Healthy Life Ad
Q & A

၀ိတ်လျှော့ရင် ညစာမစားဘဲ နေရမှာလား . . .

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

Q. ကျွန်တော်ဝိတ်လျှော့ချင်လို့ပါ။ ညစာမစားရဘူးလို့ ပြောနေကြပါတယ်။ ကျွန်တော်ညစာမစားဘဲ မနေနိုင်ပါဘူး။ ညစာမစားဘဲ ဝိတ်လျှော့လို့မရဘူးလားခင်ဗျ။ နည်းလမ်းလေးပေးပါဦး။
NT (FB)

A. ဝိတ်လျှော့တဲ့သူတွေက ညစာကို မရှောင်ချင်ဘူးဆိုရင် ညစာစားတဲ့အခါ ရွေးချယ်ပြီး စားသောက်ရပါမယ်။ ဝိတ်ချမယ့်သူတွေက ညစာစားမယ်ဆိုရင် ထမင်းအများကြီး စားလို့မရပါဘူး။ ဖြစ်နိုင်ရင် ထမင်းကိုထည့်မစားတာ ပိုကောင်းပါတယ်။ စွပ်ပြုတ်ရည်သောက်ရပါမယ်။ စွပ်ပြုတ်ရည်မကြိုက်တဲ့သူတွေက ဟင်းချိုရည်နှစ်ခွက် သောက်ရပါမယ်၊ အရွက်ကြော် တစ်ပန်းကန် စားရပါမယ်။ အသား/ငါးကို တစ်တုံးလောက် စားလို့ရပါတယ်။ ဝိတ်ချချင်တယ်ဆိုရင် ဒီလောက်ပဲ စားသင့်ပါတယ်။ ဒါပေမဲ့ တချို့က ဒီလိုလေးစားရတာ အာသာမပြေဘူး၊ ဗိုက်အရမ်းဆာတယ်ဆိုရင် ဘာနဲ့အစားထိုးရမလဲဆိုတော့ အသီးအနှံတွေနဲ့ အစားထိုးစားပေးလို့ ရပါတယ်။ နောက်တစ်ခုက နို့သောက်ပါ။ နို့သောက်လို့ရပါတယ်။

Most Popular

Healthy Life Ad
To Top