Healthy Life Ad
Health Tips

တစ်နေ့ အချိန် ၁၅ မိနစ်ပေးပြီး လုပ်သင့်သော ကျန်းမာရေးအကျင့်ကောင်း

ဒေါက်တာမိုးအောင်ကျော်နိုင်

အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး

လူတွေ မအားလပ်လို့ တစ်နေ့လုံး အချိန်မပေးနိုင်တဲ့ သူတွေအတွက် တစ်နေ့ ၁၅ မိနစ်လောက် အချိန်ပေးပြီး လေ့ကျင့်ခန်းနှစ်ခုကိုလုပ်ဖို့ အကြံပေးချင်ပါတယ်။

(၁) စိတ်ဓာတ်ကြံ့ခိုင်ရေး (Mental Exercise)

စိတ်ဓာတ်ကြံ့ခိုင်ဖို့အတွက် တရားမှတ်၊ တရားနာတာကို လုပ်သင့်ပါတယ်။ တစ်နေ့လုံး အလုပ်တွေ ဘယ်လောက်ရှုပ်ရှုပ် ညအိပ်ခါနီးတိုင်း တရားမှတ်၊ တရားနာတာကို လုပ်ပေးရပါမယ်။ တရားထိုင်တာက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်မှုပုံစံ (Healthy LifeStyle)ထဲမှာ ပါဝင်ပါတယ်။

(၂) ခန္ဓာကိုယ် ကြံ့ခိုင်ရေး (Physical Exercise)

ခန္ဓာကိုယ် ကြံ့ခိုင်သန်စွမ်းဖို့နဲ့ ကျန်းမာဖို့အတွက် အားကစားလုပ်ပေးဖို့ လိုပါတယ်။ ဒါပေမဲ့ အားကစားမလုပ်နိုင်ရင် ချွေးစို့ရုံ ခပ်သွက်သွက် လမ်းလျှောက်ပေးရပါမယ်။ တကယ်တော့ တစ်နေ့ မိနစ် ၃၀ လေ့ကျင့်ခန်း လုပ်သင့်ပေမယ့် လုံးဝမလုပ်နိုင်တာနဲ့စာရင် ၁၅ မိနစ် လောက် အချိန်ပေးပြီး လုပ်နိုင်ရင်လည်း မဆိုးပါဘူး။

ဒီလို ကျန်းမာရေးကောင်းစေတဲ့ အမူအကျင့်တွေကို အမြဲထိန်းသိမ်း လုပ်ဆောင်ပေးမယ်ဆိုရင် ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာပါ။

Most Popular

Healthy Life Ad
To Top