Healthy Life Ad
Q & A

မဝအောင် ကြိုတင်ထိန်းထားလို့ ရပါသလား . . .

—၊ ပါမောက္ခဦးကိုကို (ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊—

Q. မဝသေးတဲ့ သူတွေအနေနဲ့ရော ဝမလာအောင် ဘယ်လိုသတိထားသင့်ပါသလဲ ဆရာ။
TTH(FB)

A. မဝသေးတဲ့သူတွေက ကိုယ့်အလေးချိန်နဲ့ ကိုယ့်ခါးကို အမြဲတိုင်းနေဖို့ လိုပါတယ်။ ကိုယ်အလေးချိန်က မတက်အောင် ထိန်းရတာက ပိုလွယ်ပါတယ်။ ဝပြီးမှ ပြန်လျှော့ရတာ ခက်ပါတယ်။ အထူးသဖြင့် ကလေးတွေမှာ အဆင်သင့်အစာ (Junk Food)တွေ စားတာများလို့ ကလေးတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ အဝလွန်တဲ့ ကလေးတွေ ဖြစ်လာနေပါတယ်။ ဒါကို ဂရုစိုက်ပေးဖို့ လိုပါတယ်။

ဝတာကို ပိန်အောင်လျှော့တာက လှချင်လို့ မဟုတ်ပါဘူး။ ကျန်းမာအောင်လျှော့တာ၊ ရောဂါတွေ အန္တရာယ်ကနေ ကင်းဝေးချင်လို့ လျှော့တာဖြစ်ပါတယ်။ ဝပင်ဝသော်ငြား Metabolically Healthy ဖြစ်အောင် နေရပါမယ်။ ဆိုလိုတာက ဝနေရင်တောင် ကိုယ်အလေးချိန်ကို ထပ်တက်မလာအောင် ထိန်းရမယ်၊ ခန္ဓာကိုယ်ထဲမှာ အဆီပိုတွေ တက်မလာအောင် ထိန်းရမယ်။ ခါးအတိုင်းအတာက များနေရင် လျှော့ရမယ်။ ဒါဆိုရင် ဝရင်တောင်မှ အသက်အန္တရာယ်ရှိနိုင်တဲ့ ရောဂါတွေမရှိအောင် ကာကွယ်ထားနိုင်မှာ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top