ဒေါက်တာသီရိ (MBBS,MPH,DCH) ဘားအံတွင် အသက် ၁၁ လအရွယ် သမီး လေးတစ်ယောက် အူစွပ်ပြီး ဆုံးသွားသည့် အကြောင်းကို မိခင်ဖြစ်သူက ဖေ့စ်ဘွတ်ခ်တွင် တင်လိုက်ရာ လူအများ စိတ်မကောင်းဖြစ်ကြရ သည်။ ကလေးမိဘများလည်း ထိတ်လန့်သွားခဲ့ ကြသည်။ ကလေးမိခင်က သမီးလေးကို...
၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်) ကလေးရှေ့မှာ အကြီးအကျယ်ရန်ဖြစ်ပြီး တစ်ဦးနဲ့တစ်ဦး ထိခိုက်နာကျင်အောင်လုပ်ရင် ကလေးမှာ စိတ်ဒဏ်ရာရနိုင်ပါတယ်။ ဒါ့အပြင် မီးအကြီးအကျယ်လောင်တာ၊ ငလျင်လှုပ်တာ၊ ရေကြီးတာစတဲ့ သဘာဝဘေးအန္တရာယ်တွေကြုံရရင်လည်း ကလေးမှာ စိတ်ဒဏ်ရာရတတ်ပါတယ်။ စိတ်ဒဏ်ရာရနေချိန်မှာ ကလေးငယ်ကို လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်ကို ရောက်ရှိသွားပြီဆိုတဲ့...
၊ စူး ၊ (ဆေးဝါးတက္ကသိုလ်) လက်မစုပ်တာက ကလေးတွေလုပ်လေ့လုပ်ထရှိတဲ့ အကျင့်တစ်ခုပါ။ သူတို့အနေနဲ့ သက်သောင့်သက်သာနေလိုတဲ့အတွက် လက်မစုပ်ရတာဖြစ်ပြီး ဒီအကျင့်က စိတ်သက်သာရစေပါတယ်။ ဒါပေမဲ့ လက်မစုပ်တဲ့အတွက် ကလေးငယ်ကူးစက်ပိုးဝင်တဲ့ အန္တရာယ်ရှိသလို မူကြိုတက်တဲ့အရွယ်အထိ အကျင့်ပါသွားမှာကိုလည်း စိုးရိမ်ရပါသေးတယ်။ (၁) ကလေးလက်မစုပ်တာကို လူရှေ့မှာမဟန့်တားပါနဲ့။...
ဒေါက်တာသီရိ (MBBS, MPH, DCH) နို့ပွေး နို့ပွေးဆိုတာ ပါးစပ်ထဲကျန်ခဲ့တဲ့ နို့အစအနလေးတွေကြောင့်ဖြစ်တာပါ။ ရေစိုအ၀တ်၊ ဂွမ်းလုံးလေးနဲ့ပွတ်ပြီး အလွယ်တကူဖယ်လို့ရပါတယ်။ အစားအသောက်မပျက်တတ်ပါဘူး။ နာကျင်တာမျိုးလည်း မခံစားရပါဘူး။ ပုံမှန်ခံတွင်းသန့်ရှင်းရေး လုပ်ပေးဖို့ပဲလိုပါတယ်။ မှက္ခရု မှက္ခရုကတော့ Candida လို့ခေါ်တဲ့ Yeast မှိုတစ်မျိုးကြောင့်ဖြစ်တာပါ။...
ဒေါက်တာကျော်လင်း (ကလေးဦးနှောက်အာရုံကြောအထူးကုဆရာဝန်ကြီး) ကလေးတစ်ယောက် တက်ပြီဆိုရင် မိဘဆွေ မျိုးတွေရော ဆရာဝန်ပါ စိုးရိမ်စိတ်နဲ့ ဂရုတစိုက် စောင့်ကြည့်စစ်ဆေးပြီး လိုအပ်ရင် စနစ်တကျ ကုသမှု ပေးရပါတယ်။ ဆရာဝန်ဖက်ကကြည့်ရင် လောလောဆယ်တက်နေတဲ့ ကလေးကို အရေးပေါ် ပြုစုမှုပေးဖို့ လိုအပ်သလို တက်ပါတယ်ဆိုပြီးလာတဲ့ ကလေးတစ်ယောက်မှာ...
ပါမောက္ခဦးစောဝင်း(ကလေးအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း မေး။ ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)ရဲ့ စစ်တမ်းအရ မြန်မာနိုင်ငံမှာ ကလေးတီဘီဖြစ်ပွားနှုန်း မြင့်မားတယ်လို့ သိရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ကလေးတီဘီဖြစ်နှုန်းက ဘာကြောင့်များရတာလဲ ဆိုတာသိချင်လို့ပါ ဆရာ။ ဖြေ။ ။ ကလေးတီဘီက လူကြီးတီဘီလို...
မေး။ ။ ကလေးအသက် ၁၀ လရှိပြီ။ ထမင်းသိပ်မစားဘူး ဖြစ်နေတယ်။ ဘာအားဆေးတိုက်ရမလဲဆရာ။ ဝေေ၀စန်း(FB) ဒေါက်တာမြတ်ထွဋ်ညွန့် ဖြေကြားသည်။ ဖြေ။ ။ ကလေးကို အတတ်နိုင်ဆုံး မလိုအပ်ဘဲနဲ့ အားဆေးတိုက်တာ မကောင်းပါ။ ပုံမှန်ဖွံဖြိုးမှု ရှိ၊ မရှိ နီး...
ဒေါက်တာသီရိ (MBBS,MPH,DCH) ရေကျောက်ပေါက်တာကို အင်္ဂလိပ်လို Chicken pox လို့ ခေါ်ပါတယ်။ ရောဂါလက္ခဏာများ အများအားဖြင့် ဖျားမယ်၊ အရည်ကြည်ဖုပါတဲ့ အနီကွက်တွေပေါ်မယ်၊ ကလေးအတွက် အခံရအ ခက်ဆုံးကတော့ အရမ်းယားတာပါပဲ။ ကလေးကနေမထိ ထိုင်မသာ ဖြစ်နေနိုင်ပါတယ်။ ယားလို့ ကုတ်ရင်း...
မေး။ ။ ကျွန်မကလေးက အစားအသောက်ကို မြန်မြန်ပလုတ်ပလောင်းစားတတ်တဲ့ အကျင့်ရှိပါတယ်။ အဲဒီလို စားတဲ့အကျင့်ကြောင့် ဘယ်လို နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်တတ်ပါသလဲ။ အဲဒီလို ပလုတ်ပလောင်း မစားအောင် ဘယ်လို ကျင့်ပေးရပါ့မလဲ။ နန်းမွှေး၊ တောင်ကြီး။ ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး)...
၊ စူး ၊ (ဆေးဝါးတက္ကသိုလ်) ငယ်သွားလဲချိန် ဆိုတာ ကလေးသွားတွေနဲ့ လူကြီးသွားတွေ လဲလှယ်ပေါက်နေတဲ့ အချိန်ဖြစ်ပြီး အသက် ၆ နှစ်ကနေ ၁၂နှစ်အတွင်း ဖြစ်ပါတယ်။ – ကလေးကသွားပွတ် တံကိုကိုင်ပြီး သူ့ဘာသာ တိုက်တတ်တဲ့ အရွယ်ရောက်လာရင် ကလေးသုံးသွား...