Healthy Life Ad
Life Style

အဝတ်အစားဆိုက်များစွာ လျှော့ဝတ်နိုင်တဲ့အထိ ဝိတ်ကျသွားတဲ့အမျိုးသမီးရဲ့ ကိုယ်အလေးချိန်လျှော့ချနည်းလမ်းများ

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

မစ်ဆိုရီမှ ဟန်နာလက်စ်တာအမည်ရှိ အမျိုးသမီးတစ်ဦးက သူရဲ ့ကိုယ်အလေးချိန် အလွန်အမင်း လျော့ကျသွားတဲ့အတွက် အဝတ်အစားအရွယ်အစား ၁၀ ဆိုက် (10 dress sizes)အထိ လျှော့ဝတ်ရပြီလို့ ဆိုပါတယ်။ ကောလိပ်ကျောင်းသူဘဝမှာ အချိန်ပိုင်းအလုပ်အဖြစ် အဆင်သင့်စာ စားသောက်ဆိုင်မှာ အလုပ်လုပ်ခဲ့တဲ့ဟန်နာက အဆင်သင့်စာတွေကို အစားများတာကြောင့် ကိုယ်အလေးချိန်ဟာ ၂၈၅ ပေါင်အထိ မြင့်တက်လာခဲ့သူပါ။ ဟန်နာရဲ ့ အရပ်အမောင်း ၅ ပေ ၆ လက်မနဲ့ယှဉ်ရင် ကိုယ်အလေးချိန်များနေတာကြောင့် လျှော့ချလိုခဲ့ပေမယ့် လေ့ကျင့်ခန်းလုပ်ချိန်မရှိသလောက် နည်းခဲ့ပါတယ်။

ဟန်နာဟာ ကောလိပ်ပြီးချိန်မှာ အလုပ်ရတဲ့အတွက် သူ့လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ကိုယ်အလေးချိန်လျှော့ချတဲ့ စိန်ခေါ်ချက်တစ်ခုကို ဆက်သွယ်ခဲ့ပါတယ်။ ဟန်နာက ၂၀၁၂ ဇန်နဝါရီလကနေ မေလအထိ ကြိုးစားခဲ့တဲ့အခါ ကိုယ်အလေးချိန် ၃၅ ပေါင် လျော့ကျသွားခဲ့ပါတယ်။ သူရဲ ့နည်းလမ်းတွေကတော့ အခုလို ပြောပြထားပါတယ်။

အစားအသောက်
• ဟန်နာက အဆင်သင့်အစာအားလုံးနဲ့ ဆော်ဒါအချိုရည်တွေကို လုံးဝဖြတ်ချလိုက်ပါတယ်။

• နေ့တိုင်း ရေများများသောက်ပါတယ်။

• ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းအတွက် လမ်းများများလျှောက်ပါတယ်။

• ဟန်နာက သူမျှော်မှန်းထားတာထက် ၂ လစောပြီး မတ်လမှာ သူ့ပန်းတိုင်ကို စမြင်ခဲ့ရသူပါ။ ကိုယ်အလေးချိန်လျှော့ချနိုင်ဖို့ မှန်ကန်တဲ့လမ်းကြောင်းပေါ် ခြေချနိုင်ခဲ့ပြီလို့ သဘောပေါက်လာတဲ့ ဟန်နာက တဖြည်းဖြည်း ဆက်လက်ကြိုးစားခဲ့တဲ့အခါ ကိုယ်အလေးချိန်ကို ပေါင် ၅၀ အထိ ဖြည်းဖြည်းချင်း လျှော့ချနိုင်ခဲ့ပါတော့တယ်။

လေ့ကျင့်ခန်း

• ကိုယ်အလေးချိန် ပေါင် ၅၀ လျှော့ချနိုင်ခဲ့တဲ့အချိန်မှာ ဟန်နာက အားကစားခန်းမမှာ နည်းလမ်းတကျ လေ့ကျင့်ခန်းလုပ်ပြီး လမ်းလျှောက်ချိန်ကို တိုးမြှင့်ပြုလုပ်ခဲ့ပါတယ်။

• အိမ်မှာပဲ ချက်ပြုတ်စားသောက်တဲ့နည်းလမ်းနဲ့ ကျန်းမာရေးနဲ့အညီ စားသောက်ဖြစ်ဖို့ ကြိုးစားပါတယ်။

• သုံးနှစ်ကျော်အကြာမှာ ကိုယ်အလေးချိန် ပေါင် ၁၀ဝ လျော့ကျသွားခဲ့ပါတော့တယ်။

အဝတ်အစား

• နောက်ဆုံးမှာတော့ ကိုယ်အလေးချိန်များစဉ်က ဝတ်ခဲ့တဲ့ အဝတ်အစားတွေကို စွန့်ပစ်နိုင်ပြီး အဝတ်အစားအရွယ်အစား ၁၀ ဆိုက်ခန့် လျော့နည်းတဲ့ အဝတ်အစားတွေကိုပဲ ရွေးဝတ်ခဲ့ရပါတော့တယ်။

• ဟန်နာက အခုဆိုရင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံအတိုင်း ဆက်လက်လိုက်နာတဲ့နည်းနဲ့ ကိုယ်အလေးချိန်ကို ပုံမှန်ဖြစ်အောင် ဆက်ထိန်းနေသူပါ။

Most Popular

Healthy Life Ad
To Top