Healthy Life Ad
Health Tips

အရိုးသန်စွမ်းရေးအတွက် အကျိုးရှိသည့် ဗီတာမင်နှင့် သတ္တုဓာတ်များ

အရိုးပါးရောဂါမဖြစ်အောင် ကာကွယ်ပေးပြီး အသက်ကြီးတဲ့အထိ အရိုးသိပ်သည်းဆ ကောင်းနေအောင် မှီဝဲပေးသင့်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ဖြစ်ပါတယ်။

(၁) ကယ်လ်စီယမ် သောက်သုံးသင့်သော ပမာဏ

တစ်နေ့မှာ ကယ်လ်စီယမ်ကို အနည်းဆုံး ၁၀ဝ၀ မီလီဂရမ် မှီဝဲနိုင်ပါတယ်။ နွားနို့၊ ဒိန်ခဲ၊ ဒိန်ချဉ် စတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ ပန်းဂေါ်ဖီစိမ်းလို အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာ ကယ်လ်စီယမ်များစွာ ပါဝင်ပါတယ်။

ဘယ်လိုကောင်းကျိုးတွေ ရရှိနိုင်သလဲ

အရိုးနဲ့ သွားတွေကို အားဖြည့်သန်စွမ်းစေပါတယ်။ ဒါ့အပြင် နှလုံး၊ ကြွက်သားနဲ့ အာရုံကြောတွေရဲ့ လုပ်ငန်းဆောင်တာကို အားကောင်းစေပါတယ်။

(၂) ဗီတာမင် ဒီ သောက်သုံးသင့်သော ပမာဏ

တစ်နေ့မှာ ဗီတာမင်ဒီကို အနည်းဆုံး ၅ မိုက်ခရိုဂရမ် မှီဝဲနိုင်ပါတယ်။ ဆယ်လ်မွန်ငါး၊ တူနာငါး၊ မက်ကရယ်ငါး စတဲ့ အဆီပါတဲ့ ငါးတွေ၊ ဒိန်ခဲ၊ ကြက်ဥ ဘဲဥအနှစ် စတဲ့ အစားအစာတွေထဲမှာ ဗီတာမင်ဒီ ပါဝင်ပါတယ်။ နေရောင်ခြည်ကနေ ဗီတာမင်ဒီကို ကောင်းကောင်းရယူနိုင်ပါတယ်။

ဘယ်လိုကောင်းကျိုးတွေ ရရှိနိုင်သလဲ

ခန္ဓာကိုယ်မှ ကယ်လ်စီယမ်စုပ်ယူ အားကောင်းစေတာကြောင့် အရိုးတွေကို သန်စွမ်းစေပါတယ်။ ဒါ့အပြင် ကိုယ်ခံစွမ်းအားစနစ်နဲ့ အာရုံကြောကြွက်သားတွေရဲ့လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။

(၃) မဂ္ဂနိစ် သောက်သုံးသင့်သော ပမာဏ

တစ်နေ့မှာ မဂ္ဂနိစ်ကို အနည်းဆုံး ၂ ဒသမ ၃ မီလီဂရမ် မှီဝဲနိုင်ပါတယ်။ အခွံချွတ်မထားတဲ့ ကောက်နှံစာ(ဥပမာ-ပေါင်မုန့်ညို၊ ဆန်လုံးညို)၊ ဟင်းသီးဟင်းရွက် စတဲ့ အစားအစာတွေထဲမှာ မဂ္ဂနိစ်များစွာ ပါဝင်ပါတယ်။

ဘယ်လိုကောင်းကျိုးတွေ ရရှိနိုင်သလဲ

အရိုးတွေကို သန်မာစေပါတယ်။ ခန္ဓာကိုယ်ထဲမှာ အမိုင်နိုအက်စစ်၊ ကိုလက်စထရောနဲ့ ကာဗိုဟိုက်ဒရိတ်တို့ တည်ဆောက်ဖြိုခွဲတဲ့ လုပ်ငန်းဆောင်တာမှာ အသုံးပြုပါတယ်။

Most Popular

Healthy Life Ad
To Top