၊ စူး (ဆေးဝါးတက္ကသိုလ်) ၊ သွေးဆုံးချိန်ဆိုတာ အမျိုးသမီးတစ်ယောက်ရဲ့ဘဝမှာ စိတ်အနှောင့်အယှက်ဖြစ်စရာ ကာလတစ်ခုပါ။ ဒါပေမဲ့ မကောင်းဘူးဆိုပြီး Remote Control နဲ့ ရစ်ပြီး ကျော်လိုက်လို့လည်း မရပါဘူး။ အမျိုးသမီးတိုင်း ရင်ဆိုင်ရမယ့် ဘဝအစိတ်အပိုင်းတစ်ခုပဲ ဖြစ်တာကြောင့် ဒီအချိန်မှာ ကျန်းမာပျော်ရွှင်ငြိမ်းချမ်းတဲ့...
၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်) စိတ်ဖိစီးမှုများနေရင် အန္တရာယ်ရှိတဲ့ အထက်ကနည်းလမ်းတွေကို လုပ်ဆောင်မယ့်အစား အောက်ပါနည်းတွေကို လုပ်ဆောင်သင့်ပါတယ်။ – တစ်ရေးအိပ်ပါ စိတ်ဖိစီးမှုကြောင့် ပင်ပန်းနွမ်းနယ်နေရင် နေ့ခင်းအချိန်မှာ မိနစ်၃၀-၄၀ ခန့် တစ်ရေးအိပ်ပါက သင့်ခန္ဓာကိုယ်ကို ဘက်ထရီအားသွင်းသလို အားပြည့်သွားစေပါတယ်။ –...
၊ စူး ၊ (ဆေးဝါးတက္ကသိုလ်) လူအများစုဟာ ဘဝမှာတစ်ချိန်မဟုတ် တစ် ချိန်ဆိုသလို စိတ်ဓာတ်ကျတတ်ပါတယ်။ စိတ်ဓာတ်ကျတဲ့အခါ အတွေ့ရများဆုံး လက္ခဏာတွေက အကူအညီမဲ့တာ၊ မျှော်လင့်ချက်မဲ့တာနဲ့ အားအင်မရှိ နုံးခွေတာတို့ ဖြစ်ကြပါတယ်။ အဲဒီလို စိတ်ဓာတ်ကျနေချိန်မှာ စိတ်ဓာတ်ပိုကျသထက် ပိုကျအောင် လုပ်ဆောင်ပေးနိုင်တဲ့...
ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား) စာရေးသူ ကုသခဲ့တဲ့ လူနာတွေ၊ လူနာရဲ့ မိသားစုဝင်တွေ၊ ဆွေမျိုးမိတ်ဆွေတွေ၊ စိတ်ကျန်းမာရေး သင်တန်းသားတွေနဲ့ စိတ်ကျန်းမာရေးဝန်ထမ်းတွေက သူတို့သိချင်တဲ့ စိတ်ကျန်းမာရေး ပြဿနာတွေကို မေးမြန်းလေ့ရှိပါတယ်။ အဲဒီအတွေ့အကြုံတွေကို ပြန်လည်စဉ်းစားပြီး “ရှင်းပြပါဆရာ” ဆောင်းပါးစဉ်ကို...
ရွှေဖရုံစေ့က စိတ်ခံစားမှုတိုးစေတဲ့ အစာဖြစ်တယ်လို့ လေ့လာမှုတစ်ခုအရ သိရပါတယ်။ စိတ်ခံစားမှုကောင်းချင်ရင် ကိတ်မုန့်၊ အချိုမုန့်နဲ့ ချောကလက်တွေစားတာထက် အစေ့အဆန့်တွေ စားတာက ပိုထိရောက်မှုရှိပါတယ်။ စိတ်ဓာတ်ကျနေတဲ့အခါ ကျန်းမာရေးနဲ့ အညီ အစာစားဖို့က အရေးကြီးဆုံး ဖြစ်ပါတယ်။ အစေ့အ ဆန်တွေထဲမှာ ရွှေဖရုံစေ့က စိတ်ခံစားမှု...
၊ ငွေကြယ်စင်ယံ ၊ ဒီနေ့ခေတ်မှာ စိတ်ဖိစီးမှုကို ရှောင်လွှဲနိုင်ဖို့က တကယ်ခက်ပါတယ်။ အလုပ်၊ မိသားစုနဲ့ လူမှုရေး တာဝန်တွေကြားမှာ စိတ်ဖိစီးမှုကို အနည်းနဲ့အများဆိုသလို ခံစားရမှာပဲဖြစ်ပါတယ်။ ဒီအချိန်မှာ အသားအရေက ခြောက်သွေ့တယ်၊ နွမ်းနယ်တယ်၊ အပြစ်အနာအဆာတွေ ထင်လွယ်တယ်ဆိုရင် ဒါဟာစိတ်ဖိစီးမှုကြောင့်ပါပဲ။ အကြောင်းကတော့...
ကျွန်မတို့တစ်တွေရဲ့ ကိုယ်နေဟန်အမူအရာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုဘယ်လောက်ရှိသလဲဆိုတာ ကိုပြသနေသလို စိတ်ဖိစီးမှုကို ဘယ်လောက်လျှော့ချနိုင်သလဲ၊ အောင်မြင်မှုကို ဘယ်လောက်အထိ ယုံကြည် မျှော်မှန်းသလဲဆိုတာကိုလည်း ပြသနိုင်တယ်လို့ လူမှုစိတ်ပညာရှင် အေမီကတ်ဒီက ဆိုပါတယ်။ ခန္ဓာကိုယ်အမူအရာက အလုပ်အင်တာဗျုး ဖြေဆိုရာမှာ၊ အများကြား စကားစမြည်ပြောဆိုရာမှာ အရေးပါသလို ကိုယ့်စိတ်အခြေအနေကိုလည်း...
– ငါစိတ်ကြည်နူးတယ်၊ ငါစိတ်တည်ငြိမ်တယ်၊ အရာရာကို ချစ်ခင်မြတ်နိုးတယ် စတဲ့ အေးချမ်းကြည်နူးတဲ့ စကားတွေကို ရေရွတ်ပေးပါ။ – တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာမှာထိုင်ပြီး မျက်စိတွေ ကိုမှိတ်ကာ အသက်ဝ၀ရှူပါ။ – အသက်ရှူထုတ်လိုက်တဲ့အချိန်မှာ စိတ်အေးချမ်း တယ်ဆိုပြီး တိတ်တဆိတ်ရွတ်ပေးပါ။ – စိတ်ထဲမှာ...
တစ်ခါတစ်ရံမှာ လူတွေအများကြီးနဲ့ စုဝေးနေရရင်တောင် ကိုယ်တစ်ယောက်တည်း သီးသန့်ရှိနေသလိုမျိုး စိတ်ဓာတ်ကျနေတတ်ပါတယ်။ ဒီလိုမဖြစ်စေဖို့ စိတ်ကျဝေဒနာ ကင်းဝေးစေမယ့် နည်းလမ်းကောင်းလေးတွေကို မျှဝေလိုက်ပါတယ်။ (၁) စိတ်ဖိစီးမှုကင်းပြီး စိတ်အေးအေးနေတတ်အောင် တည်ဆောက်ပါ။ အဓိက မိမိကိုယ်ကိုယ်ယုံကြည်မှုရှိအောင် ကြိုးစားနေထိုင်ပါ။ (၂) စိတ်ဓာတ်ကျနေချိန်မှာ အိမ်မှာတစ်ဦးတည်း အခန်းပိတ်နေတာမျိုး၊...
၊ မိုးမင်းထွန်း ၊ ကွာရှင်းပြတ်စဲထားတဲ့ တရုတ်အမျိုးသမီး အဖွဲ့တစ်ဖွဲ့ဟာ တရုတ်နိုင်ငံ၊ အနောက်တောင်ပိုင်းချုံ ကျင်းမြို့တော်ဆင်ခြေဖုံးမှာ ဒီသီတင်းပတ်စောစောက လူသေပုံစံတရားထိုင်ကုသမှုခံယူခဲ့ကြပါတယ်။ ကိုယ်တိုင်ကွာရှင်းပြတ်စဲထားတဲ့ ကုထုံးဆရာမ လျူတိုင်ဂျီးက လမ်းခွဲပြတ်စဲခဲ့ကြတဲ့ အမျိုးသမီးတွေ အားမာန်အသစ်ရအောင် ဒီကုထုံးကိုစီစဉ်ခဲ့တာလို့ဆိုပါတယ်။ စွန့်ပစ်ခံရတဲ့ ခံစားမှုဟာ အတော်ဆိုးဝါးတာကို သိရှိကြောင်းနဲ့...