရ သင့်အိမ်ထဲက သစ်ပင်တစ်ပင်ဟာ အိမ်တွင်း လေထုကို သန့်စင်စေတဲ့အရာ ဖြစ်တယ်လို့ သိရပါတယ်။ ရှားစောင်း လက်ပပ်၊ စပိုင်ဒါ သစ်ခွပင် စတာတွေကို ရွေးစိုက်ပါ။

– သံပရာရနံ့ ပက်ဖျန်းပါ
လတ်ဆတ်တဲ့ သံပရာရနံ့ ပက်ဖျန်းပေးတာက စိတ်ခံစားမှု ကောင်းစေပြီး စိတ်ဖိစီးမှု ကင်းစင်စေပါတယ်။ ပန်းသီးစိမ်းလို သင်းပျံ့တဲ့ ရနံ့ ပက်ဖျန်းတာကလည်း ခေါင်းတစ်ခြမ်းကိုက် ရောဂါကို သက်သာ စေပါတယ်။ သဘာဝရနံ့ကို သဘောကျတယ်ဆိုရင် သံပရာခွံ ဒါမှမဟုတ် လိမ္မော်ခွံကို အခန်းထဲ ထည့်ထား ပါ။

– ငြိမ့်ညောင်းသော တေးသီချင်း ဖွင့်ပါ
အိမ်ကို ပြန်ရောက်ချိန်မှာ သင့်စိတ်တွေ ပေါ့ပါး လန်းဆန်းသွားဖို့ ဆိုရင် တေးဂီတက အသုံးဝင်ပါတယ်။ စိတ်ဖိစီးမှု များနေရင် တေးသီချင်းနဲ့အတူ ကခုန်လိုက်ပါ။ ဂန္ထဝင်တေးသီချင်းတွေ နားဆင်တာကြောင့်
နှလုံးခုန်နှုန်းနဲ့သွေးဖိအားကို လျော့ကျစေပြီး စိတ်နဲ့ခန္ဓာကို ကျန်းမာစေတယ်လို့ သုတေသန လေ့လာမှုအရ သိရပါတယ်။

– ရေကျသံ ဖန်တီးပါ
ရေကျသံ ကြားနေရတာကြောင့် နှလုံးခုန်နှုန်းနဲ့ စိတ်ဖိစီးမှုကို လျော့ကျစေတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ ပင်လယ်ကမ်းခြေ ပန်းချီကားချပ် ချိတ်ထားရင် ပါဝင်တဲ့ ရေပြင်ရေလှိုင်းတွေကြောင့် စိတ်အေးချမ်း စေပါတယ်။

– လတ်ဆတ်သော သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ သိမ်းထားပါ
လတ်ဆတ်တဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေက ကျန်းမာရေး ကောင်းကျိုး ပေးနိုင်ပါတယ်။ ဒါ့အပြင် ဦးနှောက်ထဲမှာ စိတ်တည်ငြိမ်စေတဲ့ ပရိုတင်းဓာတ်တွေကို ထိန်းညှိပေးပြီး စိတ်ခံစားမှုကို ကောင်းမွန်စေပါတယ်။

– အိပ်ခန်းမီးကို မှိန်မှိန်သာ ထွန်းပါ
ညဘက်မှာ တောက်ပတဲ့ အလင်းရောင်နဲ့ ထိတွေ့မှု များတာကြောင့် မျက်စိ မှိတ်လိုက်ချိန်မှာတောင် မယ်လတိုနင် ဟော်မုန်းကို ၅၀ ရာခိုင်နှုန်းလောက် ချိုးနှိမ်ပေးနိုင်တယ်လို့ သုတေသန လေ့လာမှုအရ သိရပါတယ်။ အိပ်ခန်းမီးကို ခပ်မှိန်မှိန် ထွန်းတာကြောင့် အိပ်မောကျစေတဲ့ မယ်လတိုနင် ဟော်မုန်း အထွက်တိုးပြီး နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။

– အစီအရီ ထားရှိပါ
အခန်းထဲမှာ ထားသိုထားတဲ့ အရာတွေက အစီအရီ နေသားတကျ မရှိရင် စိတ်အနှောင့်အယှက် ပိုဖြစ်နိုင်ပါတယ်။ အခန်းထဲမှာ စာအုပ်၊ မိတ်ကပ်ဘူး၊ အဝတ်အစား၊ အိတ်၊ ဖိနပ် စတာတွေကို စနစ်တကျ စီထားပါ။ စတိုခန်းထဲမှာ အသုံးဝင်တဲ့ အရာတွေကို သိမ်းထားပါ။

– နံရံကို စိတ်အေးချမ်းစေသော ဆေးရောင် သုတ်ပါ
အိပ်ခန်းဆိုရင် အပြာရောင် ဒါမှမဟုတ် အစိမ်းရောင်လို စိတ်အေးချမ်းစေတဲ့ အရောင်သုတ်ပါ။ စိတ် အေးချမ်းစေပါတယ်။
(Ref;HD)

Most Popular

Healthy Life Ad
To Top