မေး. အခုအခါမှာ သွေးပေါင်ချိန်တဲ့အခါ ဘယ်လိုစက်ကို အသုံးပြုပြီး တိုင်းတာရမှာလဲ။ ဘယ်လိုတိုင်းတာရမှာလဲ၊ ဘယ်လိုစက်ကိုသုံးပြီး ဘယ်လိုတိုင်းတာရမှာလဲ။ ဦးသန့်ဇင်၊ ကျောက်တံတားမြို့နယ်။ ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ဖြေ. သွေးပေါင်ချိန်တာက သုံးမျိုးရှိတယ်။ (၁) ပြဒါးတိုင်နဲ့တိုင်းတာ၊ (၂) ဒစ်ဂျစ်တယ်စက်နဲ့တိုင်းတာ၊...
ပါမောက္ခဦးကိုကို (ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း) မေး. သွေးတိုးရောဂါနဲ့ပတ်သက်ပြီး လူတွေလုပ်နေကြတဲ့ မှားယွင်းတဲ့အပြုအမူကို သိပါရစေဆရာ။ ဖြေ. သွေးတိုးရှိမှန်းသိတဲ့လူတွေကို မေးကြည့်တော့ လူ ၁၀ဝ မှာ ၂၀ လောက်ပဲ ဆေးမှန်မှန်သောက်တာကို သွားတွေ့ရပါတယ်။ ကျန်တဲ့သူတွေက မသောက်ပါဘူး။ ဒါက ကြောက်ဖို့ကောင်းပါတယ်။...
၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်) ဒီနေ့ခေတ်မှာ အထိုင်များတဲ့ လူနေမှုပုံစံရှိတာကြောင့် နောက်ဆက်တွဲရောဂါတွေကလည်း တွဲပါ လာပါတယ်။ အထူးသဖြင့် အချိုမှုန့်၊ ဆားနဲ့ အငန်ပါတဲ့ အစာတွေကိုလည်း စားသုံးမှုများလာတာကြောင့် သွေးတိုးရောဂါကလည်း ဖြစ်တတ်ပါတယ်။ သွေးတိုးရောဂါကို တွန်းလှန်နိုင်ဖို့ အောက်ပါအစာတွေကို စားပေးသင့်ပါတယ်။...
မေး. သွေးပေါင်ချိန်ရင် အတက်အကျ ဘယ်လိုကြည့်ရသလဲရှင်။ ပုံမှန်က ဘယ်လောက်ရှိရတာလဲရှင်။ Hnin Yatanar (FB) ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ဖြေ. သွေးတိုးတယ်ဆိုတာ သွေးပေါင်က ၁၄၀/၉၀ mmHg နဲ့ အထက်ရှိရင် သွေးတိုးတယ်လို့ခေါ်ပါတယ်။...
မေး ။ ကျွန်မရဲ့ အဖေက ၇၂နှစ်၊ အမေက ၆၈နှစ်ပါ။မွန်ပြည်နယ်က ရွာလေးတစ်ရွာမှာ နေကြပါတယ်။ ရွာမှာက အစိုးရခန့် သူနာပြုဆရာမလေးပဲ ရှိပါတယ်။ အတော်နေထိုင်မကောင်းရင် သထုံမြို့ပေါ်က သမားတော်မှာသွားပြကြရပါတယ်။ ဆိုင်ကယ်နဲ့တစ်နာရီခွဲလောက်မောင်းရပါတယ်။ အဖေက သွေးတိုး၊ နှလုံး၊ ကျောက်ကပ်ရောဂါနဲ့ သွေးအားနည်းရောဂါရှိပါတယ်။...
မေး ။ ဆရာရှင့် . . အဖေက အခုသွေးပေါင်ချိန်တာ အပေါ်သွေး ၁၁၀ပဲ ရှိတယ်တဲ့။ ပုံမှန်ပြန်ဖြစ်အောင် ဘယ်လိုလုပ်သင့်ပါလဲရှင့်။ Nang Apple (FB) ဒေါက်တာမြတ်ထွဋ်ညွန့် မှ ပြန်လည်ဖြေကြားပေးပါသည်။ ဖြေ ။ အရင်သွေးပေါင်ချိန် ဘယ်လောက်လဲသိရပါမယ်။...
ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်းတာဝန်ခံ၊ အထွေထွေရောဂါကုဆရာဝန်နှင့် တွေ့ဆုံဆွေးနွေးခြင်း) မေး. သွေးတိုးရောဂါရှိပေမယ့် သွေးတိုးတဲ့အချိန်ကျမှပဲ သွေးတိုးကျဆေးကို သောက်လို့ရပါသလား ဆရာ။ ဖြေ. သွေးတိုးရောဂါရှိသူက မိဘဆွေမျိုးထဲမှာလည်း သွေးတိုးတဲ့ရာဇဝင်ရှိတယ်၊ ကိုယ်ကိုယ်တိုင်ကလည်း သွေးတိုးတတ်တဲ့ အလေ့အထရှိတယ်ဆိုရင် ဆရာဝန်နဲ့ပြသပြီး စမ်းသပ်စစ်ဆေးသင့်ပါတယ်။ ပထမဆုံးအဆင့်အနေနဲ့ ဆရာဝန်တွေက လူနာကိုဆေးမပေးခင်မှာ...
ပါမောက္ခဒေါက်တာဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု)နှင့် တွေ့ဆုံဆွေးနွေးခြင်း မေး။ ။ သွေးတိုးရောဂါရှိသူက ဘယ်အချိန်မှာ သွေးပေါင်ချိန်သင့်ပါသလဲဆရာ။ ဖြေ။ ။ သွေးဖိအားကို ဘယ်အချိန်တိုင်းသင့်သလဲဆိုရင် အိမ်မှာ တိုင်းရမယ်၊ မနက်ရော ညရော တိုင်းရမယ် လို့သတ်မှတ်ပါတယ်။ ဆေးရုံ၊ ဆေးခန်းတွေမှာ ပုံမှန်လာစစ်နေတာထက်...
၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်) – ပတ်ဝန်းကျင်က တိတ်ဆိတ်ပြီး နွေးထွေးမှုရှိပါစေ။ – သွေးပေါင်ချိန်ခါနီး ကော်ဖီသောက်တာ၊ ဆေးလိပ်သောက်တာ၊ လေ့ကျင့်ခန်းလုပ်တာမျိုး မလုပ်ပါနဲ့။ – ဆီးသွားချင်ရင် သွားလိုက်ပါ၊ ဝမ်းသွားချင်ရင် သွားထားပါ။ – အချိန် ငါးမိနစ်လောက်...
– ကိုယ်အလေးချိန်လျှော့ပါ။ – ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ပါ။ – အငန်လျှော့စားပါ။ – ဆေးလိပ်ဖြတ်ပါ။