Healthy Life Ad
Health Tips

ညက်အောင်ထောင်းထားသော ကြက်သွန်ဖြူကို စားခြင်းဖြင့် ရနိုင်သောကောင်းကျိုးများ

——-၊ စူး(ဆေးဝါးတက္ကသိုလ်) ၊——-

(၁) အယ်လီစင်ကြောင့် နှလုံးရောဂါအမောဖောက်ခြင်းအား ကာကွယ်ပေးနိုင်

အင်တီအောက်ဆီးဒင့် အယ်လီစင်ဟာ ကြက်သွန်ဖြူကို ထောင်းပြီးမှသာ ထွက်ရှိလာပါတယ်။ ဒီဓာတ်ဟာ ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်နိုင်ပြီး နှလုံးရောဂါအမောဖောက်တာ (Heart Attack)နဲ့ လေဖြတ်တာတို့ကို ကာကွယ်ပေးနိုင်ပါတယ်။

(၂) သွေးတိုးကို ချက်ချင်းလျော့ကျစေနိုင်

နုပ်နုပ်စင်းထားတဲ့ ကြက်သွန်ဖြူကို ဒီအတိုင်း(ဟင်းမချက်ဘဲ)စားတဲ့အတွက် သွေးကြောကျယ်စေတဲ့နှုန်းကို ၇၂ ရာခိုင်နှုန်းနဲ့အထက် မြင့်တက်စေပါတယ်။

(၃) ဘက်တီးရီးယား သေစေနိုင်

နုပ်နုပ်စင်းထားတဲ့ ကြက်သွန်ဖြူကို စားတာကြောင့် ဘက်တီးရီးယားပိုးတွေကို သေစေနိုင်သလို တိုက်ရိုက်လိမ်းပေးရင်လည်း ပိုးသေစေပါတယ်။

(၄) အအေးမိဝေဒနာမဖြစ်စေရန် ကာကွယ်ပေးနိုင်

လေ့လာမှုအရ ထောင်းထားတဲ့ ကြက်သွန်ဖြူကို များများစားလေ့ရှိသူတွေဟာ သူများထက် အအေးမိဝေဒနာ ခံစားရနိုင်ခြေ ၂-၃ ဆပိုမို လျော့နည်းကြောင်းသိရပါတယ်။

(၅) အစာအိမ်နှင့် အူမကြီးကင်ဆာ ကာကွယ်ပေးနိုင်

ကြက်သွန်ဖြူမှာပါဝင်တဲ့ ဆာလဖာဒြပ်ပေါင်းဟာ ကင်ဆာကို တွန်းလှန်နိုင်တဲ့ ခုခံအားစနစ်ရဲ့ သဘာဝခုခံနိုင်စွမ်းကို လှုံ့ဆော်ပေးပါတယ်။ ဒါကြောင့် နုပ်နုပ်စင်းထားတဲ့ ကြက်သွန်ဖြူကို ပုံမှန်စားပေးရင် အစာအိမ်ကင်ဆာဖြစ်နှုန်းကို သိသိသာသာ လျော့ကျစေပါတယ်။

Most Popular

Healthy Life Ad
To Top