Healthy Life Ad
Health Tips

တစ်မိနစ်အတွင်း လုပ်နိုင်သော ကျန်းမာရေးအကျင့်ကောင်းများ

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

ကျန်းမာဖို့အတွက် အချိန်အများကြီး ပေးစရာမလိုဘဲ တစ်မိနစ်ပဲ အချိန်ပေးရုံနဲ့ ကျန်းမာရေးကို ကောင်းမွန်စေမယ့် နည်းလမ်းကောင်းတွေ ရှိပါတယ်။

အကျင့်ကောင်း (၁) အခန်းရှေ ့မှာ ဖိနပ်ချွတ်ခဲ့ပါ

အခန်းတံခါးရှေ ့မှာ ဖိနပ်ချွတ်တဲ့နည်းက ဂျပန်လူမျိုးတွေရဲ ့ ဓလေ့ထုံးစံဖြစ်ပါတယ်။ ဒီနည်းက အိမ်သန့်ရှင်းစေသလို ပြင်ပလေထုညစ်ညမ်းမှုတွေ အိမ်ထဲကို ပါမလာစေနိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ရှုးဖိနပ်ကို အခန်းရှေ ့မှာ ချွတ်တာကြောင့် အညစ်အကြေးနဲ့ ဖုန်မှုန့်တွေ အခန်းထဲကို မဝင်ရောက်အောင် ကာကွယ်နိုင်ပါတယ်။

အကျင့်ကောင်း (၂) လျှာကိုတိုက်ပါ

သွားပိုးစားတာနဲ့ သွားဖုံးရောဂါတွေကို ကာကွယ်နိုင်ဖို့အတွက် နေ့တိုင်းပုံမှန် သွားတိုက်ပေးဖို့နဲ့ ပုံမှန်သွားကြားထိုးကြိုးသုံးဖို့ လိုအပ်ပါတယ်။ လျှာကိုတိုက်ပေးတာကလည်း ခံတွင်းသန့်စင်ရေးအတွက် အရေးပါတဲ့ နည်းဖြစ်တာကြောင့် လျှာကို နူးညံ့တဲ့ သွားတိုက်တံနဲ့ ညင်ညင်သာသာ ပွတ်တိုက်ပေးပါ။ တစ်နေ့အနည်းဆုံးတစ်ကြိမ် ပြုလုပ်ပေးတာကြောင့် သွားချေးဖတ်ဖြစ်စေတဲ့ ဘက်တီးရီးယားတွေနဲ့ စားကြွင်းစားကျန်တွေကို ကင်းစင်စေပြီး ခံတွင်းအနံ့ သင်းပျံ ့စေပါတယ်။

အကျင့်ကောင်း (၃) လက်မောင်းပေါ် နှာချေပါ

နှာချေတဲ့အခါ ပါးစပ်နဲ့နှာခေါင်းကို တစ်သျှုးနဲ့အုပ်ထားဖို့ မမေ့ပါနဲ့။ တကယ်လို့ လက်ထဲမှာ တစ်သျှူးအဆင်သင့်မရှိရင် လက်မောင်း ဒါမှမဟုတ် လက်တံတောင်ပေါ်မှာ နှာချေလိုက်ပါ၊ ချောင်းဆိုးလိုက်ပါ။ လက်ဖဝါးကို အသုံးမပြုပါနဲ့။

အကျင့်ကောင်း (၄) ရေသောက်ပါ

ရေသောက်တာကြောင့် ပျင်းရိငြီးငွေ့မှုကို လျော့ပါးစေသလို ရေထဲမှာ သံပရိုသီးစိတ် ဒါမှမဟုတ် လိမ္မော်သီးစိတ်ထည့်တာကြောင့် လန်းဆန်းသွားစေပါတယ်။ အရသာကောင်းချင်ရင် စတော်ဘယ်ရီသီးထည့်ပြီး သောက်ပါ။

အကျင့်ကောင်း (၅) မျက်စိမှိတ်ပါ

အလုပ်လုပ်ရသူတွေနဲ့ ကျောင်းသူကျောင်းသားတွေအဖို့ တစ်နေ့မှာ နာရီပေါင်းများစွာ ကွန်ပျူတာစကရင်ကို ငေးကြည့်တာကြောင့် မျက်စိဒဏ်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မိနစ် ၂၀ ကြာ ကွန်ပျူတာသုံးပြီးတိုင်း တစ်မိနစ်ခန့် မျက်စိစုံမှိတ်ပြီး နားပါ။

အကျင့်ကောင်း (၆) တစ်နှစ်လုံး နေကာခရင်မ်လိမ်းပါ

လေ့လာမှုအသစ်တစ်ခုအရ နေ့စဉ် နေကာခရင်မ်ကို လိမ်းတာကြောင့် အသားအရေကို အိုမင်းမှုလက္ခဏာတွေ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် အရေပြားကင်ဆာဖြစ်နှုန်းကိုလည်း လျော့ကျစေပါတယ်။ နေကာနိုင်စွမ်း ၁၅ ဆနဲ့ အထက်ပါတဲ့ နေကာခရင်မ်ကို လိမ်းတာကြောင့် ငယ်ရွယ်ကြည့်ကောင်းတဲ့ အသားအရေကို ပိုင်ဆိုင်စေတယ်လို့ သြစတြေးလျလေ့လာသူတွေက ဆိုပါတယ်။

အကျင့်ကောင်း (၇) မီးဖိုချောင်သုံး ရေမြှုပ်ကို အခြောက်ခံပါ

မီးဖိုချောင်သုံးရေမြှုပ်ဟာ အိမ်သာကမုတ်လိုပဲ အန္တရာယ်များတဲ့ အရာပါ။ ဘက်တီးရီးယားပိုးတွေ ကပ်ငြိနေနိုင်တဲ့ ရေမြှုပ်ကို လျှော်ဖွပ်ပြီး အခြောက်ခံသုံးပါ။

Most Popular

Healthy Life Ad
To Top