ပါမောက္ခဒေါက်တာဉာဏ်ဝင်းကျော် (ဦးနှောက်နှင့် စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး) အသက် ၇၀အရွယ် ပြင်သစ်အမျိုးသမီးကြီးဆိုဖီဟာ ဧည့်လမ်းညွှန်အမျိုးသမီးငယ်တစ်ဦး၊ ခရီးသွားအေဂျင်စီက တာဝန်ရှိအမျိုးသမီးကြီး တစ်ဦးတို့နဲ့အတူ ဆရာ့ရုံးခန်းရှေ့က ခုံတန်းတွေမှာစောင့်နေကြပါတယ်။ ဆိုဖီရဲ့စိတ်ထဲမှာတော့ လေယာဉ်ကွင်းရောက်နေတယ်လို့ ထင်နေပါတယ်။ သူနဲ့အတူပါလာတဲ့ ဧည့်လမ်းညွှန်နဲ့ ခရီးသွားအေဂျင်စီက အမျိုးသမီးတို့ကို “ငါရဲ့လေယာဉ်လက်မှတ်ဘယ်မှာလဲ၊ ဘယ်အချိန်လေယာဉ်ပေါ်တက်ရမှာလဲ”လို့ တတွတ်တွတ်မေးနေပါတယ်။...
– သင်နဲ့ ပေါင်းသင်းဆက်ဆံကာ ထိတွေ့နေရသူအားလုံးကို ယုံကြည်မှုထားပါ။ – ဓာတ်ပုံအရိုက်ခံပါ ဒါမှမဟုတ် Selfie ရိုက်ပါ။ ဓာတ်ပုံထဲမှာ လှအောင် ပြုံးပြုံးလေးနေတာကြောင့် စိတ်ကြည်နူးစေတဲ့ ဟော်မုန်းတွေထွက်လာပြီး ပတ်ဝန်းကျင်အပေါ် အကောင်းမြင်လာနိုင်ပါတယ်။ – စိတ်ဖိစီးမှုဖြစ်စရာ ကြုံလာတိုင်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိရှိ ရင်ဆိုင်ဖြေရှင်းပါ၊...
ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး – အငြိမ်းစား) သြစတြေးလျနိုင်ငံမှာ ဆရာဝန်တိုင်း၊ သူနာပြုတိုင်းနဲ့ ကျန်းမာရေးပညာရှင်တိုင်းဟာ “စဉ်ဆက်မပြတ် ပညာတိုးပွားရေးလုပ်ငန်း” (Continuous Professional Development) (စီပီဒီ)မှာ ပါဝင်လှုပ်ရှားနေရတယ်။ ဆရာဝန်၊ သူနာပြုမှတ်ပုံတင်လက်မှတ် နှစ်စဉ်အသစ်လဲဖို့အတွက် စီပီဒီလုပ်ငန်းမှာ တစ်နှစ်ပတ်လုံးပါဝင်လုပ်ဆောင်ခဲ့တဲ့ အထောက်အထားတွေကို ပြသလျှောက်ထားရတယ်။...
ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးဆရာဝန်ကြီး – အငြိမ်းစား) “အစွဲအလန်းလွန်ကဲ ထပ်တလဲလဲ ပြုမူတတ်တဲ့ ‘အိုစီဒီ’ကို စိုးရိမ်သောကလွန်ကဲ ဝေဒနာတစ်မျိုး လို့ ပြောနိုင်ပါသလား ဆရာ” “ဟုတ်ပါတယ်။ ‘အိုစီဒီ’ကို စိုးရိမ်သောကလွန်ကဲဝေဒနာ အုပ်စုဝင်ရောဂါတစ်မျိုးလို့ သတ်မှတ်ထားတယ်။ ထပ်တလဲလဲ ပေါ်ပေါက်လာတဲ့၊ လက်ခံလို့မရတဲ့ အတွေးတွေကြောင့်...
ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးဆရာဝန်ကြီး – အငြိမ်းစား) “အစွဲအလန်းလွန်ကဲ ထပ်တလဲလဲ ပြုမူတတ် တဲ့ အိုစီဒီရောဂါကိုကုသတဲ့ စိတ်ကုထုံးကိုဆက်ပြောပါ ဆရာ” “အတွေးအခေါ် ပြုပြင်ပေးတဲ့ ကုထုံး (Cognitive Therapy)ကိုလည်း အသုံးပြုကြပါတယ်။ ဒီကုထုံးမှာ လူနာကို အိုစီဒီအတွေးတွေနဲ့ ဆန့်ကျင်တဲ့ စိတ်လေ့ကျင့်ခန်းဆောင်ရွက်ဖို့...
ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးဆရာဝန်ကြီး – အငြိမ်းစား) “အစွဲအလန်းလွန်ကဲထပ်တလဲလဲလုပ်တဲ့ရောဂါ(အိုစီဒီ)အကြောင်းကို ဆက်လက်ဆွေးနွေးကြမယ်” “အစွဲအလန်းကြီးတဲ့ အတွေးတွေထဲမှာ လိင်ဆန္ဒနဲ့ပတ်သက်တဲ့အတွေး၊ မိမိကိုးကွယ်ယုံကြည်တဲ့ ဘာသာရေးနဲ့သက်ဆိုင်တဲ့အတွေးတွေကို ရှင်းပြပါဆရာ” “စာအုပ်ထဲမှာဖတ်ဖူးတဲ့ လူနာတစ်ယောက်အကြောင်းကို ပြောပြမယ်။ သူက အသက် ၄၀ အရွယ် အိမ်ထောင်ရှင်ယောကျာ်း။ “လိင်တူချစ်စိတ်” ရှိတဲ့...
ပါမောက္ခဒေါက်တာဉာဏ်ဝင်းကျော် (ဦးနှောက်နှင့် စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး) ဒီနေ့ ဆရာ့ဆီ ရောက်လာတဲ့ ဒေါ်ထားဝေဟာ မျက်လုံးက ပြူးကျယ်ပြီး စိတ်ထဲမှာ မွန်းကျပ်နေတဲ့ ပုံမျိုးနဲ့ . . အစ်မဖြစ်သူက အတင်းခေါ်လာလို့ရောက်လာခဲ့တာပါ။ တကယ်တော့ ဒေါ်ထားဝေက အခုမှ ဆရာ့ဆီ လာပြတဲ့ လူနာမဟုတ်ပါဘူး။...
ပါမောက္ခဒေါက်တာဉာဏ်ဝင်းကျော် (ဦးနှောက်နှင့် စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး) ရိုစီက ၉တန်းအထိ အတန်းထဲမှာ စာတော်တဲ့ ကျောင်းသူဖြစ်ခဲ့တယ်။ ၁၀တန်းမှာတော့ ရိုစီဟာ သူငယ်ချင်းအသစ်တွေပါရလာခဲ့ပြီး ပေါင်းသင်းတဲ့ မိန်းကလေးသူငယ်ချင်းတွေထဲက နှစ်ယောက်က အရက်နဲ့ စီးကရက်သောက်တတ်သလို စိတ်ကြွဆေးကိုပါ သုံးတတ်တယ်။ အဲဒီသူငယ်ချင်းနှစ်ယောက်က အတန်းချိန်နားတိုင်း ဆရာ၊ ဆရာမအလစ်မှာ...
တစ်ခါတစ်ရံမှာ လူတွေအများကြီးနဲ့ စုဝေးနေရရင်တောင် ကိုယ်တစ်ယောက်တည်း သီးသန့်ရှိနေသလိုမျိုး စိတ်ဓာတ်ကျနေတတ်ပါတယ်။ ဒီလိုမဖြစ်စေဖို့ စိတ်ကျဝေဒနာ ကင်းဝေးစေမယ့် နည်းလမ်းကောင်းလေးတွေကို မျှဝေလိုက်ပါတယ်။ (၁) စိတ်ဖိစီးမှုကင်းပြီး စိတ်အေးအေးနေတတ်အောင် တည်ဆောက်ပါ။ အဓိက မိမိကိုယ်ကိုယ်ယုံကြည်မှုရှိအောင် ကြိုးစားနေထိုင်ပါ။ (၂) စိတ်ဓာတ်ကျနေချိန်မှာ အိမ်မှာတစ်ဦးတည်း အခန်းပိတ်နေတာမျိုး၊...
ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးဆရာဝန်ကြီး – အငြိမ်းစား) စိတ်ကျန်းမာရေး ဆေးပညာဘွဲ့လွန်သင်တန်းတစ်ခုမှာ စာရေးသူနဲ့ ဘွဲ့လွန်သင်တန်းသား ဆရာဝန်တွေ ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။ အဲဒီနေ့က “အစွဲအလန်းလွန်ကဲ ထပ်တလဲလဲ ပြုမူခြင်းရောဂါ” (Obsessive Compulsive Disorder)အကြောင်းကို ဆွေးနွေးဖြစ်တယ်။ စိတ်ထဲမှာ ပေါ်ပေါက်လာတဲ့ အစွဲအလန်းကြောင့်...