Healthy Life Ad
Q & A

အအေးနာ (Cold Sore)

ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

Q. အအေးနာဆိုတာ ဘာလဲဆရာ။

A. အအေးနာဆိုတာ နှုတ်ခမ်းနဲ့ ပါးစပ်တစ်ဝိုက် အရည်ကြည်ဖုလေးတွေ ဖြစ်တာပါ။

Q. အအေးနာက ဘာကြောင့်ဖြစ်ရပါသလဲ ဆရာမ။

A. Cold Sore က ရေယုန်ဖြစ်တဲ့ ဗိုင်းရပ်စ်ကြောင့် ဖြစ်တတ်တာ၊ (HSV-1) HSV Strain (HSV-2) တို့ကြောင့် ဖြစ်တတ်ပါတယ်။ အရည်ကြည်ဖုလေးတွေထဲက အရည်ထဲမှာ Herpes virus ပိုးတွေ ရှိနေတတ်တယ်။

Q. ဘယ်နေရာတွေမှာ တွေ့တတ်ပါသလဲ ဆရာမ။

A. အအေးနာဖြစ်တတ်တဲ့ နေရာတွေက နှာခေါင်းနဲ့ နှုတ်ခမ်းနားမှာပါ။

Q. အအေးနာရဲ ့လက္ခဏာတွေက ဘာတွေပါလဲ ဆရာမ။

A. အအေးနာရဲ့အောက်ခံအရေပြားက နီနေတတ်ပါတယ်။ အဖျားရည်ကြည်ဖု “fever blisters” လို့လည်း ခေါ်ပါတယ်။ တော်တော်နာပြီး၊ နည်းနည်းယားတတ်တယ်။ အနာကျက်ကာနီးမှာ ခြောက်သွေ့နေတတ်ပြီး အကြေးခွံလေးဖြစ်တတ်တယ်။ မကြာမကြာ ပြန်ဖြစ်တတ်တယ်။ မဖြစ်ခင် ယားသလို၊ ကျင်သလို တမျိုးမျိုးခံစားရပြီးမှ ဖြစ်လာတတ်ပါတယ်။

Q. အအေးနာက ကူးစက်တတ်ပါသလား ဆရာမ။

A. ကူးစက်တတ်ပါတယ်။ ကလေးငယ်လေးတွေကို ချစ်လို့ မိသားစုဝင်တွေက အကြင်နာပေး၊ နမ်းရင် ကူးစက်ရင်းဖြစ်တတ်ပါတယ်။ ပန်းကန်၊ မျက်နှာသုတ်ပဝါ အတူသုံးရင် ကူးတယ်။ အနာဖြစ်နေတဲ့

“ကလေးငယ်လေးတွေကို ချစ်လို့ မိသားစုဝင်တွေက အကြင်နာပေး၊ နမ်းရင် ကူးစက်ရင်း ဖြစ်တတ်တယ်။ ပန်းကန်၊ မျက်နှာသုတ်ပဝါ အတူသုံးရင်ကူးတယ်။ အနာဖြစ်နေတဲ့အချိန်မှာ အကူးနိုင်ဆုံးပဲ။ လက်သေသေချာချာ ဆေးဖို့လိုပါတယ်။”

အချိန်မှာ အကူးနိုင်ဆုံးပဲ။ လက်သေသေချာချာဆေးဖို့ လိုပါတယ်။

Q. အအေးနာက ကူးပြီး ဘယ်လောက်ကြာရင် ဖြစ်တတ်ပါသလဲ ဆရာမ။

A. ပထမတစ်ခါစကူးပြီး နှစ်ရက်ကနေ ရက်၂၀ လောက်မှာ စဖြစ်တတ်တယ်။ သိပ်မနာတတ်ပါဘူး။

Q. အအေးနာကို ဘယ်လိုကုသရမလဲ ဆရာမ။

A. ဗိုင်းရပ်စ်ကုဆေးလိမ်းရမယ်။ ထူးခြားတာက ဗိုင်းရပ်စ်ကုလိမ်းဆေးက တစ်နေ့ငါးခါလောက် လိမ်းရပါတယ်။ သောက်ရမယ်။ စားဆေးက အနာပိုပြင်းထန်ရင် အလွန်အသုံးဝင်တယ်။ အကိုက်အခဲ သက်သာစေမယ့် ဆေးတွေလည်း သောက်ရပါတယ်။

Q. အအေးနာက ဘယ်လောက်ကြာ ဖြစ်တတ်ပါသလဲ ဆရာမ။

A. ပထမတစ်ခါစဖြစ်တဲ့ အအေးနာက နှစ်ပတ်၊ သုံးပတ်လောက်ကြာတတ်တယ်။ သူ့ဘာသာပျောက်တတ်တယ်။ အရည်ကြည်ဖုများရင် အနာကျက်ဖို့ ပိုကြာတတ်ပါတယ်။

Q. အအေးနာက ပြန်ဖြစ်တတ်ပါသလား ဆရာမ။

A. ဖြစ်ထားတဲ့ နေရာမှာပြန်ဖြစ်တတ်တယ်။ ပြန်ဖြစ်လာတဲ့ အအေးနာတွေက အနာကျက် ပိုမြန်တယ်။ ၇ ရက်ကနေ ၁၀ ရက်လောက်ပဲ ကြာတတ်ပါတယ်။

Q. အအေးနာ ဘာလို့ ပြန်ဖြစ်တတ်ပါသလဲ ဆရာမ။

A. ပထမတစ်ခါ ဖြစ်ဖူးသူတွေက ရာသက်ပန်ပိုးကို အာရုံကြောစနစ်ထဲမှာ ခိုနေလေ့ရှိတယ်။ ရောဂါလည်း မတွေ ့တော့ဘူး။ ဗိုင်းရပ်စ်က ခန္ဓာကိုယ်ထဲမှာ နေနေတတ်ပြီး အခြေအနေတစ်ခုခုမှာ အခွင့်အရေးရရင် ပိုးတွေ အရေပြားကို ပြန်ရောက်လာပြီး ပြန်ဖြစ်တတ်ပါတယ်။

Q. အအေးနာ ပြန်ဖြစ်တတ်တဲ့ အခြေအနေတွေ ပြောပြပါ ဆရာမ။

A. ဖျားတဲ့အခါ၊ အအေးမိတဲ့အခါ၊ ရာသီပြင်းထန်တဲ့ ပူလွန်း၊ အေးလွန်းတဲ့အခါ၊ ပင်ပန်းတဲ့အခါ၊ စိတ်သောကများတဲ့အခါ၊ နေရောင်ဒဏ်ခံရတဲ့အခါ။ ထိခိုက်ဒဏ်ရာရတဲ့အခါ။ ရာသီသွေးဆင်းတဲ့အခါ၊ ကိုယ်ခံစွမ်းအားကျတဲ့အခါ ပြန်ဖြစ်တတ်ပါတယ်။

Q. အအေးနာရှိရင် ဘယ်လိုဂရုစိုက်ရမလဲ ဆရာမ။

A. အနာနေရာကို ထိတာ၊ ကုတ်တာ မလုပ်သင့်ပါ။ လက်သည်းတိုတို ညှပ်ထားရမယ်။

• ဆေးလိမ်းရင်တောင် ပွတ်မလိမ်းဘဲ နှံ့အောင်ဖြန့်သင့်ပါတယ်။ ပွတ်တိုက်ပွန်းပဲ့ရင် အမာရွတ်ပိုနက်တတ်ပြီး ဗိုင်းရပ်စ်ပိုပြန့်လွယ်ပါတယ်။

• အနာကိုကိုင်ပြီးရင် လက်သေသေချာချာ ဆေးရပါမယ်။

• နေရောင်ခြည်ကို တတ်နိုင်သမျှ ရှောင်ရပါမယ်။

• နှုတ်ခမ်းဆိုးဆေးကို တခြားသူတွေနဲ့ အတူတူမသုံးဘဲ သီးသန့်သုံးသင့်တယ်။ မသန့်ရှင်းတဲ့ နှုတ်ခမ်းဆိုးဆေးတွေ မသုံးသင့်ပါဘူး။

• နာရင် အနာသက်သာမယ့် ဆေးသောက်ရပါမယ်။

• နှုတ်ခမ်းခြောက်သွေ့ရင် အဆီတစ်ခုခု လိမ်းပေးရမယ်။

• မျက်လုံးနဲ့နီးရင် သတိထားရမယ်။ မျက်ကပ်မှန်သုံးသူတွေ ပိုသတိထားရပါမယ်။

• နေပူရှောင်ရမယ်။ နေရောင်ကို တတ်နိုင်သမျှကာ ကွယ်ရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top