Healthy Life Ad
Health Tips

ရွှေဖရုံသီး၏ ကျန်းမာရေးစွမ်းပကား

မီမိုးမေ (ဆေးဝါးတက္ကသိုလ်)

ရွှေဖရုံသီးမှာ ဗီတာမင်၊ သတ္တုဓာတ်၊ အမျှင်ဓာတ်နဲ့အင်တီအောက်ဆီးဒင့်တွေ အပြည့်ပါဝင်နေတယ်ဆိုတာ သင်သိပါရဲ့လား။ ရွှေဖရုံသီးကို ကျန်းမာရေးအတွက် စားသင့်သလားဆိုတာကို သိလိုကြသူတွေအတွက် ရွှေဖရုံသီးအကြောင်း ပြည့်ပြည့်စုံစုံသိနိုင်စေဖို့ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

(၁) ဗီတာမင်နဲ့ သတ္တုဓာတ်ပါဝင်မှုများပါတယ်

ရွှေဖရုံသီးမှာ တောက်ပတဲ့အရောင်ရှိလေလေ သင့်ကျန်းမာရေးအတွက် ပိုကောင်းလေလေပါပဲ။ ရွှေဖရုံသီးမှာ ဗီတာမင်အေနဲ့ ကာရိုတီးနွိုက၊ အထူးသဖြင့် ကယ်ရိုတင်းတွေပါဝင်နေပါတယ်။ ဒါ့အပြင် ဗီတာမင်စီ၊ ဗီတာမင်ကေနဲ့ ဗီတာမင်အီးတွေ ပါဝင်ရုံသာမက မဂ္ဂနီစီယမ်၊ ပိုတက်စီယမ်နဲ့ သံဓာတ်လိုသတ္တုဓာတ်တွေလည်း အများအပြား ပါဝင်နေပါတယ်။

(၂) အမျှင်ဓာတ်ပါဝင်မှုများပါတယ်

ရွှေဖရုံသီးချက်ပြီး အကြမ်းပန်းကန်လုံးခွက်ရဲ့ တစ်ဝက်စာ ပမာဏမှာ ကာဗိုဟိုက်ဒရိတ် ၆ ဒသမ ၅ ဂရမ်နဲ့ အမျှင်ဓာတ် ၃ ဒသမ၅ ဂရမ် ပါဝင်နေပါတယ်။

(၃) ကိုယ်တွင်းရောင်ရမ်းမှု လျော့ကျစေပါတယ်

ရွှေဖရုံစေ့မှာသတ္တုဓာတ် အများအပြားပါဝင်နေတာကြောင့် ရောင်ရမ်းမှုကို လျော့ကျစေကာ ဆီးကျိတ်ကင်ဆာရောဂါနဲ့ အရိုးပါးရောဂါတို့မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ရွှေဖရုံစေ့ အကြမ်းပန်းကန်လုံးတစ်ခွက်ရဲ့ လေးပုံတစ်ပုံမှာ အစွမ်းထက်ကာဗိုဟိုက်ဒရိတ် ငါးဂရမ်နဲ့ အမျှင်ဓာတ် ၁ ဒသမ ၅ ဂရမ် ပါဝင်နေပါတယ်။

ရွှေဖရုံသီး ရွေးချယ်မှု

ချက်ဖို့အတွက်ဆိုရင် လေးလံတဲ့ ရွှေဖရုံသီးကိုရွေးပါ။ ပေါ့တဲ့ ရွှေဖရုံသီးက လေးတာထက် ပိုခြောက်နေတတ်ပါတယ်။ အရွယ်ကြီးရင် အလယ်မှာ နေရာလွတ်ရှိနေတတ်ပါတယ်။

ရွှေဖရုံသီး သိမ်းဆည်းမှု

ရွှေဖရုံသီးကို ခြောက်သွေ့အေးမြတဲ့နေရာမှာ သိမ်းထားသင့်ပါတယ်။ ရွှေဖရုံသီးရဲ့အောက်မှာ စက္ကူထားပြီးသိမ်းထားပါ။ လှီးထားတဲ့ ရွှေဖရုံသီးကို နှစ်ရက်အတွင်းချက်စားသင့်ပါတယ်။ ကြာရင် မှိုတက်နိုင်လို့ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top