Healthy Life Ad
Health Tips

သွေးပေါင်ချိန်ရာတွင် လိုက်နာသင့်သည့် အချက်များ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ပတ်ဝန်းကျင်က တိတ်ဆိတ်ပြီး နွေးထွေးမှုရှိပါစေ။

သွေးပေါင်ချိန်ခါနီး ကော်ဖီသောက်တာ၊ ဆေးလိပ်သောက်တာ၊ လေ့ကျင့်ခန်းလုပ်တာမျိုး မလုပ်ပါနဲ့။

ဆီးသွားချင်ရင် သွားလိုက်ပါ၊ ဝမ်းသွားချင်ရင် သွားထားပါ။

အချိန် ငါးမိနစ်လောက် စိတ်သက်သာရာရအောင် အနားယူပေးပါ။

ထိုင်ပြီး တိုင်းမယ် ဒါမှမဟုတ် လှဲလျောင်းပြီး တိုင်းမယ်ဆိုရင် လူနာရဲ့လက်မောင်းက နှလုံးနေရာအထက်မှာ သက်သောင့်သက်သာရှိနေဖို့လိုပါတယ်။ လက်မောင်းရင်းမှာ အဝတ်အစားတင်းတင်းကျပ်ကျပ် မဝတ်သင့်ပါဘူး။

သွေးတိုးတယ်ဆိုတာ ယေဘုယျအားဖြင့် သွေးပေါင်က ၁၄၀/၉၀ mmHg နဲ့ အထက်ရှိရင် သွေးတိုးတယ်လို့ခေါ်ပါတယ်။ သွေးတိုးရောဂါဖြစ်လာရင် အဓိက လက္ခဏာတွေအနေနဲ့ ဇက်ကြောတက်တာ၊ ခေါင်းကိုက်တာ၊ ခေါင်းမူးတာ၊ မျက်နှာအမ်းတာတွေ ပြတတ်ပါတယ်။

ဆေးရုံ၊ ဆေးခန်းတွေမှာ ချိန်လို့ ၁၄၀/၉၀ mmHg ကျော်ရင် သွေးတိုးတယ်လို့ သတ်မှတ်ပါတယ်။ အိမ်မှာချိန်တိုင်းတယ်ဆိုရင်တော့ ၁၃၅/၈၅ mmHg ကျော်ရင် သွေးတိုးတယ်လို့သတ်မှတ်ပါတယ်။ အနည်းဆုံး သုံးခါချိန်ကြည့်လို့ တကယ်တက်မှ သွေးတိုးတယ်လို့ သတ်မှတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top