Healthy Life Ad
Q & A

လည်ချောင်းနာတဲ့အချိန်မှာ ပဋိဇီဝပိုးသတ်ဆေးပါတဲ့ ငုံဆေးငုံမယ်ဆိုရင် …..

—–၊ ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ၊—–

Q. လည်ချောင်းနာချိန်မှာ ပဋိဇီဝပိုးသတ်ဆေးပါတဲ့ ငုံဆေးတွေငုံရင် ဘာတွေကို သတိထားသင့်ပါသလဲ ဆရာ။

A. လည်ချောင်းနာတာက ဗိုင်းရပ်စ်ကြောင့်ဖြစ်ရင် ကိုယ်ခံအားစနစ်က ပြန်တိုက်ပါတယ်။ အေးရင်၊ လည်ချောင်းခြောက်ရင် ပိုးဝင်လွယ်တဲ့အတွက် စိုထိုင်းထိုင်းနဲ့ နွေးအောင် ရေနွေးသောက်ခိုင်းပါတယ်။ လည်ချောင်းနာတဲ့သူတစ်ယောက်က တစ်ဖက်က ပဋိဇီဝပိုးသတ်ဆေးသောက်နေပေမယ့် ရေခဲရေဆက်သောက်နေရင် တော်တော်နဲ့ လည်ချောင်းနာတာ မပျောက်ပါဘူး။ ဒါကြောင့် ဆရာတို့က နွေးအောင်၊ စိုထိုင်းအောင်ထားခိုင်းပြီး ငုံဆေးတွေငုံလိုက်ရင် ခန္ဓာကိုယ်ကလည်း ဒီပိုးတွေကို တိုက်ခိုက်မယ်၊ အပြင်ကလည်း ပိုးတွေဝင်ဖို့ ခက်ခဲမယ်ဆိုရင် ဒီပိုးတွေမြန်မြန်သေမယ်၊ လည်ချောင်းနာတာ သက်သာသွားမယ်။ ငုံဆေးငုံတဲ့အခါမှာ ပဋိဇီဝပိုးသတ်ဆေးပါတဲ့ ငုံဆေးငုံမယ်ဆိုရင်တော့ သတိထားဖို့ လိုပါတယ်။ ပိုးသတ်ဆေးမပါတဲ့ ငုံဆေးဆိုရင်တော့ ကိုယ်အဆင်ပြေသလို နာရင်နာသလို ငုံလို့ရတယ်။ ဒါက အရေးမကြီးပါဘူး။ ဒါပေမဲ့ ပိုးသတ်ဆေးပါတဲ့ ငုံဆေးတွေကို ငုံတဲ့အခါ အချိန်မှန်မှန် မငုံဘူးဆိုရင် ဒီထဲမှာပါတဲ့ဆေးကို ယဉ်ပါးတဲ့ပိုးတွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် ပိုးသတ်ဆေးပါတဲ့ ငုံဆေးကိုငုံမယ်ဆိုရင် အချိန်မှန်မှန်နဲ့ ရက်အတိအကျငုံဖို့ လိုပါတယ်။

Most Popular

Healthy Life Ad
To Top