Healthy Life Ad
Health Tips

အမျိုးသား ရင်သားကြီးခြင်းကို ခွဲစိတ်စရာမလိုဘဲ လျှော့ချနိုင်မည့် နည်းများ

၊ ဦးမိုး ၊
အမျိုးသားတွေအတွက် ရင်သားကြီးနေတာကလည်း စိတ်အနှောင့်အယှက်ဖြစ်စရာ အခြေအနေတစ်ခုပါ။ အဲဒီအခါ ခွဲစိတ်ကုသစရာမလိုဘဲ အောက်ပါသဘာဝနည်းတွေနဲ့ ရင်သားတင်းရင်း သန်စွမ်းကျစ်လျစ်လာအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။
– ခန္ဓာကိုယ်ကနေ ကျားဟော်မုန်းတွေ သဘာဝအတိုင်း ထွက်ရှိလာအောင် ပံ့ပိုးပေးမယ့် အားဆေးကို ပုံမှန်မှီဝဲပေးရပါမယ်။
– စတီးရွိုက်ဆေးတွေနဲ့ တက်စတိုစတီရုန်း ဟော်မုန်းဆေးတွေကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ ကိုယ့်သဘောနဲ့ကိုယ် မသောက်ပါနဲ့။
– ကိုယ်အလေးချိန်ကို အဝမလွန်စေဘဲ တတ်နိုင်သမျှ လျှော့ချပေးမှသာ ရင်သားအရွယ်အစားက သိသိသာသာ လျော့ကျသွားမှာပါ။
– တစ်နေ့တာ စားသမျှ အစာထဲမှာ အစိမ်းရောင် ဟင်းသီးဟင်းရွက်၊ အထူးသဖြင့် အစိမ်းလိုက်စားနိုင်တဲ့ အမျိုးအစားက ၇၀ ရာခိုင်နှုန်းလောက် ပါဝင်နေပါစေ။
– ရင်ဘတ်ကြွက်သားတွေ သန်စွမ်းတင်းရင်းအောင် လေ့ကျင့်ခန်းကို ပုံမှန်လုပ်ဆောင်ပေးပါ။ ဒါမှသာ ရင်ဘတ်တွဲကျမှု ကင်းစင်ပြီး တင်းရင်းကျစ်လျစ်နေမှာ ဖြစ်ပါတယ်။
– အရက်နဲ့ မူးယစ်ဆေးဝါးတွေကို မမှီဝဲပါနဲ့။ ဒါတွေက အီစထရိုဂျင်ဟော်မုန်း အထွက်တိုးစေနိုင်ပါတယ်။
– နေ့တိုင်း အနည်းဆုံး ရေ ၃လီတာခန့် သောက်ပေးပါ။ ဒါမှသာ ကိုယ်တွင်းအဆီပိုတွေကို ကင်းစင်စေပြီး တစ်ကိုယ်လုံးအနှံ့ သွေးစီးဆင်းမှုကို ကောင်းမွန်စေမှာပါ။
(Ref;HD)

Most Popular

Healthy Life Ad
To Top