Healthy Life Ad
Health Tips

အာရုံစူးစိုက်မှု့ကောင်းအောင် ဘယ်လိုလုပ်သင့်သလဲ

၊ စူး (ဆေးဝါးတက္ကသိုလ်) ၊

ကျောင်းသား၊ ကျောင်းသူတွေ သင်ခန်းစာလေ့လာတဲ့အခါ၊ ဝန်ထမ်းတွေအလုပ်လုပ်တဲ့အခါ ကိုယ်လုပ်ရမယ့်အရာပေါ် အမြဲတမ်းအာရုံစူးစိုက်မှု့ အားကောင်းနေစေဖို့ အောက်ပါအချက်တွေကို လိုက်နာသင့်ပါတယ်။

– အပြင်ထွက် လမ်းလျှောက်ပါ

အပြင်ထွက်ပြီး စိမ်းလန်းတဲ့သစ်ပင်တွေကြား ခပ်သွက်သွက် လမ်းလျှောက်လိုက်ပါ၊ စိတ်ကို လန်းဆန်းစေပြီး အတွေးတွေကို ရှင်းလင်းသွားစေမှာ ဖြစ်ပါတယ်။

– ဖေ့စ်ဘွတ်ခ် အမြဲမသုံးပါနှင့်

သင့်ဖေ့စ်ဘွတ်ခ်က New Feed ကို ခုနစ်မိနစ်ကြာတိုင်း တစ်ခါဆိုသလို စစ်ဆေးမနေပါနဲ့။ လုပ်ရမယ့်အလုပ် ဒါမှမဟုတ် လေ့လာရမယ့် သင်ခန်းစာတွေကို အာရုံစိုက်နိုင်စွမ်း လျော့ကျစေပါတယ်။

– စာကြည့်ချိန်၊ အလုပ်လုပ်ချိန် သတ်မှတ်ပါ

ကျောင်းသားတွေ စာကြည့်တဲ့အခါ၊ ဝန်ထမ်းတွေ အလုပ်လုပ်တဲ့အခါ အနှောင့်အယှက်၊ အဟန့်အတားတွေက မလွဲမသွေလာမယ့် အရာတွေပါ။ အလုပ်ပြီးတဲ့အထိ အနှောင့်အယှက် ကင်းစေဖို့ လက်ကိုင်ဖုန်းကိုပိတ်ထားပါ၊ မတ်တပ်ရပ်ပြီး တစ်ကိုယ်လုံး အကြောဆန့်လိုက်ပါ၊ ရေတစ်ခွက်သောက်ပြီး လုပ်ရမယ့်အလုပ်ကို စတင်ဆောင်ရွက်ပါ။

– တစ်နေ့တာ လုပ်ဆောင်မည့် စာရင်းကို ပြုစုလိုက်နာပါ

မနက်မိုးလင်းတာနဲ့ ဒီတစ်နေ့လုံး ငါဘာတွေပြီးစီးအောင် လုပ်မယ်ဆိုတဲ့စိတ်နဲ့ စာရင်းပြုစုလိုက်ပါ။ လုပ်ရမယ့် အလုပ်တစ်ခုပြီးတိုင်း အဲဒါကိုအမှန်ခြစ် ခြစ်ထားလိုက်ပါ။ နောက်လုပ်ရမယ့် တစ်ခုအတွက် အာရုံစိုက်နိုင်စွမ်း ပိုလာစေပါတယ်။

– အလုပ်နေရာကို ရှင်းလင်းပါ

အလုပ်နေရာကို ရှင်းလင်းလိုက်တာကြောင့် စိတ်ရောကိုယ်ပါ ကြည်လင်စေပြီး လုပ်ရမယ့်အလုပ်အပေါ် အာရုံစိုက်နိုင်စွမ်း ပိုကောင်းလာစေပါတယ်။

(Ref;focused)

Most Popular

Healthy Life Ad
To Top