Healthy Life Ad
Health Tips

အကျိုးပြုဘက်တီးရီးယား၏ ကောင်းကျိုးအဖြာဖြာ

၊ မီမိုးမေ ၊ (ဆေးဝါးတက္ကသိုလ်)

အကျိုးပြုဘက်တီးရီးယားဆိုတာ အကျိုးပြုစွမ်းရည်တွေရှိတဲ့ Microorganism တစ်မျိုးဖြစ်ပါတယ်။အစာခြေစနစ်ဟာ ဘက်တီးရီးယား အမျိုးပေါင်း ၅၀ဝ ကျော်ရဲ့ နေအိမ်ဖြစ်ပါတယ်။ အကျိုးပြုဘက်တီးရီးယားတွေက မကောင်းတဲ့ ဘက်တီးရီးယားတွေကို တွန်းလှန်ပေးတဲ့အတွက် ကောင်းတဲ့ ဘက်တီးရီးယားတွေဟန်ချက်ညီမျှဖို့လိုအပ်ပါတယ်။ အကျိုးပြု ဘက်တီးရီးယားဟာ အူလမ်းကြောင်း လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပြီး အူအမြှေးပါးတွေကို သန်စွမ်းတင်းရင်းစေပါတယ်။

အကျိုးပြုဘက်တီးရီးယား ပါဝင်မှုများတဲ့ အစားအသောက်တွေက ဒိန်ချဉ်၊ အချဉ်တည်ထားတဲ့ အရွက်တွေ၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကညွတ်၊ ကြက်သွန်ဖြူ၊ ဘယ်ရီသီး၊ ငှက်ပျောသီး၊ ပဲနီလေး၊ ကုလားပဲ၊ ပဲနီစေ့ စတာတွေဖြစ်ကြပါတယ်။

အကျိုးပြုဘက်တီးရီးယားရယူခြင်း၏ ကောင်းကျိုးများ

မိန်းမကိုယ်မှိုစွဲတာကို သက်သာစေပါတယ်။

ဘက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေပါတယ်။

ခရုမ်းရောဂါကို ကုသပေးပါတယ်။

ကိုယ်ခံစွမ်းအား လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပါတယ်။

ဓာတ်မတည့်မှုကို ကုသပေးပါတယ်။

ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေပါတယ်။

မကောင်းတဲ့ ကိုလက်စထရော အဆင့်ကို လျော့ကျစေပါတယ်။

ဦးနှောက်လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။

သွေးတိုးကို ကျစေပါတယ်။

ဝမ်းပျက်လိုက်၊ ဝမ်းလျှောလိုက် မကြာခဏ ဖြစ်တဲ့ အူရောင်ရမ်းမှု ဝေဒနာလက္ခဏာတွေကို သက်သာစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top