Healthy Life Ad
Health Tips

လည်ချောင်းနာခြင်းအတွက် ဆောင်ရန်၊ ရှောင်ရန်များ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)
ဆောင်ရန်များ

ရေသောက်တာ၊ ကြက်စွပ်ပြုတ်သောက်တာ၊ ဖရဲသီးဖျော်ရည်သောက်တာတို့ လုပ်ဆောင်ပါ။ ဒီလို သောက်သုံးတာကြောင့် လည်ချောင်းနာတာ သက်သာပြီး ရေဓာတ်ပြည့်ဝစေပါတယ်။

အနားယူပါ။ အနားယူတာက လည်ချောင်းနာတဲ့ ဝေဒနာကို အမြန်ဆုံး သက်သာစေပါတယ်။ နာမကျန်းဖြစ်လေလေ၊ သင့်ခန္ဓာကိုယ်အလုပ်လုပ်တာ နည်းလေလေဖြစ်မှ မြန်မြန်သက်သာလာစေမှာပါ။

ကြက်စွပ်ပြုတ်၊ ရေနွေးနဲ့ ရေနွေးကြမ်းစတဲ့ အရည်နွေးနွေးတွေကိုငုံပြီး သောက်တာကြောင့် လည်ချောင်းနာတာ သက်သာစေပြီး ချွဲမြန်မြန်ပျော်စေပါတယ်။

အိမ်ထဲ၊ အခန်းထဲမှာ အစိုဓာတ်ကောင်းနေစေဖို့ စိုထိုင်းဆထိန်းတဲ့ စက်တပ်ဆင်ပါ။ ဒါဆိုရင် လည်ချောင်းနာတာ သက်သာလျော့ပါးစေပါတယ်။

စကားများများမပြောပါနဲ့။ အသံကို အနားပေးပါ။ ဒီလို စကားများများပြောတာကြောင့် လည်ချောင်း ပူစပ်ပူလောင်ဖြစ်တာကို ပိုဆိုးစေပါတယ်။

သင်နဲ့ သင့်ပတ်ဝန်းကျင်သန့်ရှင်းအောင် ထားပါ၊ လက်ဆေးပါ၊ အခန်းအိမ်ကို ပုံမှန်သန့်ရှင်းရေး လုပ်ဆောင်ပါ။ချက်ထားတဲ့ ကွေကာ၊ အာလူးပြုတ်၊ ဒိန်ချဉ်၊ ပျော့ပျော့လေးချက်ထားတဲ့ ကြက်ဥစတာတွေလို အစာပျော့ပျော့ကို စားပေးပါ။

ရှောင်ရန်များ

ကော်ဖီနဲ့ တခြားကဖင်းဓာတ်ပါတဲ့ အရည်တွေ ရှောင်ရင် ရေဓာတ်ခမ်းခြောက်တာကို သက်သာစေပါတယ်။ဆေးလိပ်သောက်တာနဲ့ ညစ်ညမ်းတဲ့ လေထုရှူရှိုက်တာကို ရှောင်ပါ။ ဆေးလိပ်နဲ့ ညစ်ညမ်းတဲ့ လေထုက လည်ချောင်းထဲမှာ ပူစပ်ပူလောင်ဖြစ်စေပါတယ်။သကြားများများပါတဲ့ အစာတွေကို စားတာ ရှောင်ပါ။ကြမ်းတမ်းတဲ့ အထိအတွေ့ရှိတဲ့ အစာတွေကို ရှောင်ပါ။ မျိုချရလွယ်တဲ့ အစာကို ရွေးစားပါ။လိမ္မော်သီး၊ ခရမ်းချဉ်သီးလို အက်စစ်ဓာတ်များတဲ့ အစာကို ရှောင်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top