Healthy Life Ad
Health Tips

တစ်ပတ်မှာသုံးကြိမ်ခန့် ရေကူးလိုက်ရုံနဲ့ သင့်ခန္ဓာကိုယ် ဘာတွေပြောင်းလဲသွားမှာလဲ . . .

——————–၊ စူး (ဆေးဝါးတက္ကသိုလ်) ၊————————

ရေကူးတာက သင့်အသက်ဘယ်လောက်ပဲဖြစ်ဖြစ် ကျန်းမာတဲ့ခန္ဓာကိုယ် ဖြစ်စေပါတယ်။ ရေကူးတာက တစ်ကိုယ်လုံးကို အပြည့်အဝ လေ့ကျင့်ခန်းပြုလုပ်ရာရောက်ရုံသာမက စိတ်ခံစားမှုကောင်းစေတဲ့ အန်ဒေါ်ဖင်ဓာတ် အထွက်တိုးစေတာကြောင့် စိတ်ကျဝေဒနာကို လျော့ကျစေပါတယ်။

(၁) သင့်အဆုတ်တွေက ပိုပြီး ကောင်းကောင်းအလုပ်လုပ်နိုင်လာပါမယ်

ပုံမှန်ရေကူးတာက သင့်အဆုတ်တွေကို သန်စွမ်းစေတဲ့ နည်းလမ်းကောင်းတစ်ရပ်ပါ။ ရေကူးတာက အဆုတ်ရဲ့ ြွကက်သားသန်စွမ်းမှု အားကောင်းစေပြီး ရင်ဘတ်ကို လှုံ့ဆော်ပေးတာကြောင့် အဆုတ်လုပ်ငန်းဆောင်တာကို အားကောင်းစေပါတယ်။

(၂) သင့်အဆစ်တွေ ပိုပြီးသန်စွမ်းလာပါမယ်

ရေကူးတာကြောင့် သင့်ကိုယ်အလေးချိန်ရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးကို ထောက်ပံ့ပေးတဲ့အတွက် အဆစ်ရောင်နာကြောင့်ဖြစ်တဲ့ အဆစ်နာကျင်တဲ့ ဝေဒနာအတွက် အကောင်းဆုံးလေ့ကျင့်ခန်းပါ။ ပုံမှန်ရေကူးတာက သငြွ့်ကက်သားတွေကို ပုံမှန်လေ့ကျင့်ခန်း လုပ်ဖြစ်စေတဲ့အတွက် အဆစ်ရောင်နာဝေဒနာရဲ့ နာကျင်မှုတွေကို လျော့ပါးစေပြီး အဆစ်တဝိုက် ြွကက်သားတွေကို သန်စွမ်းစေပါတယ်။

(၃) သင့်ကျောပြင် သန်စွမ်းလာပါမယ်

ခါးနာတဲ့ဝေဒနာခံစားနေရရင် ရေကူးတာက ခါးြွကက်သားတွေကို ပြန်လည်တည်ဆောက်ပေးနိုင်ပြီး နာကျင်မှုဝေဒနာကို သက်သာစေပါတယ်။

(၄) ကယ်လိုရီလောင်ကျွမ်းမှု ပိုအားကောင်းလာပါမယ်

တစ်ပတ်မှာသုံးရက် ရေကူးတာကြောင့် ကယ်လိုရီအပိုတွေကို လောင်ကျွမ်းစေပြီး ြွကက်သားတွေကို သန်စွမ်းစေပါတယ်။ မိနစ် ၃၀ ကြာ ရေကူးလိုက်ရုံနဲ့ ကယ်လိုရီ ၅၀ဝ လောင်ကျွမ်းစေနိုင်ပါတယ်။ သင့်အနေနဲ့ လမ်းလျှောက်လေ့ကျင့်ခန်းကိုပါ လုပ်တယ်ဆိုရင် ကယ်လိုရီလောင်ကျွမ်းမှုက နှစ်ဆလောက် ဖြစ်သွားတတ်ပါတယ်။

(၅) အိုမင်းမှုဖြစ်စဉ် နှေးလာပါမယ်

လေ့လာမှုတစ်ခုအရ တစ်ပတ်မှာ ၃-၅ ကြိမ် ခန့် ရေကူးတာက အိုမင်းမှုဖြစ်စဉ်ကို နှောင့်နှေးစေတယ်လို့ သိရပါတယ်။ ပုံမှန်ရေကူးတဲ့သူတွေအနေ နဲ့ ြွကက်သားသန်စွမ်းတာက အိုမင်းမှုဖြစ်စဉ်ကို နှောင့်နှေးစေတဲ့ အဓိက အချက်တစ်ခုပါ။

(၆) အိပ်လို့ပိုကောင်းလာပါမယ်

ရေကူးတာက စိတ်ကိုတကြွ်ကစေပြီး အိပ်ရေးဝဝ အိပ်မောကျအောင် ပံ့ပိုးကူညီပေးပါတယ်။ ရေကူးတာက အိပ်မပျော်သူတွေအတွက် အထူးသင့်တော်တဲ့ လေ့ကျင့်ခန်းတစ်မျိုးဖြစ်ပြီး အိပ်ရေးဝဝအိပ်ပျော်ဖို့ ကြိုးစားနေရရင် လုပ်ကြည့်သင့်ကြောင်း တိုက်တွန်းပါတယ်။

Most Popular

Healthy Life Ad
To Top