Healthy Life Ad
Health Tips

စမတ်ဖုန်း၊ တက်ဘလက် အသုံးများခြင်းကြောင့် လည်ပင်းကြွက်သား ဒဏ်ဖြစ်နိုင်ခြေ သုံးဆပိုများ

———၊ ကိုထက် ၊———

တက်ဘလက်၊ iPad နဲ့ စမတ်ဖုန်းတွေသုံးတာက ကွန်ပျူတာသုံးတာထက် လည်ပင်းကြွက်သားမှာ ဒဏ်သက်ရောက်နိုင်ခြေ သုံးဆပိုများကြောင်း လေ့လာမှုအသစ်တစ်ခုအရ တွေ့ရှိရပါတယ်။ ဒါ့အပြင် ခါးနောက်ကျောနာကျင်မှုနဲ့ တခြားကျန်းမာရေး ပြဿနာတွေလည်း ဖြစ်နိုင်ခြေများကြောင်း ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။ ဦးခေါင်းကို ၆၀ ဒီဂရီစောင်းပြီး ဖုန်းစကရင်ကြည့်တာကြောင့် ပခုံးအထက်ရှိ ကျောရိုးတစ်စိတ်တစ်ပိုင်းမှာ ပေါင် ၆၀ ခန့် ဖိအားသက်ရောက်မှု ဖြစ်စေနိုင်ကြောင်း အရင်လေ့လာမှုအရ တွေ့ရှိရပါတယ်။

“ဖုန်း၊ တက်ဘလက်ကို သုံးတဲ့အခါ ဦးခေါင်းနဲ့ လည်ပင်းကို သိသိသာသာ ကွေးညွတ်ပြီး ငုံ့ရတယ်။ အဲဒါကြောင့် အသုံးပြုသူတွေမှာ လည်ပင်းထိခိုက်မှု ဖြစ်ရတာပါ”လို့ ကိုယ်ဟန်အနေအထားဆိုင်ရာ ဂျာနယ်လေ့လာမှုအသစ်မှာ ဖော်ပြထားပါတယ်။

ဦးခေါင်း/လည်ပင်းကွေးခြင်းနဲ့ နာကျင်ကိုက်ခဲမှုအကြား ဆက်နွှယ်မှုရှိကြောင်း အရင်လေ့လာမှုအရ သိရပြီးဖြစ်ပါတယ်။

ဖုန်း၊ တက်ဘလက် ပုံမှန်အသုံးပြုတဲ့ တက္ကသိုလ်ကျောင်းသား ၃၃ ဦးအား ဝါရှင်တန်တက္ကသိုလ် လေ့လာသူတို့က အသုံးပြုသူတွေရဲ့လည်ပင်းနဲ့ ဦးခေါင်းအနေအထားကို စမ်းသပ်လေ့လာခဲ့ရာ ဖုန်း၊ တက်ဘလက်သုံးသူတွေက ပုံမှန်အနေအထားနဲ့ နေထိုင်သူတွေထက် လည်ပင်းကြွက်သားပေါ်သို့ သက်ရောက်မှု ၃-၅ ဆ ပိုများကြောင်း တွေ့ရှိခဲ့ရပါတယ်။

လည်ပင်းပေါ်မှာ ဖိအားမြင့်မားတာကြောင့် ခေါင်းကိုက်ဝေဒနာ အများစုဖြစ်တတ်ပြီး အနေအထား မမှန်တဲ့အခါ ခေါင်းကိုက်ဝေဒနာ ပိုဆိုးတတ်ကြောင်း စစ်တမ်းတစ်ခုအရ သိရပါတယ်။

(Ref;DM)

Most Popular

Healthy Life Ad
To Top