Healthy Life Ad
Health Tips

မဖြစ်မနေ သန့်ရှင်းရေးပြုလုပ်သင့်သော မီးဖိုချောင်သုံးပစ္စည်းများ

———၊ ဇွန် ၊———

မီးဖိုချောင်သုံးပစ္စည်းတချို့ဟာ ရောဂါပိုးတွေ ကပ်ငြိပြီး နာမကျန်းမှုကို ဖြစ်စေနိုင်တယ်လို့ လေ့လာမှုအသစ်အရ သိရပါတယ်။

အသန့်ရှင်းဆုံး မီးဖိုချောင်မှာပင် ပိုးမွှားရှိနေနိုင်

လေ့လာမှုအသစ်အရ အိမ်ထောင်စု ၂၀ရဲ ့ မီးဖိုချောင်သုံး ပစ္စည်း ၁၄ မျိုးကို စစ်ဆေးကြည့်ခဲ့တဲ့အခါ အီးကိုလိုင်ပိုး၊ ဆာမိုနဲလ်လားပိုး၊ လစ္စတီးရီးယားပိုး၊ မှိုပိုး အစရှိတဲ့ အစာကြောင့် နာမကျန်းမှုဖြစ်စေတဲ့ ရောဂါပိုးတွေ ပေါင်းစပ်ကပ်ငြိနေတယ်လို့ သိရပါတယ်။

ဓားလက်ကိုင်

ဓားလက်ကိုင်ဖြစ်တဲ့ သစ်သား၊ ကျောက် အစရှိတာတွေမှာ ပိုးမွှားတွေ ကပ်ငြိနေတတ်တဲ့အတွက် ဆပ်ပြာရည်ပူပူနဲ့ ဆေးကြောကာ ဘရပ်ရှ်ငယ်နဲ့ ပွတ်တိုက်ပေးပါ။ ပြီးရင် ရေနဲ့ဆေးပြီး ခြောက်သွေ့အောင်ထားလိုက်ပါ။

ရေခဲသေတ္တာထဲရှိ ဟင်းသီးဟင်းရွက်ထည့် အံဆွဲ

သင့်ရေခဲသေတ္တာထဲက ဟင်းသီးဟင်းရွက်ထည့်တဲ့ အံဆွဲကို သေချာဆေးကြောသန့်စင်မှုမရှိရင် ဆာမိုနဲလ်လား၊ လစ္စတီးရီးယားနဲ့ မှိုပိုးတွေ ကပ်ငြိနေနိုင်ပါတယ်။ ဒါကြောင့် အနည်းဆုံး တစ်လတစ်ကြိမ် ဟင်းသီးဟင်းရွက်ထည့်တဲ့ အံကို ထုတ်ယူကာ ကြက်သီးနွေးရေနဲ့ အပျော့စားကြေးချွတ်ဆေးရောထားတဲ့ ရေထည့်ပြီး ပွတ်တိုက်ဆေးကြောပေးပါ။ အနံ့ထွက်နေရင် ဆော်ဒါမှုန့်အရည်လောင်းပြီး အနံ့ပျောက်အောင် လုပ်နိုင်ပါတယ်။

ရေခဲသေတ္တာထဲရှိ အသားထည့် အံဆွဲ

ရေခဲသေတ္တာထဲက အသားထည့်တဲ့ အံဆွဲကို မဆေးကြောတာကြောင့် ဆာမိုနဲလ်လား၊ အီးကိုလိုင်၊ မှိုပိုးတွေရှိနေနိုင်ပါတယ်။ ဟင်းသီးဟင်းရွက်ထည့်တဲ့ အံလိုပဲ ဆပ်ပြာနဲ့ ရေသုံးပြီး သေချာပွတ်တိုက်ဆေးကြောပေးပါ။

မွှေစက် (Blender)

သင်က ထုတ်လုပ်သူရဲ့ သန့်ရှင်းရေးလမ်းညွှန်ချက်အတိုင်း မလိုက်နာရင် သင့်မွှေစက်ထဲမှာ ဘက်တီးရီးယားပိုးတွေ ရှိနေနိုင်ပါတယ်။ အသုံးပြုပြီးတိုင်း ဆပ်ပြာရေနွေးနဲ့ ဆေးကြောပေးပါ။ နောက်တစ်ကြိမ် မမွှေခင် ခြောက်သွေ့အောင်ထားပါ။

သံဘူးဖောက်တံ

လူအများစုဟာ သံဘူးဖောက်တံကိုသုံးပြီး ဆေးကြောမှုမလုပ်ဘဲ အံဆွဲထဲထည့်ထားလိုက်တာ များပါတယ်။ အဲဒီအခါ ဘက်တီးရီးယားနဲ့ မှိုပိုးတွေ ကပ်ငြိနေတတ်ပါတယ်။

သံဘူးဖောက်တံက စားကြွင်းစားကျန်တွေအားလုံး ကင်းစင်သွားစေဖို့ အသုံးပြုပြီးတိုင်း ဆပ်ပြာရေနွေးနဲ့ သေချာဆေးကြောပေးပါ။

ယောက်မ၊ ထိပ်ပြားဇွန်း

ယောက်မ၊ ထိပ်ပြားဇွန်း စတာတွေကိုသုံးပြီး တိုင်းဆေးကြောမှုမရှိရင် ပိုးမွှားတွေ ကပ်ငြိနေတတ်ပါတယ်။ ဒါကြောင့် ထမင်းခပ်တဲ့ ထိပ်ပိုင်းကိုသာမက လက်ကိုင်ကိုလည်း ကောင်းစွာဆေးကြော သန့်ရှင်းသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top