Healthy Life Ad
Health Tips

ယောဂပုံမှန်ကျင့်သဖြင့် ၇၅ နှစ်အရွယ်တွင် ၃၅ နှစ်အရွယ်ထင်ရလောက်အောင် ခန္ဓာကိုယ်သန်စွမ်းကျန်းမာရခြင်း လျှို့ဝှက်ချက်

—–၊ စူး (ဆေးဝါးတက္ကသိုလ်) ၊—–

အသက် ၇၅ နှစ်အရွယ်ရှိတဲ့ အမျိုးသမီးကြီးက ယောဂကျင့်စဉ်ကို နေ့စဉ်ပုံမှန်ကျင့်တာကြောင့် သူ့ခန္ဓာကိုယ်ရဲ့ ကြံ့ခိုင်မှုက ၃၅ နှစ်အရွယ်လို့ ထင်ရလောက်အောင် သန်စွမ်းကျန်းမာနေပါတယ်။ ပုံမှန်ယောဂကျင့်ခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးတွေကို လေ့လာကြည့်ရအောင်။


♦ ခန္ဓာကိုယ်အနေအထား ကောင်းမွန်ခြင်း

ယောဂကျင့်တဲ့အချိန်မှာ ကိုယ်နေဟန်မတ်ပြီး အာရုံစူးစိုက်ရတာကြောင့် သင့်ခန္ဓာကိုယ်ကို စိတ်ကျေနပ်မှု ပိုမိုရရှိစေပါတယ်။


♦ နှလုံးကျန်းမာခြင်း

ယောဂကျင့်တာကြောင့် သွေးတိုးကျစေပါတယ်၊ သွေးတွင်းကိုလက်စထရောအဆီနဲ့ သွေးတွင်းသကြားဓာတ် လျော့ကျစေပါတယ်။ ဒါကြောင့် နှလုံးနဲ့ သွေးကြောတွေကို ကျန်းမာစေတဲ့ ကောင်းကျိုးရှိစေတာပါ။


♦ ခန္ဓာကိုယ်ကြံ့ခိုင်ခြင်း

တစ်ပတ်မှာ နှစ်ကြိမ်လောက် ယောဂကျင့်ပေးရင် ြွကက်သားသန်စွမ်းမှုတိုးစေပြီး ခန္ဓာကိုယ် ပျော့ပျောင်းစေကာ သက်လုံကောင်းစေပါတယ်။ နှလုံး၊ အဆုတ်နဲ့ သွေးကြောတွေကို ကျန်းမာနေစေပါတယ်။


♦ သတိနဲ့စားတတ်ခြင်း

ယောဂကျင့်သူက အစာစားတဲ့အခါမှာလည်း သတိနဲ့ထိန်းတတ်သွားပြီး အစာတွေရဲ့ အနံ့၊ အရသာနဲ့ ပါးစပ်ထဲမှာ ဘယ်လိုခံစားရတယ်ဆိုတာကို သိသွားပါတယ်။ အဲဒီအခါ ကိုယ့်အတွက် ကျန်းမာရေးနဲ့ညီတာကို ပြောင်းလဲနှစ်ခြိုက်လာတယ်လို့ သိရပါတယ်။


♦ ကိုယ်အလေးချိန် ထိန်းနိုင်ခြင်း

ယောဂကျင့်ရင်း စိတ်စွမ်းအားမြင့်လာတဲ့အခါ ဆာလောင်မှုနဲ့ ဗိုက်ပြည့်မှုတွေကို ပိုတုံ့ပြန်နိုင်စွမ်း ရှိလာတာကြောင့် အစာကို လိုအပ်မှသာ လိုသလောက် စားဖြစ်သွားပါတယ်။ ဒီနည်းက ကိုယ်အလေးချိန်ကို ထိန်းနိုင်တဲ့အချက်ပါပဲ။

Most Popular

Healthy Life Ad
To Top