—–၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊—– ချောင်းဆိုးခြင်း အက်စစ်ဆန်တက်တာကြောင့်ဖြစ်တဲ့ လည်ချောင်းယားယံတဲ့ဝေဒနာဟာ နံနက်စောစောမှာ ချောင်းဆိုးစေနိုင်ပါတယ်။ အိပ်စက်စဉ် လှဲလျောင်းနေတာကြောင့် အစာအိမ်ကနေ အစာရေမျိုပြွန်နဲ့ အပေါ်ပိုင်း အသက်ရှူလမ်းကြောင်းဆီကို အက်စစ်ဆန်တက်စေနိုင်ပါတယ်။ အဲဒီအခါ စပ်ဖျဉ်းဖျဉ်းခံစားရပြီး ချောင်းဆိုးစေနိုင်ပါတယ်။ ဒီလိုမဖြစ်စေဖို့ ညဉ့်နက်ချိန်မှာ အစာများများစားတာကိုရှောင်ပြီး...
စူး (ဆေးဝါးတက္ကသိုလ်) ချစ်သူနဲ့လမ်းခွဲရချိန်၊ အချစ်ဆုံးသူငယ်ချင်းနဲ့ ဝေးတဲ့အချိန် စတဲ့ဘဝမှာ စိတ်ဖိစီးမှုများပြီး နာကျင်ဝမ်းနည်းကြေကွဲရတဲ့ အခိုက်အတန့်တွေမှာ လူအများစုဟာ စိတ်ထွက်ပေါက်အနေနဲ့ ကယ်လိုရီများတဲ့ အစာတွေကို စားမိတတ်ပါတယ်။ အဲဒီအခါ ကိုယ်အလေးချိန်က မတန်တဆ မြင့်တက်လာတတ်တဲ့အပြင် စိတ်ဖိစီးမှုလည်း လျော့ပါးမှာ မဟုတ်ပါဘူး။ ဒါကြောင့်...
ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား) ကမ္ဘာတစ်ဝန်းလုံးမှာ အသက် ၆၀ ကျော် သက်ကြီးရွယ်အိုဦးရေ တိုးပွားနေပါတယ်။ ၂၀၁၅ ခုနှစ်က တစ်ကမ္ဘာလုံးရှိ လူဦးရေရဲ့ ၁၂ ရာခိုင်နှုန်းက သက်ကြီးရွယ်အိုတွေဖြစ်တယ်။ ၂၀၅၀ ပြည့်နှစ်ရောက်ရင် သက်ကြီးရွယ်အိုဦးရေဟာ တစ်ကမ္ဘာလုံးရှိ...
ကင်ဆာလူနာသစ်တွေအတွက် စိတ်ခွန်အားသန်စွမ်းပြည့်ဝဖို့ အထူးလိုအပ်ပါတယ်။ စိတ်ခွန်အားမြှင့်တင်နိုင်ဖို့နဲ့ စိတ်ထိန်းချုပ်မှု အားကောင်းစေဖို့ တရားမှတ်တာ၊တရားထိုင်တာ၊ ကိုယ်ယုံကြည် ကိုးကွယ်ဆည်းကပ်ရိုသေတဲ့ ဘာသာတရားကို လိုက်နာကျင့်ကြံတာတို့ လုပ်သင့်ပါတယ်။ ဒါ့အပြင် စိတ်လေ့ကျင့်ကစားနည်း၊ သိပ္ပံနည်းကျ သုတေသနပြုထားတဲ့ ကစားနည်းတွေကို ရွေးချယ်သင့်ပါတယ်။ ဥပမာပြောရရင် စစ်တုရင်ထိုးတာ၊ စာလုံးဆက်တွဲတာ၊ စာလုံးရှာတာ၊...
၊ မီမိုးမေ ၊ (ဆေးဝါးတက္ကသိုလ်) စိတ်ဓာတ်ကျတဲ့ဝေဒနာကို အနည်းငယ်ပဲဖြစ်ဖြစ် ခံစားရတဲ့အခါ စိတ်ကျခြင်းကင်းဝေးပြီး စိတ်ခံစားမှုချက်ချင်း မြင့်တက်လာစေဖို့ သဘာဝအိမ်တွင်းကုထုံးတွေကို လိုက်နာသင့်ပါတယ်။ – သဘာဝဆေး လက်ဖက်စိမ်းလက်ဖက်ရည် လတ်လတ်ဆတ်ဆတ်နှပ်ထားတဲ့ လက်ဖက်စိမ်းလက်ဖက်ရည် သောက်တာကြောင့် စိတ်ကျဝေဒနာအသေးအမွှားကို ကင်းစင်စေတယ်ဆိုတာ သင်သိပါသလား။ အကြောင်းကတော့...
– ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) တစ်ခါတလေမှာ ကိုယ့်ကိုယ်ကိုယ်မသိဘဲ စိတ်ဓာတ်ကျနေတတ်ပါတယ်။ စိတ်ဓာတ်ကျတာကို ကိုယ့်ဘာသာသိရင် ကြိုတင်ပြီး ကာကွယ်နိုင်မှာပါ။ အောက်ပါလက္ခဏာတွေက စိတ်ကျရာဂါ ခံစားနေရကြောင်း ပြသတဲ့လက္ခဏာတွေဖြစ်တာကြောင့် ဘယ်လိုအချက်တွေနဲ့ ကိုက်ညီနေပြီလဲဆိုတာ ဆန်းစစ်ပြီး အဖြေရှာပြုပြင်သင့်ပါတယ်။ – ပင်ပန်းတယ်လို့ ခံစားနေရရင် ပုံမှန်အတိုင်း...
၊ ငွေကြယ်စင်ယံ ၊ အမျိုးသမီးတွေပဲ စိတ်ဓာတ်ကျတယ်ဆိုတဲ့ အထင်မှားတစ်ခုရှိပါတယ်။ တကယ်တော့ အမျိုးသားတွေကလည်း အမျိုးသမီးတွေနည်းတူ စိတ်ဓာတ်ကျတတ်ပေမယ့် စိတ်ဓာတ်ကျတဲ့အခါ ဖြစ်ပေါ်တတ်တဲ့ လက္ခဏာတွေက အများအားဖြင့် အမျိုးသမီးတွေနဲ့မတူတတ်ပါဘူး။ အမျိုးသားတွေ စိတ်ဓာတ်ကျတဲ့အခါ ဖြစ်ပေါ်ခံစားရတတ်တဲ့ လက္ခဏာတွေကို သိရှိနားလည်ထားမှသာ ဘေးပတ်ဝန်းကျင်က ဖြစ်စေ၊...
၊ စူး ၊ (ဆေးဝါးတက္ကသိုလ်) စိတ်မကြည်မလင်ဖြစ်ပြီး စိတ်ရှုပ်စိတ်ညစ်နေတဲ့အခါမျိုးမှာ စိတ်ဖိစီးမှုအဆင့်ကို လျော့ကျစေရုံသာမက စိတ်ခံစားမှုကို ကောင်းမွန်သွားစေဖို့ အစားအစာတချို့က ကူညီနိုင်ပါတယ်။ (၁) ထောပတ်သီး ဘာကြောင့်လဲ – ထောပတ်သီးမှာပါတဲ့ ပိုတက်စီယမ်နဲ့ မိုနိုမပြည့်ဝဆီတွေက စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ သွေးတိုးကိုကျစေနိုင်ပါတယ်။ ဘယ်လိုစားသင့်သလဲ...
၊ ငွေကြယ်စင်ယံ ၊ လေ့လာမှုတွေအရ စိတ်ဖိစီးမှုများတဲ့နေ့တွေမှာ ပြန်လည်သက်သာရာရစေဖို့ လူတွေ လုပ်လေ့ရှိတဲ့နည်းတွေက စိတ်ဖိစီးမှုကို ပိုတိုးစေကာ ရလဒ်မှားတွေကိုပဲ ရစေတယ်လို့ သိရပါတယ်။ တီဗီအကြည့်များခြင်း တစ်နေ့လုံး စိတ်ဖိစီးမှုများခဲ့ပြီးတဲ့နောက် တီဗီ ဒါမှမဟုတ် ဗီဒီယိုဂိမ်းတွေကို အကြာကြီး ကြည့်တာကြောင့် စိတ်ခံစားမှု...
၊ မီမိုးမေ ၊ (ဆေးဝါးတက္ကသိုလ်) အသက်ကြီးသူတွေရဲ့ ၁၅ ရာခိုင်နှုန်းလောက်မှာ စိတ်ကျဝေဒနာခံစားရတတ်ပါတယ်။ အကြောင်းရှာလိုက်တော့ အသက်ကြီးလာတာကိုက စိတ်ဓာတ်ကျစေတဲ့ အကြောင်းတစ်ချက်ဖြစ်နေတာကို တွေ့ရပါတယ်။ အိမ်ထောင်ပျက်တာ၊ အိမ်ထောင်ဖက်ကွယ်လွန်သွားတာ၊ နာတာရှည်ရောဂါဖြစ်တာနဲ့ စီးပွားရေးကျဆင်းသွားတာတွေကလည်း စိတ်ဓာတ်ကျစေတဲ့ အကြောင်းတွေထဲမှာ ပါဝင်နေပါတယ်။ အသက်ကြီးမှ စိတ်ကျဝေဒနာခံစားရပြီဆိုရင်...