Healthy Life Ad
Health Tips

သင်၏နာမကျန်းမှုဝေဒနာကို ဟန့်တားနိုင်မည့် အလွယ်နည်းများ

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

ရောဂါဝေဒနာဖြစ်စေတဲ့ အကြောင်းရင်းတွေမှာ မျိုးရိုးဗီဇအပြင် ဘဝနေထိုင်စားသောက်မှုကလည်း အရေးကြီးပါတယ်။ မျိုးရိုးကြောင့်ဖြစ်တဲ့ ရောဂါဝေဒနာတွေကို မရှောင်လွှဲနိုင်ပေမယ့် နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲလိုက်ရင်တော့ ဝေဒနာတွေကို ရှောင်ရှားနိုင်ပါလိမ့်မယ်။

ထမင်းပန်ကန်ကို ရောင်စုံအစာထည့်ခြင်းဖြင့် အစာခြေလမ်းကြောင်းကင်ဆာ ဖြစ်နိုင်ခြေလျှော့ချနိုင်

၁၄ နှစ်ကြာ လေ့လာမှုတစ်ရပ်အရ ရောင်စုံသစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားလေ့ရှိတဲ့ အမျိုးသားတွေဟာ အစာခြေလမ်းကြောင်းစနစ် ကင်ဆာဖြစ်နိုင်ခြေ ၇၀ ရာခိုင်နှုန်း ပိုမိုလျော့နည်းကြောင်း သိရပါတယ်။ ကင်ဆာဖြစ်နှုန်း လျော့ကျစေဖို့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံမပါဘဲ ဘယ်တော့မှ အစာမစားပါနဲ့။ ဆီကြော်စာတွေကို တတ်နိုင်သမျှရှောင်ပါ။

ပျော်ရွှင်သော အိမ်ထောင်ရေး ပိုင်ဆိုင်ခြင်းဖြင့် နာမကျန်းမှုကို ၃၅ ရာခိုင်နှုန်း လျှော့ချနိုင်

ပျော်ရွှင်မှုကင်းမဲ့တဲ့ အိမ်ထောင်ရေးဟာ နာမကျန်းမှု ဖြစ်နိုင်ခြေကို ၃၅ ရာခိုင်နှုန်း မြင့်တက်စေပြီး ဘဝသက်တမ်းကို လေးနှစ်ခန့် ယုတ်လျော့စေပါတယ်။ ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်ရေးရှိရင် တစ်ကိုယ်တည်းနေသူတွေထက် အသက်ရှည်ရှည် နေရနိုင်ခြေ ပိုများပါတယ်။

တစ်ပတ် အနည်းဆုံးတစ်ကြိမ် ငါးစားခြင်းဖြင့် နှလုံးရောဂါထနိုင်ခြေကို ထက်ဝက်လျှော့ချနိုင်

တစ်ပတ်မှာ အနည်းဆုံး အဆီများတဲ့ငါးကို တစ်ကြိမ်စားပေးရင် ရုတ်တရက် အသက်သေဆုံးစေနိုင်တဲ့ နှလုံးရောဂါ အမောဖောက်နိုင်ခြေကို ထက်ဝက်နီးပါး လျော့ကျစေပါတယ်။ လျှို ့ဝှက်ချက်ကတော့ အိုမီဂါ ၃ ဖက်တီးအက်စစ်ပါပဲ။ ဆယ်လ်မွန်ငါး၊ တူနာငါး စတဲ့ အဆီများတဲ့ငါးတွေမှာ အတွေ့ရများပါတယ်။

နေ့စဉ် ဗီတာမင်အီးနှင့် အက်စ်ပရင်ဆေးသောက်ခြင်းဖြင့် သွေးကြောပိတ်နိုင်ခြေကို ၈၀ ရာခိုင်နှုန်း လျှော့ချနိုင်

လေ့လာမှုအရ အင်တီအောက်ဆီးဒင့်နဲ့ သွေးကျဲဆေးတွေဖြစ်တဲ့ ဗီတာမင်အီးနဲ့ အက်စပ်ပရင်ဆေးကို တွဲသောက်တာကြောင့် သွေးကြောပိတ်ဆို့မှုကို ၈၀ ရာခိုင်နှုန်း လျော့ကျစေတယ်လို့ သိရပါတယ်။ ဒီဆေးနှစ်မျိုး တွဲသောက်တာကြောင့် သွေးတွင်းကိုလက်စထရော ပမာဏကို မလျှော့ချနိုင်ပေမယ့် သွေးလွှတ်ကြော မာကျောကျဉ်းမြောင်းမှုကို သက်သာစေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

သူတစ်ပါးကို ကူညီခြင်းဖြင့် အရွယ်မတိုင်မီ သေဆုံးနိုင်ခြေ ထက်ဝက်လျော့နည်းနိုင်

သူတစ်ပါးကို ကူညီတတ်တဲ့ အမျိုးသားတွေဟာ ဘာသိဘာသာ နေတတ်တဲ့ အမျိုးသားတွေထက် အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေ ထက်ဝက်နီးပါး လျော့နည်းကြောင်း လေ့လာမှုတစ်ရပ်အရ သိရပါတယ်။

အိပ်-ထ-မ-တင် လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ခါးနာဖြစ်နှုန်း ၇၅ ရာခိုင်နှုန်း လျော့ကျနိုင်

ဝမ်းဗိုက်ကြွက်သားတွေကို သန်စွမ်းအောင် ကြိုးစားပြီး ခါးဝေဒနာတွေရဲ ့၇၅ ရာခိုင်နှုန်းကို ကာကွယ်လို့ရပါတယ်။ ဝမ်းဗိုက်ကြွက်သားတွေ သန်စွမ်းစေဖို့ တစ်နေ့မှာ အိပ်-ထ-မ-တင် လေ့ကျင့်ခန်းကို ၁၂ ကြိမ်ခန့် ပြုလုပ်ပေးပါ။

Most Popular

Healthy Life Ad
To Top