Healthy Life Ad
Child

ကလေးများမွေးသောလနှင့် ကျန်းမာရေးဆက်စပ်မှု

၊ လရိပ်မေ ၊

ကလေးမွေးတဲ့လဟာ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ကျန်းမာရေးအပေါ် သိသာတဲ့သက်ရောက်မှု ဖြစ်စေတယ်လို့ လေ့လာမှုအရ သိရပါတယ်။

– နွေရာသီတွင် မွေးသော ကလေးဖြစ်လျှင်

နွေရာသီမှာ မွေးတဲ့ ကလေးတွေက တခြားအချိန်တွေမှာ မွေးတဲ့ ကလေးတွေထက် ပိုပြီး ကျန်းမာကြပါတယ်။ အကြောင်းကတော့ နွေရာသီမှာ ကိုယ်ဝန်ဆောင်မိခင်က ဗီတာမင်ဒီရရှိမှု ပိုများတာကြောင့် ဖြစ်ပါတယ်။

နွေမှာမွေးတဲ့ ကလေးတွေက အပျိုဖော်ဝင်ချိန်ကို နောက်ကျမှ စတင်တတ်တာကြောင့် အရွယ်ရောက်ချိန်မှာ ကျန်းမာတယ်လို့ လေ့လာမှုအရ သိရပါတယ်။ မိန်းကလေးတွေ အပျိုဖော်ဝင်ချိန် စောတာက ဆီးချိုရောဂါ၊ နှလုံးရောဂါနဲ့ ရင်သားကင်ဆာ ရောဂါဖြစ်နှုန်း ပိုမိုမြင့်တက်မှု ရှိပါတယ်။

နွေမှာမွေးတဲ့ ကလေးတွေက မျက်စိအနီးမှုန်နိုင်ခြေ ပိုများတယ်လို့ ဆိုပါတယ်။

– မိုးရာသီတွင် မွေးသော ကလေးဖြစ်လျှင်

ဇွန်လ၊ ဇူလိုင်လနဲ့ သြဂုတ်လတွေမှာ မွေးတဲ့ ကလေးတွေက မွေးတဲ့အချိန်မှာ ကိုယ်အလေးချိန်များတတ်ပြီး အရွယ်ရောက်ချိန်မှာ အရပ်ရှည်တတ်ပါတယ်။ မိုးရာသီမှာ မွေးတဲ့ ကလေးတွေက ဆောင်းရာသီမှာ မွေးတဲ့ ကလေးတွေထက် အရိုးတွေလည်း ပိုကြီးမားသန်စွမ်းမှု ရှိပါတယ်။

– ဆောင်းရာသီတွင် မွေးသော ကလေးဖြစ်လျှင်

ဆောင်းရာသီမှာ မွေးတဲ့ ကလေးတွေက အစာနဲ့ဓာတ်မတည့်မှု့ ဖြစ်နိုင်ခြေ ပိုများပါတယ်။ ဆောင်းတွင်း မွေးတဲ့ကလေးတွေဟာ အိမ်တွင်း ဖုန်မှုန့်မွှားတွေလို ဓာတ်မတည့်မှု ဖြစ်စေတဲ့အရာတွေနဲ့ ထိတွေ့နှုန်းမြင့်မားပြီး ပန်းနာရင်ကျပ်ရောဂါ ဖြစ်နှုန်း ပိုများတတ်ပါတယ်။ ၁၉၃၀ အစောပိုင်း လေ့လာမှုအရ ဆောင်းမှာ မွေးတဲ့ကလေးတွေက ကြီးထွားဖွံ့ဖြိုးမှု နှုန်းနှေးပြီး စိတ်ကျန်းမာရေးထိခိုက်မှု ဖြစ်လွယ်တယ်လို့ သိရပါတယ်။

(Ref;DM)

Most Popular

Healthy Life Ad
To Top