Healthy Life Ad
Health Tips

သွေးဖိအားမြင့်တက်ခြင်း

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

သွေးဖိအားမြင့်တက်တာက ကုသမှုမခံယူရင် သွေးတိုးရောဂါ၊ လေဖြတ်ခြင်းနဲ့ တခြားနှလုံးသွေးကြောဆိုင်ရာ ရောဂါဝေဒနာတွေကို ဖြစ်စေနိုင်ပါတယ်။ အစားအသောက်က သွေးဖိအားမြင့်တက်မှုအပေါ် သက်ရောက်မှုရှိတဲ့အတွက် သွေးဖိအားထိန်းချုပ်နိုင်အောင် အောက်ပါအစားအသောက်တွေကို စားသောက်ပေးသင့်ပါတယ်။

သဘာဝဆေး (၁) ဖရဲသီး

ဖရဲသီးက သွေးတိုးတာအတွက် သဘာဝအစာတစ်မျိုးဖြစ်ပါတယ်။ ဖရဲသီးမှာ ဆီထရူလင်းပါတာကြောင့် ကိုယ်တွင်းရောက်တဲ့အခါ L-arginine အဖြစ် ကူးပြောင်းသွားပါတယ်။ ဒါက သွေးတိုးကျစေတဲ့အရာပါ။

သဘာဝဆေး (၂) ချင်း (ဂျင်း)

ချင်း(ဂျင်း)က သွေးတိုးကျစေပါတယ်။ ချင်းက သွေးလှည့်ပတ်မှုကောင်းစေတဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးပါ။ ချင်းကို ရေနွေးကြမ်းထဲ ထည့်သောက်ရင် တစ်နေ့လုံး လန်းဆန်းတက်ကြွစေပါတယ်။ ချင်းလက်ဖက်ရည်ကြမ်းထဲ ပျားရည်နဲ့ သစ်ကြံပိုးခေါက်မှုန့် ထည့်သောက်တာကြောင့် စိတ်ရောကိုယ်ပါ လန်းဆန်းစေပါတယ်။

သဘာဝဆေး (၃) ကြက်သွန်နီ

ကြက်သွန်နီလှီးတဲ့အချိန်မှာ မျက်ရည်ကျတတ်သလို ကြက်သွန်နီစားချိန်မှာ သွေးတိုးကျတတ်ပါတယ်။ ကြက်သွန်နီမှာပါတဲ့ ကွာစီတင်ဓာတ်က သွေးတိုးကျတတ်ပြီး ရင်ဘတ်အောင့်တာ၊ နှလုံးတုန်တာနဲ့ နှလုံးအမောဖောက်တာတို့ ဖြစ်နိုင်ခြေကိုပါ သက်သာလျော့ပါးစေပါတယ်။

သဘာဝဆေး (၄) သစ်ကြံပိုးခေါက်

သစ်ကြံပိုးခေါက်က ဟင်းလျာတွေကို အနံ့သင်းစေတဲ့ ဟင်းခတ်အမွှေးအကြိုင် တစ်မျိုးဖြစ်ပြီး သွေးတိုးကျစေသလို သွေးတွင်းဂလူးကို့စ်ဓာတ်ကိုလည်း ထိန်းပေးပါတယ်။

သဘာဝဆေး (၅) ဥနီဖျော်ရည်(BeetrootJuice)

သွေးတိုးနေရင် ဥနီဖျော်ရည် သောက်သင့်ပါတယ်။ ဥနီမှာ မဂ္ဂနီဆီယမ်နဲ့ ပိုတက်စီယမ်ပါဝင်သလို နိုက်ထရိတ်ပါတာကြောင့် သွေးတိုးကို ကျစေနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top