Healthy Life Ad
Health Tips

ကြက်သွန်ဖြူကို နေ့စဉ်နေ့တိုင်းစားရင် ဘာဖြစ်လာမှာလဲ…

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

ကြက်သွန်ဖြူဆိုတာ တစ်နေ့အနည်းဆုံး တစ်ကြိမ်တော့ စားသင့်တဲ့အရာပါ။ ကြက်သွန်ဖြူပါတဲ့ အစားအသောက်တွေကို စားပေးရင် အအေးမိဝေဒနာမရအောင် ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ကြက်သွန်ဖြူကို ပုံမှန်စားပေးတာကြောင့် အောက်ပါကောင်းကျိုးတွေကိုလည်း ရရှိစေမှာပါ။

alignnone size-medium wp-image-59627
(၁) သင်က ပိုပြီးဆွဲဆောင်မှုရှိလာပါလိမ့်မယ်

ကြက်သွန်ဖြူက အမျိုးသားတွေကို ပိုပြီး ဆွဲဆောင်မှုရှိစေပါတယ်။ ဒါပေမဲ့ ကြက်သွန်ဖြူနံ့က ထိတွေ့ဆက်ဆံချင်စိတ်ကို ဟန့်တားပေးပါတယ်။ ဒါကြောင့် ကြက်သွန်ဖြူစားပြီးတဲ့အခါ ခံတွင်းနံ့မနံအောင် သတိထားရပါမယ်။ အမျိုးသားတစ်ယောက်အနေနဲ့ ချိန်းမတွေ့ခင် ၁၂ နာရီအလိုမှာ ကြက်သွန်ဖြူနှစ်မြွှာ စားထားပေးသင့်တာပါ။ ကြက်သွန်ဖြူမှာ ပိုးသတ်အစွမ်းရှိတဲ့အတွက် အမျိုးသားတွေကို ပိုသန်စွမ်းစေပါတယ်။

alignnone size-medium wp-image-59628
(၂) ကိုယ်ခံအားစနစ်ကို ပိုကောင်းမွန်လာပါလိမ့်မယ်

ကြက်သွန်ဖြူက လူတွေကို အအေးမိဝေဒနာနဲ့ ဗိုင်းရပ်စ်ပိုးတွေမကျရောက်အောင် ကာကွယ်ပေးပါတယ်။ အထူးသဖြင့် မိုးတွင်းနဲ့ ဆောင်းတွင်းမှာဆိုရင် အအေးမိဝေဒနာမရအောင် ကြက်သွန်ဖြူကို ပုံမှန်စားသင့်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုထားပါတယ်။ ကြက်သွန်ဖြူမှာ ဗီတာမင်ဓာတ်တွေ၊ အကျိုးပြုအဆီတွေနဲ့ အမိုင်နိုအက်စစ်ဓာတ်တွေ ပါဝင်တဲ့အပြင် အယ်လီစင်လို့ခေါ်တဲ့ သြဂဲနစ်ဒြပ်ပေါင်းတစ်မျိုးလည်း ပါဝင်တာကြောင့် ဘက်တီးရီးယားနဲ့ ဖန်းဂတ်စ်မှိုတွေကို သေစေနိုင်ပါတယ်။ ကြက်သွန်ဖြူရဲ့ အနာကျက်အစွမ်းက အအေးမိဝေဒနာဖြစ်ရင်တောင် အမြန်ဆုံး သက်သာစေမှာပါ။

alignnone size-medium wp-image-59629
(၃) သွေးဖိအားကို ထိန်းပေးပါလိမ့်မယ်

သွေးတိုးနေရင် သင်စားနေကျ အစားအသောက်ထဲ ကြက်သွန်ဖြူထည့်စားပေးပါ။ သွေးကြောတွေကျယ်ပြီး သွေးကြောဖိအားလျော့ကျစေပါတယ်။ သွေးတိုးလို့ဖြစ်တဲ့ ခေါင်းကိုက်တာကိုလည်း သက်သာစေပါတယ်။ သွေးတိုးရောဂါ ကုသဖို့အတွက် တစ်နေ့မှာ ကြက်သွန်ဖြူ လေးမြွှာစားပေးသင့်ပါ တယ်။ ဒါ့အပြင် ကြက်သွန်ဖြူမှာ သွေးတွင်းကိုလက်စထရောအဆင့်ကို ၁၀-၁၅ ရာခိုင်နှုန်းခန့် လျော့ကျစေပါတယ်။ အဲဒီနည်းနဲ့ နှလုံးရောဂါနဲ့ လေဖြတ်ဝေဒနာဖြစ်နှုန်းကို သိသိသာသာ လျော့ကျစေပါတယ်။

alignnone size-medium wp-image-59630
(၄) မှတ်ဉာဏ်ကောင်းလာပါလိမ့်မယ်

နေ့စဉ်စားသောက်တဲ့ အစားအသောက်ထဲမှာ ပါတဲ့ ဓာတုပစ္စည်းတွေကြောင့် ခန္ဓာကိုယ်နဲ့ဦးနှောက်က အိုမင်းလာပြီး ဆဲလ်တွေထိခိုက်ခြင်း၊ အရေပြားလျော့တွဲကျခြင်းနဲ့ ဦးနှောက်က ထက်မြက်နိုင်စွမ်း ကျဆင်းခြင်းတို့ ဖြစ်လာတတ်ပါတယ်။ ဒီအချိန်မှာ ကြက်သွန်ဖြူစားပေးလိုက်ပါ။ ကြက်သွန်ဖြူမှာ အင်တီအောက်ဆီးဒင့် ပါဝင်တာကြောင့် ဦးနှောက်အိုမင်းမှုမဖြစ်အောင် ဟန့်တားပေးပြီး အယ်လ်ဇိုင်းမားရောဂါဖြစ်နှုန်းကိုလည်း လျော့ကျစေပါတယ်။

alignnone size-medium wp-image-59631
(၅) သက်လုံကောင်းလာပါလိမ့်မယ်

ကြက်သွန်ဖြူက နှလုံးနဲ့ကြွက်သားတွေကို ပိုမိုထိရောက်စွာ အလုပ်လုပ်နိုင်စေပါတယ်။ သင်က အားကစားပြုလုပ်ရင် ကြက်သွန်ဖြူစားတာကြောင့် ရလဒ်က ပိုကောင်းလာမှာပါ။ ရှေးဂရိခေတ်တုန်းက အိုလံပစ်အားကစားသမားတွေကို ကြက်သွန်ဖြူကျွေးရင် ပိုအပြေးသန်ပြီး ပြိုင်ပွဲတွေမှာ ကောင်းကောင်းယှဉ်ပြိုင်နိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကြက်သွန်ဖြူက မောပန်းတာကို လျော့ကျစေပြီး အလုပ်တွင်နိုင်စွမ်းတိုးကာ အအေးမိရာသီမှာ ကျန်းမာလန်းဆန်းနေစေတယ်လို့ သိရပါတယ်။

alignnone size-medium wp-image-59632
(၆) ဆံပင်နဲ့ အသားအရေက ပိုကြည့်ကောင်းလာပါလိမ့်မယ်

ဆံပင်-ကြက်သွန်ဖြူက ဆံပင်ထူထဲပြီး ရှည်လွယ်စေပါတယ်။ ထိပ်ပြောင်တာမဖြစ်အောင် ကုသပေးပါတယ်။ အကောင်းဆုံးရလဒ်ရချင်ရင် ကြက်သွန်ဖြူကိုထောင်းပြီး ရလာတဲ့အရည်ကို ဦးရေပြားမှာ သုတ်လိမ်းပေးသင့်ပါတယ်။

အသားအရေ-ကြက်သွန်ဖြူကို တစ်နေ့နှစ်မြွှာခန့်စားပေးရင် အရေပြားကနေ သဘာဝကော်လာဂျင်နဲ့ အီလက်စတင်ကို ထွက်ရှိစေပြီး အသားအရေတင်းရင်းစေပါတယ်။

နေဒဏ်ကာကွယ်နိုင်စွမ်း-ကြက်သွန်ဖြူမှာပါတဲ့ ပါဝင်ပစ္စည်းတွေက နေဒဏ်ကြောင့် အိုမင်းမှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ကြက်သွန်ဖြူများများစားရင် နေရောင်ခြည်ဒဏ်ကြောင့် အသားအရေခြောက်သွေ့မှု မဖြစ်စေနိုင်ပါဘူး။
alignnone size-medium wp-image-59634
(၇) သွားကိုက်တာ လျော့ပါးသွားပါလိမ့်မယ်

ကြက်သွန်ဖြူရဲ့ ဘက်တီးရီးယားနဲ့ ဖန်းဂတ်စ်မှိုဟန့်တားတဲ့ အစွမ်းတွေက သွားနဲ့ခံတွင်းကျန်းမာရေးကို ကောင်းစေပါတယ်။ ကြက်သွန်ဖြူက အန္တရာယ်ရှိတဲ့ ပိုးမွှားတွေကို သေစေပြီး ရောင်ရမ်းတဲ့သွားဖုံးတွေကို အနာကျက်စေပါတယ်။ ဒါ့အပြင် သွားပိုးစားနိုင်ခြေကိုလည်း လျော့ကျစေပါတယ်။ ဒါကြောင့် ကြက်သွန်ဖြူကို နေ့စဉ်စားရင် သွားကျန်းမာရေးပြဿနာ ကင်းစေမှာပါ။
alignnone size-medium wp-image-59635
(၈) ခန္ဓာကိုယ်သွယ်လျလာပါလိမ့်မယ်

ကြက်သွန်ဖြူက အဆီတွေကို ချေဖျက်ပေးတာကြောင့် ခန္ဓာကိုယ်ကို သွယ်လျစေပါတယ်။ ဒါ့အပြင် မမျှတတဲ့ အစားအသောက်တွေကို စားမိတဲ့အခါ ဖြစ်လာနိုင်တဲ့ ကိုယ်အလေးချိန်မြင့်တက်ခြင်းမဖြစ်အောင် ကြက်သွန်ဖြူက ဟန့်တားပေးပါတယ်။

ကြက်သွန်ဖြူကို သတိထားရမည့် အခြေအနေများ

• ကိုယ်ဝန်ဆောင်ချိန်နဲ့ မိခင်နို့ချိုတိုက်ကျွေးချိန်တွေမှာ ကြက်သွန်ဖြူကို အလွန်အမင်းမစားပါနဲ့။

• အသက် ၇ နှစ်အောက် ကလေးတွေမှာ ကြက်သွန်ဖြူကို အသင့်အတင့်ပဲ စားသင့်ပါတယ်။

• ကြက်သွန်ဖြူက သွေးကျဲစေပြီး သွေးထွက်များစေတဲ့အတွက် ခွဲစိတ်မှုမတိုင်ခင် နှစ်ပတ်အလိုမှာ မစားသင့်ပါဘူး။

Most Popular

Healthy Life Ad
To Top