Healthy Life Ad
Health Tips

မျှော်လင့်မထားဘဲ သင့်ကျန်းမာရေးကို ကောင်းမွန်စေနိုင်သည့် အမူအကျင့် ၁၀

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

တစ်နာရီလောက်ပိုပြီးထိုင်တာ၊ ဗီဒီယိုဂိမ်းကစားတာ၊ ပီကေဝါးတာ စတာတွေက ကျန်းမာရေးနဲ့ ညီညွတ်မှုမရှိဘူးလို့ အများအားဖြင့် သတ်မှတ်ထားပေမယ့် ဒီအမူအကျင့်တွေက ဦးနှောက်နဲ့ စိတ်ကျန်းမာရေးအပေါ် အပြုသဘောဆောင်တဲ့ သက်ရောက်မှုရှိတယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။

alignnone size-medium wp-image-58299
(၁) ပီကေဝါးခြင်း = စိတ်ဖိစီးမှုလျော့ကျပြီး မှတ်ဉာဏ်ကောင်းစေနိုင်

စာဖတ်ရင်း ပီကေဝါးတာက ခန္ဓာကိုယ်ပေါ်မှာ အပြုသဘောဆောင်တဲ့ သက်ရောက်မှုတစ်ခုပါ။ ပီကေဝါးတာကြောင့် မှတ်ဉာဏ်၊ အာရုံစိုက်နိုင်စွမ်း၊ တက်ကြွမှုနဲ့ ဆုံးဖြတ်ချက်ချမှတ်နိုင်စွမ်းတို့ကို ကောင်းမွန်စေနိုင်ပါတယ်။ လေ့လာမှုတွေအရ စာမေးပွဲဖြေချိန်အတွင်း ပီကေဝါးသူတွေဟာ ပီကေမဝါးသူတွေထက် ရေတိုမှတ်ဉာဏ်စစ်ဆေးမှုမှာ ၂၄ ရာခိုင်နှုန်း၊ ရေရှည်မှတ်ဉာဏ်စစ်ဆေးမှုမှာ ၃၆ ရာခိုင်နှုန်း ပိုကောင်းတယ်လို့ တွေ့ရှိရပါတယ်။ ပီကေဝါးတာကြောင့် စိတ်ဖိစီးမှု လျော့ကျစေပြီး ကော်တီစောဟော်မုန်းအဆင့် လျော့နည်းသွားတယ်လို့လည်း သိရပါတယ်။

alignnone size-medium wp-image-58300
(၂) ဗီဒီယိုဂိမ်း အသင့်အတင့်ကစားခြင်း = လေ့လာနိုင်စွမ်းနှင့် ဆုံးဖြတ်ချက်ချနိုင်စွမ်း ကောင်းစေနိုင်

ဗီဒီယိုဂိမ်းကို အသင့်အတင့်ကစားတာက လူတွေရဲ့ ဆုံးဖြတ်ချက်ချမှတ်နိုင်စွမ်း၊ တုံ့ပြန်နိုင်စွမ်းတို့ကို ပိုကောင်းစေတယ်လို့ လေ့လာမှုအရ သိရပါတယ်။ ဒါ့အပြင် အွန်လိုင်းကနေ ခပ်မြန်မြန် တုံ့ပြန်ကစားရတဲ့ ဗီဒီယိုဂိမ်းတွေကို ကစားတာက ဦးနှောက်ရဲ့ စွမ်းဆောင်နိုင်စွမ်းနဲ့ လေ့လာနိုင်စွမ်းကို တိုးစေပါတယ်။

alignnone size-medium wp-image-58301
(၃) ကျိန်ဆိုခြင်း=စိတ်ဖိစီးမှုလျော့ကျပြီး လောကဓံကို ခံနိုင်ရည်ရှိမှုတိုးစေနိုင်

ကျိန်ဆိုတဲ့အကျင့်က မကောင်းဘူးလို့ လူအများစုက လက်ခံထားပေမယ့် ကျိန်ဆိုတာက စိတ်ဖိစီးမှုလျော့ပါးပြီး မကောင်းတဲ့အရာတွေအပေါ် ခံနိုင်ရည်ရှိမှု တိုးစေတယ်လို့ လေ့လာမှုအရ သိရပါတယ်။

alignnone size-medium wp-image-58302
(၄) ရှုပ်ရှုပ်ပွပွနေခြင်း=တီထွင်ဖန်တီးနိုင်စွမ်းတိုးစေနိုင်

ရှုပ်ရှုပ်ပွပွနေထိုင်တာက စည်းကမ်းမရှိ ပရမ်းပတာနေတတ်တဲ့ လက္ခဏာတစ်ရပ်ဆိုပေမယ့် ဒီလိုနေတတ်တဲ့ အကျင့်ရှိသူတွေရဲ့ ကိုယ်တွင်းမှာ ပုန်းကွယ်နေတဲ့ တီထွင်ဖန်တီးနိုင်စွမ်း ရှိနေတယ်လို့ သိရပါတယ်။

alignnone size-medium wp-image-58303
(၅) အိပ်ရေးဝတဲ့အထိ အိပ်စက်အနားယူခြင်း= နှလုံးအမောဖောက်ခြင်းနှင့် လေဖြတ်ခြင်းအန္တရာယ် လျော့ကျစေနိုင်

အိပ်ရေးမဝဘဲ စောစောစီးစီးအိပ်ရာထတာက သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ညဉ့်နက်မှ အိပ်ရာဝင်ပြီး စောစောအိပ်ရာထတဲ့သူတွေဟာ သွေးတိုးပြီး သွေးလွှတ်ကြောမာကျောခြင်း၊ လေဖြတ်ခြင်း၊ သွေးတိုးခြင်းတို့ ဖြစ်နိုင်ခြေများတယ်လို့ လေ့လာမှုအရ သိရပါတယ်။ ဒါကြောင့် သင့်ခန္ဓာကိုယ်ကို အနားပေးပြီး အိပ်ရေးဝ၀ အိပ်စက်အနားယူ ခွင့်ပြုသင့်ပါတယ်။

alignnone size-medium wp-image-58304
(၆) အတင်းအဖျင်းပြောခြင်း = ခင်မင်မှုတိုးပြီး စိတ်ဖိစီးမှု လျော့ကျစေနိုင်

အတင်းအဖျင်းပြောတာက မယုံကြည်ထိုက်ဘူးလို့ ဆိုပေမယ့် တခြားသူတွေနဲ့ ဆက်ဆံရေးကို ပိုကောင်းစေတယ်လို့ စိတ်ပညာလေ့လာမှုအရ သိရပါတယ်။ အတင်းအဖျင်းပြောတာက စိတ်ဖိစီးမှုနဲ့ ပူပင်သောကအဆင့်ကို လျော့ကျစေပါသတဲ့။

alignnone size-medium wp-image-58305
(၇) လေချဉ်တက်ခြင်း = ဗိုက်အောင့်ဝေဒနာ သက်သာစေနိုင်

လေချဉ်တက်တာက စိတ်အနှောင့်အယှက်ဖြစ်စရာဆိုပေမယ့် အစာခြေစနစ်ရဲ့ ပုံမှန်အစိတ်အပိုင်းတစ်ခုပါ။ လေချဉ်တက်လိုက်ရင် မလိုလားအပ်တဲ့ လေတွေထွက်ပြီး အစာအိမ်ကျန်းမာရေး ကောင်းမွန်စေပါတယ်။

alignnone size-medium wp-image-58306
(၈) ရေမချိုးဘဲနေခြင်း=အသားအရေနူးညံ့ပြီး ကောင်းသောဘက်တီးရီးယားများ ပွားများစေနိုင်

နေ့တိုင်း အထူးသဖြင့် ရေနွေးနဲ့ ရေချိုးရင် အသားအရေခြောက်ပြီး အရေးကြောင်းထင်လွယ်စေပါတယ်။ တစ်ရက်ခြားတစ်ခါ ရေချိုးရင် အသားအရေရဲ့ သဘာဝအဆီဓာတ်တွေကို သိုလှောင်နိုင်စွမ်းရှိသွားပြီး အသားအရေ နူးညံ့တောက်ပြောင်စေနိုင်ပါတယ်။ ဒါ့အပြင် ဆပ်ပြာပြင်းပြင်းတိုက်ပြီး နေ့တိုင်းရေချိုးရင် ကောင်းတဲ့ဘက်တီးရီးယားတွေကို သေစေနိုင်တာကြောင့် တစ်ရက်ခြားတစ်ခါပဲ ရေချိုးသင့်တာဖြစ်ပါတယ်။

alignnone size-medium wp-image-58307
(၉) လူမှုကွန်ရက်အသုံးပြုခြင်း=စိတ်ခံစားမှု အထောက်အပံ့များ ရရှိစေနိုင်

လူမှုကွန်ရက်သုံးတာက အထီးကျန်မှုနည်းပြီး လူမှုအသိုင်းအဝိုင်းနဲ့ ထိတွေ့ဆက်ဆံမှု ပိုရှိစေပါတယ်။ လူမှုကွန်ရက်အသုံးပြုတာဟာ မိတ်ဆွေအချင်းချင်း စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေ ဖြစ်စေပြီး မတူညီတဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို အရောက်လှမ်းနိုင်စေပါတယ်။

alignnone size-medium wp-image-58309
(၁၀) ရေအေးဖြင့် ရေချိုးခြင်း=သွေးလှည့်ပတ်မှုကောင်းပြီး ကိုယ်အလေးချိန်လျော့ကျစေနိုင်

ရေအေးနဲ့ ရေချိုးတာက သွေးလှည့်ပတ်မှုကောင်းစေပြီး ကိုယ်တွင်းယူရစ်အက်စစ်အဆင့် ကျစေကာ ကောင်းတဲ့ အင်တီအောက်ဆီးဒင့်အဆင့် မြင့်တက်စေပါတယ်။ သွေးတိုးကျစေပြီး သွေးလွှတ်ကြောပိတ်ဆို့မှု ကင်းစင်ကာ ကိုယ်ခံအားစနစ် မြင့်တက်စေပါတယ်။ ဒါ့အပြင် အဆီပိုလောင်ကျွမ်းစေပြီး ကိုယ်အလေးချိန် ထိန်းပေးနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top