Healthy Life Ad
Health Tips

သွေးတိုးထိန်းနိုင်မည့်အစာ ၁၀မျိုး

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ဒီနေ့ခေတ်မှာ အထိုင်များတဲ့ လူနေမှုပုံစံရှိတာကြောင့် နောက်ဆက်တွဲရောဂါတွေကလည်း တွဲပါ လာပါတယ်။ အထူးသဖြင့် အချိုမှုန့်၊ ဆားနဲ့ အငန်ပါတဲ့ အစာတွေကိုလည်း စားသုံးမှုများလာတာကြောင့် သွေးတိုးရောဂါကလည်း ဖြစ်တတ်ပါတယ်။ သွေးတိုးရောဂါကို တွန်းလှန်နိုင်ဖို့ အောက်ပါအစာတွေကို စားပေးသင့်ပါတယ်။

(၁) စပျစ်သီး
စပျစ်သီးမှာ ပိုတက်ဆီယမ်နဲ့ ဖော့စ်ဖရပ်စ်ပါဝင်မှုများတာကြောင့် သွေးတိုး ထိန်းနိုင်ပါတယ်။ ပိုတက်ဆီယမ်က သဘာဝဆီးသွားစေတဲ့ အစွမ်းရှိတာကြောင့် ကျောက်ကပ်ကနေ ဆိုဒီယမ်များများ စွန့် ထုတ်ကာ သွေးကြောတွေကိုပျော့ပျောင်းစေပါတယ်။


(၂) ငှက်ပျောသီး
ငှက်ပျောသီးမှာပိုတက်ဆီယမ်အပြင် ဗီတာမင် B6၊ ဗီတာမင်စီနဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်ပါတယ်။ အ စားအသောက်ကနေ ပိုတက်ဆီယမ် တစ်နေ့ ၁၆၀ဝ မီလီဂရမ်လောက် ရရှိသူတွေကလေဖြတ်နိုင်ခြေ ၂၁ ရာခိုင်နှုန်းလျော့နည်းတယ်လို့ အမေရိကန်နှလုံးဂျာ နယ်လေ့လာမှုအရ သိရပါတယ်။

(၃) ကြက်သွန်နီ
ကြက်သွန်နီမှာ အဒီနိုစင်းဆိုတဲ့ ကြွက်သား ပျော့ပျောင်းစေတဲ့ အစွမ်းပါဝင်တာကြောင့် သွေးတိုး လူနာတွေအတွက် ကောင်းကျိုးရှိပါတယ်။ ကြက်သွန်နီကို အစိမ်းစားလို့ရလည်း ရသလို ပျားရည်ထဲ ကြက်သွန်နီပါးပါးစိမ်ပြီးလည်း စားနိုင်ပါတယ်။

(၄) ကြက်သွန်ဖြူ
ကြက်သွန်ဖြူဟာ သွေးကြောနံရံမှာ ကပ်ငြိနေတဲ့ ကိုလက်စထရောတွေကို ကင်းစင်စေပါတယ်။ ကြက်သွန်ဖြူနှစ်မြွှာခန့် နေ့စဉ်စားပေးရင် သွေးစီး ဆင်းမှုကောင်းစေပြီး သွေးတိုးကျစေပါတယ်။ ကြက် သွန်ဖြူအစိမ်းလိုက်မစားနိုင်ရင် ကြက်သွန်ဖြူကို ထောင်းပြီး ထမင်းနဲ့ နယ်စားပါ။

(၅) အုန်းရေ
အုန်းရေမှာ ပိုတက်ဆီယမ်၊ ဆိုဒီယမ်၊ ကယ်လ် ဆီယမ်၊ ဗီတာမင်စီနဲ့ တခြားအာဟာရဓာတ်တွေ ပါ ဝင်တာကြောင့် သွေးတိုးထိန်းနိုင်ပါတယ်။ ပိုတက်ဆီ ယမ်ပါဝင်မှုမြင့်မားတဲ့အတွက် သွေးတိုးကျစေတဲ့ အ စွမ်းရှိပါတယ်။

(၆) ဖရဲသီး
ဖရဲသီးဖျော်ရည်မှာ အမိုင်နိုအက်စစ် အာဂျင်နင်းပါဝင်တာကြောင့် သွေးတိုးကို သိသိသာသာ လျော့ကျစေပါတယ်။ သွေးခဲတာကို သက်သာစေပြီး လေဖြတ်ဝေဒနာမရအောင်နဲ့ နှလုံးရောဂါဝေဒနာ တွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဖရဲသီးစေ့ ကလည်း သွေးတိုးကျစေတဲ့ အစွမ်းရှိပါတယ်။ လေ့ လာမှုအရ ဖရဲသီးမှာပါတဲ့ ကူကာဘိုထရင်ဟာ သွေးတိုးကျစေတယ်လို့ သိရပါတယ်။


(၇) ပူဒီနာ(ပူစီနံ)
ပူဒီနာ(ပူစီနံ)မှာ သွေးခဲတွေကို ကင်းစင်စေပြီး သွေးလှည့်ပတ်စီးဆင်းမှု ကောင်းစေတဲ့နည်းနဲ့ သွေး တိုးကျစေပါတယ်။

(၈) နံနံပင်
နံနံပင်မှာ ပိုးသတ်အာနိသင်၊ စိတ်ဓာတ်ကျဝေ ဒနာသက်သာစေတဲ့ အစွမ်း၊ ရောင်ရမ်းမှုကျစေတဲ့ အစွမ်းတို့ပါရှိပါတယ်။ နံနံပင်စားရင် သွေးတွင်း သကြားဓာတ်၊ သွေးတွင်းကိုလက်စထရောအဆင့်နဲ့ သွေးတိုးတွေကို သဘာဝအတိုင်း လျော့ကျစေတဲ့ အပြင် ဆီးသွားစေတဲ့ အစွမ်းလည်း ရှိပါတယ်။

(၉) သံပရာသီး
သံပရာသီးမှာဗီတာမင်စီပါဝင်တဲ့အတွက် သွေး ကြောမျှင်တွေကို သန်စွမ်းစေပါတယ်။ ဒီနည်းက လည်း သွေးတိုးကျစေပါတယ်။

(၁၀) တရုတ်နံနံ
တရုတ်နံနံမှာ အမျှင်ဓာတ်၊ မဂ္ဂနီဆီယမ်နဲ့ ပိုတက်ဆီယမ်တို့ ပါဝင်တာကြောင့် သွေးစီးဆင်းမှု ကောင်းစေပြီး သွေးကြောနံရံကို ပျော့ပျောင်းစေကာ သွေးတိုးကျစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top