ပါမောက္ခဒေါ်သန်းသန်းအေး(ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) အင်ဆူလင်ထိုးရင် အသက်တိုမယ်၊ သက်တမ်း ကုန်တော့မယ် ဆိုတဲ့ အယူအဆဟာ ဆီးချိုလူနာနဲ့ သူတို့မိသားစုတွေရဲ့ အသည်းနှလုံးထဲမှာ စွဲနေတတ်တဲ့ အယူအဆတစ်ခု ဖြစ်ပါတယ်။ ဒီယူဆချက်တွေ ကို လေပင့်သလို ပိုဆိုးသွားစေတာကတော့ နားမလည်တဲ့ အသိမိတ်ဆွေတွေရဲ့ အားပေးစကားတွေပဲ ဖြစ်ပါတယ်။...
ပါမောက္ခဦးကိုကို ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း ယခင်တစ်ပတ်မှအဆက် မေး. အင်ဆူလင်ကို ဘယ်အချိန် ထိုးရမလဲဆရာ။ ဖြေ. အမျိုးအစား(၁) ဆီးချိုရောဂါရှိသူတွေက ရောဂါ စဖြစ်တာနဲ့ အင်ဆူလင်ဆေးထိုးရပါတယ်။ ဖြေ. အမျိုးအစား(၂) ဆီးချိုရောဂါရှိသူတွေက ဆေးသောက်ပေမယ့် အင်ဆူလင် ထုတ်နိုင်စွမ်းမရှိတော့ တဲ့ အခြေအနေရောက်ရင်...
ပါမောက္ခဦးကိုကို(ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း) မေး ။ ဆီးချိုသွေးချိုရောဂါအကြောင်း သိပါရစေ ဆရာ။ ဖြေ ။ ဆီးချိုသွေးချိုရောဂါဆိုတာ ခန္ဓာကိုယ်ထဲမှာ အင်ဆူလင်ဟော်မုန်းအထွက် နည်းလို့ ဖြစ်ပါတယ်။ အင်ဆူလင်ဟော်မုန်း က ပန်ကရိယဆိုတဲ့ မုန့်ချိုအိတ်မှာ ရှိတဲ့ B-cell ကထွက်ပါတယ်။ လူတစ်ယောက်...
ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) သိသင့်သိထိုက်သော ဆီးချိုသွေးချိုရောဂါ အကြောင်းအရာများ(၂) အမျိုးအစား(၂) ဆီးချိုသွေးချိုရောဂါသည်တွေဟာ နှစ်ကြာလာတာနဲ့အမျှ တဖြည်းဖြည်း သွေးချိုတွေ ထိန်းရခက်လာပါတယ်။ ဆေးတွေလည်း ပိုပြီးသုံးဖို့လိုအပ်လာပါတယ်။ စားဆေးတွေမနိုင်တော့ရင် အင်ဆူလင်ထိုးရပါမယ်။ မထိုးဘဲနေရင်လည်း နောက်ဆက်တွဲရောဂါဆိုးတွေက ကိုယ့်ဆီကိုပြေးပြီး ဝင်လာနေသလိုဖြစ်ပါမယ်။ အင်ဆူလင်ထိုးမှသာ ဒီရောဂါဆိုးတွေကို...
ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) သိသင့်သိထိုက်သော ဆီးချိုသွေးချိုရောဂါ အကြောင်းအရာများ(၂) အင်ဆူလင် ဘယ်နှစ်ကြိမ်ထိုးရမလဲ အင်ဆူလင် ဘယ်နှစ်ကြိမ်ထိုးရမလဲဆိုတော့ထိုးတဲ့ အင်ဆူလင်က ဘယ်လောက်တာရှည်ခံသလဲပေါ်မှာ မူတည်ပါတယ်။ အင်ဆူလင်အမျိုးအစားအလိုက် တာတိုခံအင်ဆူလင်(အရောင်ကြည်လင်)ဟာ ၆နာရီခန့်တာရှည်ခံပြီး့ တာရှည်ခံအင်ဆူလင် (အရောင်နောက်) ဟာ ၁၂ နာရီခန့် တာရှည်ခံပါတယ်။...