Healthy Life Ad
Health Tips

“ငယ်မူပြန် မှတ်ဉာဏ်လျော့နည်းရောဂါ၏ အစဦးလက္ခဏာများ”

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

စိတ်ကျန်းမာရေး အတွင်းလူနာကုသဆောင်နဲ့ တွဲဖက်ထားတဲ့ ရုံးခန်းထဲမှာ လူနာသစ် ဂျိုးရဲ့ ဆေးမှတ်တမ်းကို စာရေးသူ ဖြည့်စွက်ရေးသားနေပါတယ်။ တံခါးခေါက်ပြီး သူနာပြုမေစီ အခန်းထဲ ဝင်လာပါတယ်။

“လူနာတစ်ယောက်ရဲ့ ရောဂါကို ဒေါက်တာနဲ့ ဆွေးနွေးချင်လို့ပါ”

“ရပါတယ်။ လူနာက ဘယ်အရွယ်လဲ”

“အသက် ၆၂ နှစ်အရွယ်ဂျိုးပါ။ ကျွန်မက ဂျိုးရဲ့ တာဝန်ခံသူနာပြုပါ”

“ဂျိုးကို ကျွန်တော် စစ်ဆေးပြီးပါပြီ။ သူ့ဇနီးနဲ့လည်း တွေ့ဆုံမေးမြန်းပြီးပါပြီ။ မေစီ ဘာသိချင်လဲ”

“ဂျိုးက စိတ်ကျရောဂါ ခံစားနေရသလိုပဲ။ ဆေးမှတ်တမ်းထဲမှာ “ငယ်မူပြန်မှတ်ဉာဏ်လျော့နည်းရောဂါ-အယ်လ်ဇိုင်းမားအမျိုးအစား (Dementia-Alzheimer Type)လို့ ရေးထားတာ တွေ့ရတယ်။ ကျွန်မနားမရှင်းလို့ပါ”

“ဂျိုးက စိတ်ကျရောဂါ ခံစားနေရတယ်လို့ မေစီ ဘာကြောင့်ယူဆတာလဲ

“ဒီမနက် သူ့အခန်းထဲမှာ တစ်ယောက်တည်း ငိုနေတာ ကျွန်မတွေ့ရတယ်။ နောက်ပြီး ဂျိုးရဲ့ အသက်က ၆၂ နှစ်ပဲဆိုတော့ အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားဖို့ အသက်ငယ်နေသေးတယ်လို့ စဉ်းစားမိလို့ပါ”

“အသက် ၆၅ နှစ်ကျော်မှ အယ်လ်ဇိုင်းမားရောဂါ စတင်ဖြစ်ပွားတတ်တယ်ဆိုတာ မှန်ပါတယ်။ ရောဂါဖြစ်ပွားနှုန်းက အသက် ၆၅ နှစ် အမျိုးသားတွေထဲမှာ ဝ ဒသမ ၆ ရာခိုင်နှုန်း ရှိတယ်။ အမျိုးသမီးတွေထဲမှာ ဝ ဒသမ ၉ ရာခိုင်နှုန်းရှိတယ်။ အသက်ကြီးလာတာနဲ့အမျှ ရောဂါဖြစ်ပွားနှုန်းက တဖြည်းဖြည်း ပိုမိုတိုးပွားလာတယ်။ အသက် ၈၅ နှစ်အရွယ် သက်ကြီးရွယ်အိုတွေထဲမှာ အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားနှုန်းက ၁၁ မှ ၁၄ ရာခိုင်နှုန်းအထိ မြင့်တက်သွားပါတယ်။ အသက် ၆၀ ပတ်ဝန်းကျင်မှာ အယ်လ်ဇိုင်းမားရောဂါ စတင်ဖြစ်ပွားတဲ့ လူနာတွေလည်း ရှိပါတယ်။ အယ်လ်ဇိုင်းမားရောဂါ စတင်ဖြစ်ပွားတဲ့ လူနာတွေလည်း ရှိပါတယ်။ အယ်လ်ဇိုင်းမားရောဂါရှိတဲ့ လူနာအားလုံးရဲ့ ၅ ရာခိုင်နှုန်းက အသက် ၆၀ ပတ်ဝန်းကျင်မှာ စတင်ဖြစ်ပွားတာ တွေ့ရှိရပါတယ်”

“ဂျိုးက အဲဒီလို လူနာအမျိုးအစားပေါ့”

“မှန်ပါတယ်။ နောက်ပြီး မေစီသတိထားရမယ့် အချက်အလက်တစ်ခုရှိတယ်”

“ငယ်မူပြန်မှတ်ဉာဏ်လျော့နည်းရောဂါ ဖြစ်ပွားစလူနာတွေမှာ စိတ်ကျရောဂါလက္ခဏာတွေကို တွေ့ရှိနိုင်ပါတယ်”

မေစီက စကားကျကောက်ပြီး မေးမြန်းပါတယ်။

“ဒေါက်တာအချိန်ရှိသေးရင် အယ်လ်ဇိုင်းမား ငယ်မူပြန်မှတ်ဉာဏ်လျော့နည်းရောဂါ ဖြစ်ပွားစမှာ တွေ့ရှိရတဲ့ အစဦးရောဂါလက္ခဏာတွေကို ပြောပြပေးပါ”

အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားစလက္ခဏာ အုပ်စုသုံးမျိုးရှိပါတယ်။ မှတ်ဉာဏ်လျော့နည်းခြင်း (Memory Impairment)၊ အသိဉာဏ်လျော့နည်းကျဆင်းခြင်း (Intellectual Deterioration)နဲ့ အပြောအဆို၊ အပြုအမူနဲ့ စိတ်ခံစားမှု ပြောင်းလဲလာခြင်း(ငယ်မူပြန်လာခြင်း) (Mood and Personality Changes)တို့ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ

“ဖြစ်ပြီးစကိစ္စကလေးတွေကို ပြန်လည်စဉ်းစားလို့ မရဖြစ်လာတယ်။ ငယ်စဉ်ဘဝ အဖြစ်အပျက်တွေကို မှတ်မိနိုင်တယ်။ ဒါပေမဲ့ ဒီမနက် ဘာလုပ်ခဲ့သလဲဆိုတာကို ပြောမပြနိုင်ဘူး။ မေးမြန်းပြီးသား မေးခွန်းကို သတိမရလို့ ဒီမေးခွန်းကိုပဲ ထပ်ပြန်တလဲလဲပြန်ပြီး မေးမြန်းနေတတ်တယ်။”

Dementia “ငယ်မူပြန်မှတ်ဉာဏ်လျော့နည်းရောဂါ”လို့ ခေါ်ဆိုပါတယ်”

မေစီက ဟာကွက်ကို ထောက်ပြတယ်။

“အသိဉာဏ်ယုတ်လျော့ကျဆင်းတာ မပါပါလား”

“အများနားလည်ရင် ပြီးတာပါပဲ။ အဓိပ္ပာယ်အားလုံး ပါချင်ရင်တော့ “ငယ်မူပြန်၊ အသိဉာဏ်ကျဆင်း၊ မှတ်ဉာဏ်ချို့ယွင်းရောဂါ”လို့ ပြောပေါ့။ တချို့ကတော့ Dementia ကို “အမေ့လွန်ရောဂါ”လို့ တိုတိုတုတ်တုတ် ခေါ်ဆိုပါတယ်”

“ကောင်းသားပဲ။ လွယ်တာပေါ့”

“ဒါပေမဲ့ အဓိပ္ပာယ်မှားနေတယ်။ နောက်ပြီး Dementia ရောဂါမဟုတ်တဲ့ တခြား“မှတ်ဉာဏ်ချို့ယွင်းရောဂါ”( Amnestic Disorder)တွေနဲ့ မှားပြီးနားလည်နိုင်တယ်။ ထားပါတော့။ အယ်လ်ဇိုင်းမား ငယ်မူပြန်မှတ်ဉာဏ် လျော့နည်းရောဂါ ဖြစ်ပွားစလက္ခဏာတွေကို ဆက်ပြောမယ်။ အမေရိကန်နိုင်ငံ အယ်လ်ဇိုင်းမားရောဂါအဖွဲ့က အယ်လ်ဇိုင်းမားရောဂါ အစဦးလက္ခဏာ (၁၀) မျိုး တွေ့ရှိရတယ်လို့ ဖော်ပြထားတယ်။

(၁) မှတ်ဉာဏ်လျော့နည်းခြင်း- ဖြစ်ပြီးစကိစ္စ ကလေးတွေကို ပြန်လည်စဉ်းစားလို့ မရဖြစ်လာတယ်။ ငယ်စဉ်ဘဝ အဖြစ်အပျက်တွေကို မှတ်မိနိုင်တယ်။ ဒါပေမဲ့ ဒီမနက် ဘာလုပ်ခဲ့သလဲဆိုတာကို ပြောမပြနိုင်ဘူး။ မေးမြန်းပြီးသား မေးခွန်းကို သတိမရလို့ ဒီမေးခွန်းကိုပဲ ထပ်ပြန်တလဲလဲ ပြန်ပြီးမေးမြန်းနေတတ်တယ်။ လုပ်ကိုင်စရာကိစ္စတွေကို မေ့တတ်လာလို့ မှတ်စုရေးမှတ်လာရတယ်။ ဘေးလူက သတိပေးလာရတယ်။ လူနာမည်၊ ပစ္စည်းနာမည်တွေကို အစရှာမရ ဖြစ်တတ်တယ်။

(၂) စကားပြောမှားခြင်း – စကားပြောနေစဉ် လမ်းခွတ်လတ်မှာ ရပ်သွားပြီး ဘာကိုဆက်ပြောရမယ်ဆိုတာ စဉ်းစားမရ ဖြစ်နေတတ်တယ်။ ဒါကြောင့် ပြောပြီးသားစကားကို အကြိမ်ကြိမ် ပြန်လည်ပြောနေတာ တွေ့ရှိရတယ်။ တစ်ခုခုပြောချင်ရင် စကားလုံး ဝေါဟာရရှာမရ ဖြစ်နေတတ်တယ်။ ဒါမှမဟုတ် ထူးထူးဆန်းဆန်း စကားလုံးကို အစားထိုးပြီး ပြောတတ်တယ်။

(၃) ပစ္စည်းအထားမှားခြင်း -သုံးစွဲနေကျပစ္စည်းကို သူ့နေရာနဲ့သူမထားဘဲ တွေ့ကရာနေရာမှာ ချထားတတ်တယ်။ ပြီးရင် ဘယ်နေရာမှာ ထားမိတယ်ဆိုတာကို မမှတ်မိတော့ဘူး။ ဒါကြောင့် ငါ့ပစ္စည်းတွေ ပျောက်ဆုံးနေတယ်။ ငါ့ပစ္စည်းတွေကို ခိုးယူနေကြတယ် စသဖြင့် စွပ်စွဲလာတတ်တယ်။

အခုပြောခဲ့တဲ့ ရောဂါလက္ခဏာသုံးမျိုးက မှတ်ဉာဏ်ချို့ယွင်းခြင်းနဲ့ သက်ဆိုင်ပါတယ်”

သူနာပြုမေစီက ကြားဖြတ်မေးပါတယ်။

“အသက်ကြီးလာရင် အဲဒီလို မေ့တတ်ကြတာပဲ မဟုတ်ဘူးလား”

“အသက်အရွယ်လိုက်ပြီး မေ့တတ်တာထက် ပိုပြီးဆိုးရွားပါတယ်။ အယ်လ်ဇိုင်းမားရောဂါကြောင့် တဖြည်းဖြည်း မှတ်ဉာဏ်ချို့ယွင်းလာလို့ နေ့စဉ်လုပ်ငန်းကိစ္စတွေမှာ ထိခိုက်လာပါတယ်။ ဘေးလူတွေက သိသာပါတယ်”

အသိဉာဏ်ယုတ်လျော့ကျဆင်းလို့ ဖြစ်ပွားလာတဲ့ အစဦးလက္ခဏာတွေလည်း တွေ့ရှိရတယ်။

“ရှင်းပြပါ ဒေါက်တာ”

“(၄) ကြိုတင်စီမံခန့်ခွဲနိုင်မှုနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်း ချို့ယွင်းခြင်း-နေ့စဉ်လုပ်ငန်းဆောင်တာတွေအတွက် ကြိုတင်ပြင်ဆင်နိုင်မှု လျော့နည်းလာတယ်။ စတင်ဆောင်ရွက်ရင်လည်း ပြီးပြတ်အောင် မလုပ်နိုင်ဘူး။ အာရုံစူးစိုက်နိုင်မှု ကျဆင်းလာတယ်။ ကိန်းဂဏန်းအတွက်အချက် မှားလာတယ်။ လုပ်ကိုင်နေကျ ရသုံးငွေစာရင်းဇယားကို မလုပ်နိုင်ဖြစ်လာမယ်။ ဥပမာ-လစဉ်ပေးစရာရှိတဲ့ ရေဖိုး၊ မီးဖိုးစားရင်းကို ဖြေရှင်းပေးဖို့ ယောင်ဝါးဝါးဖြစ်နေတတ်တယ်။

(၅) ပုံမှန်လုပ်ကိုင်ဆောင်ရွက်နေကျ ကိစ္စများတွင် အခက်အခဲရှိခြင်း- အိမ်မှုကိစ္စဆောင်ရွက်ခြင်း၊ ဈေးဝယ်သွားခြင်း၊ ဝါသနာလုပ်ငန်းတစ်ခုခု ဆောင်ရွက်ခြင်း၊ ပုံမှန်ရုံးလုပ်ငန်းကို ပြီးစီးအောင်ဆောင်ရွက်ခြင်း စတဲ့ နေ့စဉ်တာဝန်တွေကို ထမ်းဆောင်ရာမှာ အမှားမှားအယွင်းယွင်း ဖြစ်လာတာ တွေ့ရှိရမယ်။

(၆) အကဲဖြတ်နိုင်စွမ်းရည် ကျဆင်းခြင်း-နေ့စဉ်ကိစ္စတွေကို ဆောင်ရွက်ဖို့ အကဲဖြတ်ဆုံးဖြတ်နိုင်မှု (Judgement)ချို့ယွင်းခြင်း၊ မမှန်ကန်ခြင်းရှိမယ်။ ဥပမာ-ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး အကဲဖြတ် ဆုံးဖြတ်နိုင်မှုဆိုပါတော့။ မလိုအပ်တဲ့ပစ္စည်းကို တန်ဖိုးကြီးပေးပြီး ဝယ်မယ်။ ကိုယ်တတ်နိုင်တာထက်ပိုပြီး လက်လွတ်စပယ် လှူဒါန်းပေးကမ်းမယ်။ အသိဉာဏ်ယုတ်လျော့ကျဆင်းလက္ခဏာတွေကို ဂျိုးမှာ တွေ့ရှိလာရတယ်။ ဒါကြောင့် ငွေရေးကြေးရေးနဲ့ ပတ်သက်ရင် သူ့ဇနီးက လွှဲပြောင်းတာဝန်ယူနေရတယ်လို့ သိရတယ်။

(၇) အချိန်ကာလနဲ့ နေရာဒေသ သိရှိသတိထားနိုင်မှု ချို့ယွင်းခြင်း-နေ့စွဲရက်စွဲနဲ့ နေ့ညအချိန်ကို ဇဝေဇဝါဖြစ်လာတယ်။ ဥတုရာသီအပြောင်းအလဲကို မျက်ခြေပြတ်လာတယ်။ တစ်နေရာရာကို ရောက်သွားရင် ယောင်ဝါးဝါး ဖြစ်နေတတ်တယ်။ ဘယ်နေရာကို ရောက်ရှိနေသလဲဆိုတာ မခန့်မှန်းနိုင်ရှိမယ်။ အဲဒီနေရာကို ဘယ်လိုရောက်လာသလဲဆိုတာ မခန့်မှန်းနိုင်ရှိမယ်။ အဲဒီနေရာကို ဘယ်လိုရောက်လာသလဲဆိုတာကိုလည်း ပြန်လည်မစဉ်းစားနိုင်ဖြစ်မယ်။ ဂျိုးရဲ့ ဇနီးကပြောပါတယ်။ ရပ်ကွက်ထဲက ကုန်စုံဆိုင်မှာ ငှက်ပျောသီးသွားဝယ်တာ၊ အပြန်ကျတော့ ဂျိုးက လမ်းပျောက်နေတာ ဖြစ်ဖူးတယ်တဲ့”

(၈) တချို့လူနာတွေမှာ အမြင်အာရုံ ချို့ယွင်းလာတတ်တယ်။

“မျက်စိမှုန်လာတာကို ပြောတာလား ဒေါက်တာ”

“မဟုတ်ပါဘူး။ မြင်တွေ့ရတဲ့ အရာဝတ္ထုကို အဓိပ္ပာယ်ကောက်ယူနိုင်မှု ချို့ယွင်းလာတာပါ။ ဒါကြောင့် စာဖတ်ဖို့ခက်ခဲလာတယ်။ စကားလုံးရဲ့ အဓိပ္ပာယ်ကို မသိသလိုဖြစ်လာတယ်။ ပစ္စည်းတစ်ခုနဲ့တစ်ခု အကွာအဝေးကို ခန့်မှန်းနိုင်တာ အခက်အခဲရှိလာတယ်။ အရောင်အနုအရင့်ကို ခွဲခြားနိုင်တာ ချို့ယွင်းလာတယ်။

(၉) နေ့စဉ်နေထိုင်မှုပုံစံ ပြောင်းလဲလာခြင်း-အပေါင်းအသင်းကို ရှောင်ကြဉ်ခြင်း၊ နေ့စဉ်လှုပ်ရှားလုပ်ကိုင်မှု လျော့နည်းလာခြင်း၊ ဝါသနာလုပ်ငန်းတွေမှာ စိတ်ပါဝင်စားမှုမရှိခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေးကို လျစ်လျူရှုခြင်း စတဲ့ အပြုအမူပြောင်းလဲမှုတွေကို တွေ့ရှိရမယ်။ ဒါကြောင့် စိတ်ကျရောဂါနဲ့ မှားနိုင်တယ်။

(၁၀) စိတ်ခံစားမှုနဲ့ ကိုယ်ရည်ကိုယ်သွေး အပြုအမူပြောင်းလဲလာတာလည်း တွေ့ရှိနိုင်တယ်။ လူနာရဲ့ ပုံမှန်ကိုယ်ကျင့်တရားနဲ့ မအပ်စပ်တဲ့ အပြုအမူတွေ ပေါ်ပေါက်လာတတ်တယ်။ စိတ်ညစ်လွယ်၊ စိုးရိမ်ပူပင်လွယ်၊ ဒေါသထွက်လွယ်၊ သံသယစိတ်လွန်ကဲလွယ် စတဲ့ စိတ်ဓာတ်အပြောင်းလဲတွေကိုလည်း တွေ့ရှိနိုင်ပါတယ်။

သူနာပြုမေစီက “အယ်လ်ဇိုင်းမားငယ်မူပြန် မှတ်ဉာဏ်လျော့နည်းရောဂါ-ရောဂါသက်ရင့်လာရင် ဘယ်လိုလက္ခဏာတွေ တွေ့ရှိရမလဲ”လို့ မေးမြန်းတယ်။

“ရောဂါအလယ်အလတ် ပြင်းထန်လာရင် မှတ်ဉာဏ်ချို့ယွင်းတာ ပိုမိုဆိုးရွားလာတယ်။ မိတ်ဆွေရင်းချာတွေကို မမှတ်မိဘူး။ မိသားစုဝင် အိမ်သားတွေကို ဘယ်သူဘယ်ဝါ ခွဲခြားမသိနိုင် ဖြစ်လာမယ်။ ကယောင်ကတမ်း (Delirious) ဖြစ်ပြီး အိမ်ကထွက်ပြေးသွားတတ်တယ်။ လမ်းပျောက်နေမယ်၊ တစ်ခုခုကို ထပ်တလဲလဲ အကြိမ်ကြိမ်ပြုလုပ်နေမယ်။ စိတ်အပြောင်းအလဲ အလွန်မြန်မယ်။ မိသားစုဝင်တွေကို မယုံသင်္ကာ စိတ်များလာမယ်။ သံသယစိတ်လွန်ကဲခြင်း၊ လှုံ့ဆော်မှုမဲ့အာရုံမှားမြင်ခြင်း၊ အကြောင်းမဲ့နားထဲမှာ စကားပြောသံကြားခြင်း စတဲ့ စိတ္တဇရောဂါလက္ခဏာတွေလည်း ပေါ်ပေါက်လာမယ်။ ရောဂါပိုပြီး ဆိုးရွားလာရင်တော့ စကားကောင်းကောင်း မပြောနိုင်တော့ဘူး။ အတိတ်က အဖြစ်အပျက်တွေကိုလည်း မမှတ်မိဘူး။ ဖြစ်ပြီးစကိစ္စလေးတွေကိုလည်း မသိတော့ဘူး။ အစားအစာဝါးစားဖို့၊ မျိုချဖို့ ခက်ခဲလာမယ်”

မေစီက မကြားတကြားညည်းတွားပါတယ်။

“ဂျိုးအတွက် ကျွန်မ စိတ်မကောင်းပါဘူး”

နောက်တစ်ပတ် ဆက်လက်ဖတ်ရှုပါရန်

Most Popular

Healthy Life Ad
To Top