Healthy Life Ad
Health Tips

ကြက်သွန်ဖြူ၏ အနာကျက်စေသော အာနိသင်

ကြက်သွန်ဖြူကို တိုင်းပြည်အနှံ့မှာ ဟင်းလျာတွေထဲ ထည့်ချက်လေ့ရှိပါတယ်။ ကြက်သွန်ဖြူမှာ အောက်ပါအာနိသင်တွေ ရှိကြပါတယ်။

(၁) ကြက်သွန်ဖြူဟာ ကိုယ်ခံအားစနစ်ကို အားကောင်းစေပြီး အဆုတ်ပိုးဝင်တာ၊ ချောင်းဆိုးတာနဲ့ ရင်ကျပ်တာတွေကို သက်သာစေပါတယ်။

(၂) ကြက်သွန်ဖြူမှာ အိုင်အိုဒင်းဓာတ် ပါဝင်တာကြောင့် သိုင်းရွိုက်အလုပ်အလွန်လုပ်တဲ့ အခြေအနေကို သက်သာစေပါတယ်။

(၃) ကြက်သွန်ဖြူစားတာကြောင့် မကောင်းတဲ့ ကိုလက်စထရောလျော့ကျစေပြီး နှလုံးသွေးကြောရောဂါ ဖြစ်နှုန်းကို လျော့နည်းစေပါတယ်။

(၄) ကြက်သွန်ဖြူစားတာကြောင့် မိန်းမကိုယ်မှာ ဖန်းဂတ်စ်မှိုနဲ့ ဘက်တီးရီးယားမှိုစွဲတဲ့ ဝေဒနာကို သက်သာစေပါတယ်။

(၅) ကြက်သွန်ဖြူမှာ ဗီတာမင် B6 ပါဝင်တာကြောင့် ဆဲလ်သစ်ကြီးထွားမှုကို အားပေးပါတယ်။

(၆) ကြက်သွန်ဖြူဟာ ကင်ဆာအမျိုးမျိုးကို ကာကွယ်ပေးပါတယ်။ ဆီးအိတ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာနဲ့ အစာအိမ်ကင်ဆာတွေကို ကုသရာမှာ ကြက်သွန်ဖြူကို တွဲဖက်စားပေးရင် ဆေးကုသမှုကို ပိုထိရောက်စေပါတယ်။

(၇) ကြက်သွန်ဖြူက သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပေးတဲ့အတွက် ဆီးချိုရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top