Healthy Life Ad
Health Tips

ပဲပင်ပေါက်၏ ကျန်းမာရေး အကျိုးကျေးဇူးများ

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

ပဲပင်ပေါက်ကို သေချာကျက်အောင် ချက်ပြုတ်မစားရင် အီးကိုလိုင်ပိုး ကူးစက်ခံရနိုင်တယ်ဆိုတဲ့ သတင်းကြောင့် ပဲပင်ပေါက်ကို စားရမှာ ခပ်လန့်လန့် ဖြစ်ချင်ဖြစ်နေပါလိမ့်မယ်။ ဒါပေမဲ့ ပဲပင်ပေါက်ကို သေချာဆေးကြောသန့်စင်ပြီး ကောင်းကောင်းချက်ပြုတ်စားသောက်ရင် ကျန်းမာရေးအကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။ ပဲပင်ပေါက်မှာ ကယ်လ်စီယမ်၊ ကလိုရိုဖီးလ်၊ ကာရိုတင်းနဲ့ ဗီတာမင်ကေတွေ များများပါဝင်ပြီး ဗီတာမင်အေ၊ သိုင်ယာမင်း၊ ရိုင်ဘိုဖလေဘင်၊ နိုင်ယာစင်၊ ဗီတာမင် B5၊ B6၊ ဗီတာမင်စီ၊ ဗီတာမင်ကေနဲ့ ဖောလစ်အက်စစ်တွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် ဖော့စ်ဖရပ်စ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီ၊ ဇင့် စတဲ့ သတ္တုဓာတ်တွေလည်း ပါဝင်နေပါတယ်။ ပဲပင်ပေါက်မှာပါတဲ့ ကလိုရိုဖီးလ်က တခြားဟင်းသီးဟင်းရွက်တွေထက် လေးဆပိုပါဝင်ပါတယ်။

(၁) သွေးတွင်းကိုလက်စထရောကို ထိန်းချုပ်နိုင်ခြင်း

ပဲပင်ပေါက်ဟာ ခန္ဓာကိုယ်ထဲက မကောင်းတဲ့ကိုလက်စထရောတွေကို ဖယ်ရှားပေးတာကြောင့် သွေးတွင်းကိုလက်စထရောကို ထိန်းချုပ်ပေးပါတယ်။ ပဲပင်ပေါက်ဟာ သွေးတွင်းကိုလက်စထရော မများအောင် ကာကွယ်ပေးတဲ့အတွက် နှလုံးရောဂါအန္တရာယ်ကို လျော့ကျစေပါတယ်။

(၂) အစာခြေစနစ် ပြဿနာများကို ကျော်လွှားနိုင်ခြင်း

ပဲပင်ပေါက်စားတာကြောင့် အစာခြေစနစ် ပြဿနာတွေဖြစ်တဲ့ ပျို့ချင်အန်ချင်ဖြစ်တာ၊ အစာအိမ်အနာဖြစ်တာ၊ အစာအိမ်ရောင်တာနဲ့ အစာမကြေတာ စတာတွေကို ကင်းစင်စေပြီး အစာစားချင်စိတ်ကို ကောင်းစေပါတယ်။

သင်က ဝမ်းချုပ်တာ၊ အူရောင်တာ စတဲ့ ရောဂါဝေဒနာတွေ ခံစားနေရရင် ပဲပင်ပေါက်စားတာကြောင့် သက်သာစေပါတယ်။ ပဲပင်ပေါက်တစ်ခွက်စာပမာဏမှာ အမျှင်ဓာတ်တစ်ဂရမ်ပါပြီး အရွယ်ရောက်သူတစ်ဦး တစ်နေ့တာလိုအပ်တဲ့ အမျှင်ဓာတ် သုံးရာခိုင်နှုန်းကို ပြည့်မီစေပါတယ်။

(၃) ခန္ဓာကိုယ်မှအဆိပ်များကို ဖယ်ရှားနိုင်ခြင်း

ပဲပင်ပေါက်မှာ အဆိပ်တွေကို ဖြေလျှော့ပေးနိုင်တဲ့ အစွမ်းရှိပါတယ်။ ပဲပင်ပေါက်ပုံမှန်စားတာကြောင့် အဆိပ်တွေကို ထွက်ရှိစေပါတယ်။

(၄) အရက်စွဲလမ်းမှု ပြဿနာကင်းဝေးခြင်း

အရက်စွဲတဲ့ပြဿနာ၊ မူးယစ်ဆေးစွဲတဲ့ ပြဿနာတွေ ရှိနေရင် ပဲပင်ပေါက်စားတာကြောင့် သက်သာစေပါတယ်။

(၅)သွေးဆုံးဝေဒနာများကို လျော့ကျစေခြင်း

အမျိုးသမီးတွေမှာ ပဲပင်ပေါက်စားတာကြောင့် သွေးဆုံးချိန် ခံစားရတဲ့ ဝေဒနာလက္ခဏာတွေကို လျော့ပါးစေပါတယ်။

(၆) ဗီတာမင်ကေ ပါဝင်မှုများခြင်း

ပဲပင်ပေါက်မှာ ဗီတာမင်ကေ ပါတဲ့အတွက် သွေးခဲနှုန်းနှေးနေသူတွေကို ကူညီနိုင်ပါတယ်။

(၇) ပန်းနာရင်ကျပ်ဝေဒနာ သက်သာစေခြင်း

ပဲပင်ပေါက်စားတာကြောင့် ပန်းနာရင်ကျပ်ရောဂါနဲ့ တခြားအသက်ရှူလမ်းကြောင်း ဝေဒနာတွေကို သက်သာစေပါတယ်။ ခံတွင်းနံ့ဆိုးတာကိုလည်း လျော့ကျစေပါတယ်။

(၈) ကင်ဆာကို ကာကွယ်နိုင်ခြင်း

ပဲပင်ပေါက်မှာ ကာနာဗနင်းလို့ခေါ်တဲ့ အမိုင်နိုအက်စစ်ပါတာကြောင့် ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၉) ဆီးသွားစေသော အစွမ်းရှိခြင်း

ပဲပင်ပေါက်မှာ ဆီးသွားစေတဲ့ အစွမ်းရှိတာကြောင့် ကျောက်ကပ်ဝေဒနာတွေနဲ့ ရေဆွဲတာတို့ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်တဲ့ အခြေအနေမဖြစ်အောင်လည်း ကူညီနိုင်ပါတယ်။

(၁၀) သွေးအားနည်းရောဂါကို သက်သာစေခြင်း

သွေးအားနည်းရောဂါ ကုသရာမှာ ပဲပင်ပေါက်ဟင်းလျာက အလွန်အသုံးဝင်ပါတယ်။

Most Popular

Healthy Life Ad
To Top