Healthy Life Ad
Health Tips

လည်ပင်းတောင့်တင်း နာကျင်ကိုက်ခဲမှုဝေဒနာ ပြေပျောက်စေမည့် ငါးမိနစ်လေ့ကျင့်ခန်း

———၊ လရိပ်မေ ၊———

အလုပ်လုပ်တဲ့အခါ ကွန်ပျူတာရှေ ့ တစ်ချိန်လုံးထိုင်ရတာ၊ အိမ်မှာတီဗီကို အကြာကြီးကြည့်တာ၊ ဖုန်းကိုအကြာကြီး သုံးတာတွေက လည်ပင်းကျန်းမာရေးကို အလွန်အမင်းထိခိုက်စေနိုင်ပါတယ်။ အလုပ်လုပ်တဲ့ လူ ၄၅ ရာခိုင်နှုန်းက သူတို့ဘဝမှာ အနည်းဆုံးတစ်ချိန်တစ်ခါတော့ လည်ပင်းတောင့်တင်းနာကျင်တဲ့ဝေဒနာ ခံစားရတတ်ပါတယ်။ ကံကောင်းစွာပဲ လည်ပင်းတောင့်တင်းနာကျင်တဲ့ဝေဒနာ အမြန်သက်သာစေမယ့် လေ့ကျင့်ခန်းရှိနေပါတယ်။ အချိန် ၅ မိနစ်ပေးပြီး နေ့တိုင်း ပြုလုပ်ပေးပါ။

alignnone size-medium wp-image-59950
အဆင့် (၁) လည်ပင်းကြွက်သားကို ဖြေလျှော့ပါ

မူလအနေအထား- ထိုင်ခုံတစ်လုံးပေါ်မှာ ကျောပြင်ကိုမတ်ပြီး သက်သောင့်သက်သာ အနေအထားနဲ့ထိုင်ပါ။

ဘယ်လိုလုပ်ဆောင်သင့်သလဲ

လက်နှစ်ဖက်ကို ဦးခေါင်းခွံရဲ့အခြေမှာ ထားပါ။ မေးစေ့ကို အောက်ငုံ့ပြီး ရင်ဘတ်ကိုထိပါ။ ဦးခေါင်းဖိအားကို လက်နဲ့ ညင်ညင်သာသာထိပေးပါ။ လည်ကုပ်အကြောပြေတဲ့အထိ လုပ်ပါ။

ကြာချိန်-စက္ကန့် ၃၀

alignnone size-medium wp-image-59951
အဆင့် (၂) ပခုံးလှုပ်ရှားမှုပိုကောင်းအောင် လုပ်ပါ

မူလအနေအထား- ထိုင်ခုံတစ်လုံး ဒါမှမဟုတ် ကြမ်းပြင်ပေါ်မှာ ကျောပြင်ကိုမတ်ပြီး သက်သောင့်သက်သာထိုင်ပါ။

ဘယ်လိုလုပ်ဆောင်သင့်သလဲ

ဘယ်ဘက်လက်ကို ဘယ်ဘက်နားရွက်ဆီကပ်ပြီး ဦးခေါင်းနောက်ကနေ ကျောပြင်ဆီကွေးပါ။ ညာဘက်လက်ကို အောက်ကျောပြင်ကနေယှက်ပြီး ဘက်လက်ဖဝါးတစ်ဖက်နဲ့ ထိတွေ့ပါ။ လက်မောင်းနဲ့ ရင်ဘတ် အကြောပြေတယ်လို့ ခံစားရပါစေ

ကြာချိန်-တစ်ဖက် စက္ကန့် ၃၀ နဲ့ ဘယ်ညာနှစ်ဖက်စလုံး လုပ်ပါ။

alignnone size-medium wp-image-59952
အဆင့် (၃) လည်ပင်းသွေးလှည့်ပတ်မှု ကောင်းစေရန် လေ့ကျင့်ပါ

မူလအနေအထား-ခန္ဓာကိုယ်ဘေးတစ်ဖက်စီ လက်မောင်းချထားကာ ခြေထောက်ကို ပခုံးအကျယ်အတိုင်းခွဲရပ်ပြီး ကျောပြင်မတ်ထားတဲ့ အနေအထားနဲ့ မတ်တပ်ရပ်ပါ။

ဘယ်လိုလုပ်ဆောင်သင့်သလဲ

လက်မောင်းတွေကို ဖြောင့်ဖြောင့်ထားပြီး ပခုံးကို နားရွက်ဆီ ဖြည်းဖြည်းချင်းဆွဲထိပါ။ ပြီးရင် ပခုံးကို ပြန်ဖြေလျှော့ပြီး ဒီလေ့ကျင့်ခန်းကို ထပ်ခါထပ်ခါ ပြုလုပ်ပေးပါ။

ကြာချိန်-စက္ကန့် ၃၀

alignnone size-medium wp-image-59953
အဆင့် (၄) လက်မောင်းကြွက်သား ဖြေလျှော့ပါ

မူလအနေအထား-နံရံကို ဘေးတိုက်အနေအထားနဲ့ မတ်မတ်ရပ်ပါ။

ဘယ်လိုလုပ်ဆောင်သင့်သလဲ

ဦးခေါင်းကို ဘယ်ဘက်ပခုံးဘက် လှည့်ပါ။ ဘက်ဘက်လက်မောင်းကို အပေါ်မြှောက်ပြီး လှည့်ပေးပါ။ ပြီးရင် နောက်ပစ်ကာ နံရံမှာကပ်ပါ။ ဘယ်ဘက်လက်မောင်းကို ဖြောင့်အောင်ထားပြီး ဦးခေါင်းက ရှေ့တည့်တည့်ကိုပဲ ကြည့်ပါ။ ဘယ်ဘက်ပခုံးနဲ့ ရင်ဘတ်ကြွက်သားတွေ ပြေလျော့တယ်လို့ ခံစားရတဲ့အထိ ရင်ဘတ်ကို ညင်ညင်သာသာ ဖွင့်ထားပေးပါ။

ကြာချိန်-တစ်ဖက်လျှင် စက္ကန့် ၃၀

alignnone size-medium wp-image-59954
အဆင့် (၅) မေးစေ့ပြေလျော့စေရန် လေ့ကျင့်ပါ

မူလအနေအထား-ထိုင်ခုံတစ်လုံး ဒါမှမဟုတ် ကြမ်းပြင်ပေါ်မှာ ကျောပြင်နဲ့ ပခုံးကို မတ်ထားတဲ့အနေအထားနဲ့ ထိုင်ပါ။ ဦးခေါင်းကို အဖြောင့်အတိုင်းနေပါ။

ဘယ်လိုလုပ်ဆောင်သင့်သလဲ

လက်နှစ်ချောင်းကို မေးစေ့ပေါ်တင်ပြီး ရှေ့ကိုနည်းနည်းထုတ်ပါ။ အဲဒီအနေအထားနဲ့ မေးစေ့ကို တွန်းထုတ်သလိုမျိုး နောက်ကို ညင်ညင်သာသာဖိပါ။ မေးစေ့နှစ်ထပ်ဖြစ်တဲ့အထိ လုပ်ပေးပါ။

ကြာချိန်-စက္ကန့် ၃၀

alignnone size-medium wp-image-59955
အဆင့် (၆) ကြွက်သားတောင့်တင်းမှု ပြေလျော့စေရန် လေ့ကျင့်ပါ

မူလအနေအထား-ကျောပြင်ကိုမတ်ပြီး သက်သောင့်သက်သာအနေအထားနဲ့ ထိုင်ပါ။

ဘယ်လိုလုပ်ဆောင်သင့်သလဲ

လက်နှစ်ဖက်ကို အပေါ်မြှောက်ကာ တံတောင်ဆစ်တွေကို ကွေးပါ။ လက်ဖဝါးနှစ်ဖက်ကို ဦးခေါင်းအထက်မှာ ထိတွေ့ပါ။ မေးရိုးက ကြမ်းပြင်နဲ့ အပြိုင်ဖြစ်ပြီး ဘယ်ဘက်ကို ဦးခေါင်းလှည့်ပေးပါ။ စက္ကန့်အနည်းငယ်ကြာထားပြီးမှ ဦးခေါင်းကို ညာဘက်သို့ ဖြည်းဖြည်းချင်းလှည့်ပေးပါ။ အနေအထားတစ်ခုမှာ နှစ်စက္ကန့်လောက်ထားပြီးမှ ဦးခေါင်းကို လှည့်ပေးရပါမယ်။

ကြာချိန်-စက္ကန့် ၃၀

alignnone size-medium wp-image-59956
အဆင့် (၇) ပခုံးသန်စွမ်းစေရန် လေ့ကျင့်ပါ

မူလအနေအထား-ကြမ်းပြင်ပေါ်မှာ ပခုံးအကျယ်အတိုင်း ခြေထောက်ကိုချဲရပ်ပါ။

alignnone size-medium wp-image-59957
ဘယ်လိုလုပ်ဆောင်သင့်သလဲ

လက်နှစ်ဖက်ကို ဦးခေါင်းအပေါ်မြှင့်ပြီး လက်တံတောင်ကို ဖြောင့်ထားကာ လက်ဖဝါးတွေကို အပေါ်မှာထိတွေ့ပါ။ လက်မောင်းနှစ်ဖက်ကိုပြန်ချပြီး ခါးဆီသို့ကွေးပါ။ လည်ကုပ်တဝိုက်ကြွက်သားတွေ ဆွဲဆန့်သွားရပါမယ်။ နှစ်စက္ကန့်လောက်ကြာမှ လက်မောင်းတွေကို အပေါ်သို့ ထပ်မြှင့်ပေးပါ။

ကြာချိန်-တစ်မိနစ်

သတိပေးချက်။ ။ ဒီလေ့ကျင့်ခန်းအားလုံးကို ဖြည်းဖြည်းချင်းလုပ်ဆောင်ပါ။ နာကျင်မှုက ပိုဆိုးလာရင် ချက်ချင်းရပ်ပြီး ဆရာဝန်နဲ့ပြပါ။

Most Popular

Healthy Life Ad
To Top