Healthy Life Ad
Health Tips

ကင်ဆာလူနာနှင့် စိတ်ခွန်အား

ကင်ဆာလူနာသစ်တွေအတွက် စိတ်ခွန်အားသန်စွမ်းပြည့်ဝဖို့ အထူးလိုအပ်ပါတယ်။ စိတ်ခွန်အားမြှင့်တင်နိုင်ဖို့နဲ့ စိတ်ထိန်းချုပ်မှု အားကောင်းစေဖို့ တရားမှတ်တာ၊တရားထိုင်တာ၊ ကိုယ်ယုံကြည် ကိုးကွယ်ဆည်းကပ်ရိုသေတဲ့ ဘာသာတရားကို လိုက်နာကျင့်ကြံတာတို့ လုပ်သင့်ပါတယ်။

ဒါ့အပြင် စိတ်လေ့ကျင့်ကစားနည်း၊ သိပ္ပံနည်းကျ သုတေသနပြုထားတဲ့ ကစားနည်းတွေကို ရွေးချယ်သင့်ပါတယ်။ ဥပမာပြောရရင် စစ်တုရင်ထိုးတာ၊ စာလုံးဆက်တွဲတာ၊ စာလုံးရှာတာ၊ ဆုဒိုကုကစားတာ၊ ပဟေဠိအဖြေညှိတာ၊ ကွန်ပျူတာကစားနည်းတချို့ စတာတွေကို တစ်နေ့မှာ နာရီဝက် လေ့ကျင့်သင့်ပါတယ်။ ဒါတွေကို ပုံမှန်ကစားပေးရင် ဦးနှောက်၊ စိတ်ခွန်အားရင့်သန်ပြီး အာရုံစူးစိုက်မှု ပိုမိုတိုးတက် ကောင်းမွန်လာစေနိုင်ပါတယ်။

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းကို တစ်နေ့အနည်းဆုံး နာရီဝက်ခန့်ပြုလုပ်ပြီး စိတ်လေ့ကျင့်ကစားနည်းနဲ့အတူ ပူးတွဲလေ့ကျင့်တာကြောင့် ဦးနှောက်နဲ့ စိတ်ခွန်အားကို ပိုမိုမြင့်တက် ကောင်းမွန်စေနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top